စက်ရုံတွင် နှစ်လသာ အလုပ်လုပ်ပြီးနောက်တွင် သူမသည် မန်နေဂျာအဖြစ် မည်သို့ ရာထူးတိုးမြှင့်ခြင်းခံရသနည်း စာရှအောင်ယွမ်း တရုတ်ပြည် တစ်နေ့တွင် ကျွန်မ သူဌေးက ကျွန်မအား စိတ်အားထက်သန်စွာဖြင့် “ ငါ့သားနဲ့ ယောက်ျားတို့နဲ့ ဆွေးနွေးခဲ့တယ်။ ငါတို့က နင့်ကို ငါတို့တခြားစက်ရုံမှာ မန်နေဂျာအနေနဲ့ ရာထူးတိုးပေးမလို့ ဆုံးဖြတ်လိုက်ပြီ။ ငါ့ကိုယုံစမ်းပါ။ နင်အဲဒီမှာ လစာပိုများမယ်လို့ ငါတို့ကတိပေးတယ်” ဟု ပြောလေသည်။ ကျွန်မက အလွန်အံ့အားသင့်ပြီး “ အစ်မကြီး၊ အစ်မကြီးက ကျွန်မကို အရမ်းယုံကြည်တဲ့အလျောက် ကျွန်မ တာဝန်ကို ကောင်းကောင်းနဲ့ တာဝန်သိသိ ထမ်းဆောင်ပါ့မယ်” ဟု စိတ်ရင်းအတိုင်း တုံ့ပြန်ခဲ့ပါသည်။ စက်ရုံတွင် နှစ်လတာ အလုပ်လုပ်ပြီးနောက်ပိုင်းတွင် ကျွန်မသည် သူဌေးထံမှ ကျေးဇူးတင်ရှိခြင်းနှင့် ရာထူးတိုးခြင်းကို ရရှိခဲ့ပြီး၊ စိတ်ခံစားချက်များဖြင့် ကျွန်မ စိတ်ရှုပ်ထွေးခဲ့ရသည်။ ထိုဇတ်လမ်းသည် ကျွန်မ စက်ရုံတွင် စတင်အလုပ်လုပ်သည့်အချိန်မှ စတင်ခဲ့ပါသည် … ကျွန်မသည် စက်ရုံတွင် စတင်အလုပ်လုပ်ပြီးနောက် ဝါရင့်အလုပ်သမားတစ်ယောက်၏ အနိုင်ကျင့်ခံခဲ့ရသည်
၂၀၁၄ ခုနှစ် နွေရာသီတွင် ကျွန်မသည် ဘေဂျင်းရှိ လမ်းတစ်ခုတွင် ပန်းထိုးစက်ရုံတစ်ခု၌ အလုပ်လုပ်ရန် သွားရောက်ခဲ့သည်။ ပထမ ၁၀ ရက်အတွင်း အရာအားလုံးက ချောမွေ့ခဲ့ပါသည်။ ဆယ့်တစ်ရက်မြောက်နေ့ နံနက်တွင် အနီးအနားရှိ ပန်းထိုးစက်ရုံတစ်ခုတွင် အလုပ်လုပ်သည့် စာရှအောင်ဟွား သည် ကျွန်မစက်ရုံသို့ အလုပ်လုပ်ရန် လာရောက်ခဲ့သည်။ သူမသည် အသက် ၃၀ အရွယ်ခန့် အမျိုးသမီးတစ်ယောက် ဖြစ်ပြီး၊ ဘေဂျင်းရှိ ပန်းထိုးစက်ရုံလုပ်ငန်းတွင် ပါဝင်လုပ်ကိုင်ခဲ့သည်မှာ ၇-၈ နှစ်ကြာပြီ ဖြစ်သည်။ သူမ၏ အဓိကစက်ရုံတွင် သူမ၏ လုပ်ဆောင်ချက်တာဝန်များကို ပြီးမြောက်ပြီးနောက်၊ သူမ၏ အဓိက စက်ရုံတွင် လုပ်ဆောင်ချက်တာဝန် အသစ်များ မရှိသေးမီအချိန်အထိ သူမသည် အခြားစက်ရုံများတွင် ခဏတာအလုပ်အချို့ကို လုပ်ဆောင်မည် ဖြစ်ပါသည်။ ထို့ကြောင့် ထိုလမ်းထဲတွင် သူမသည် အခြားသော ပန်းထိုးစက်ရုံများမှ အလုပ်သမားများအားလုံးနီးပါး သိရှိသူတစ်ယောက် ဖြစ်ပါသည်။ စာရှအောင်ဟွား စက်ရုံထဲသို့ ဝင်ရောက်လာသည်ကို မြင်ရင်ဖြင့်၊ အလုပ်သမား တစ်ဒါဇင်ကျော်က သူမကို ကောင်းသော နံနက်ခင်း ဟု နှုတ်ဆက်ကြပါသည်။ အချိန် အနည်းငယ် ကြာပြီးနောက် စာရှအောင်ဟွားသည် ခွေးခြေတစ်ခုနှင့် အဝတ်အစား ခြင်းတောင်းတစ်ခုကို ယူကာ၊ ကျွန်မအနီးတွင် ခွေးခြေကို ဗုန်းခနဲ ချလိုက်သည်။ ထို့နောက်တွင် သူမက အဝတ်အထည် အချို့ကို စတင်ချုပ်လုပ်ခဲ့သော်လည်း သူမ၏ ဘယ်ဖက်လက်မောင်းသည် ကျွန်မ၏ ညာဖက်လက်မောင်းနှင့် ပွတ်သပ်လုနီး ဖြစ်နေသောကြောင့် ကျွန်မ၏ အပ်ချည်ကို ကောင်းမွန်စွာ ဆွဲနိုင်ခြင်း မရှိပါ။ သူမ၏ ရိုင်းစိုင်းသည့် အမူအကျင့်ကို မြင်ရင်းဖြင့်၊ ကျွန်မသည် အလွန် စိတ်ညစ်ညူးပြီး၊ မိမိဘာသာ “ နင်က အရမ်းကို ယုတ္တိမရှိဖြစ်နေပြီ။ ဒီထိုင်ခုံတွေက ချည်ကြိုးတွေကို ကောင်းကောင်းမွန်မွန် ဆွဲလို့ရအောင် ထားတာ။ နင်က ဒါကို သိရက်သားနဲ့၊ ငါနဲ့ နီးအောင် ထိုင်တယ်။ နင်က ငါ့အလုပ်ကို နှောင့်နှေးအောင် လုပ်ပြီးတော့၊ ငါ့က လူသစ်မို့လို့ ငါ့ကို အနိုင်ကျင့်နေတယ်ဆိုတာ သိသာလိုက်တာ” ဟု တွေးမိသည်။ သို့သော်လည်း ကျွန်မသည် ဘုရားသခင်ကို ယုံကြည်သူတစ်ယောက် အနေဖြင့် ခရစ်ယာန်တစ်ယောက်၏ ပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင် သင့်ကြောင်းနှင့် အခြားသူများနှင့် ငြင်းခုံခြင်းကို ရှောင်သင့်ကြောင်းကို နားလည်သဘောပေါက်ခဲ့သည်။ ထို့ကြောင့် ကျွန်မက ခွေးခြေကို အနောက်သို့ ဆုတ်လိုက်ပြီး၊ ချည်ကြိုးဆွဲရန် ဘေးတိုက်ထိုင်လိုက်သည်။ ယခုကျွန်မက သူ့ကို သည်းခံခဲ့သည့်နောက်တွင်၊ သူမသည် ကျွန်မကို လုံးဝ စိတ်ရှုပ်အောင် လုပ်တော့မည် မဟုတ်ဟု တွေးမိခဲ့ပါသည်။ သို့သော်လည်း၊ ကျွန်မထိုင်လိုက်ပြီး၊ အလုပ်ဆက်လုပ်သည့် အခိုက်အတန့်တွင်ပင်၊ သူမက ကျွန်မအပေါ်မှ မီးကို ပိတ်လိုက်သည်။ မီးမရှိသောကြောင့် ကျွန်မ အလုပ်မလုပ်နိုင်ပါ။ ထိုအချိန်တွင် ကျွန်မက ဒေါသအပြည့်ဖြင့် “ ဒါမတရားဘူး” ဟု တွေးလိုက်သည်။ သို့သော်လည်း ကျွန်မ ဒေါသထွက်မည့်အရေးကို ထိန်းလိုက်ပြီး၊ “ နင့်လောက် ငယ်တဲ့အချိန်တုန်းက မီးမရှိတဲ့အချိန်လည်း ငါက ရှင်းရှင်းလင်းလင်းမြင်နိုင်တယ်။ အခုတော့ ငါ့မှာ အသက်ကြီးပြီ၊ ဒါ့ကြောင့် နင်မီးပိတ်လိုက်ရင်၊ ငါအလုပ်လုပ်လို့မရဘူး” ဟု အတင်းပြုံးရင်း ပြောလိုက်သည်။ ထိုသို့ပြောနေစဉ်၊ ကျွန်မက မီးထဖွင့်လိုက်သော်လည်း၊ သူမက ချက်ခြင်း ပြန်ပိတ်လိုက်ပြီး “ နေ့ခင်းကြောင်တောင်ကြီး ဘယ်သူကများ မီးလိုမှာလဲ။ မီးပိတ်ထားတာက ပိုကောင်းတယ်” ဟု လေသံကြမ်းကြမ်းဖြင့် ပြောလိုက်သောကြောင့် ကျွန်မမှာ အံ့အားသင့်ခဲ့ရပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်က ကျွန်မ၏ ဒေါသကို ကူညီဖယ်ရှားပေးခဲ့သည် သူမ၏ အမူအကျင့်က ကျွန်မကို စိတ်ရှုပ်ထွေးစေခဲ့သည်။ ကျွန်မက “ ငါဟာ ဘုရားသခင်ကို ယုံကြည်သူဖြစ်တာကြောင့်၊ နင့်ကို နှစ်ကြိမ်တိုင်အောင် သည်းခံခဲ့ပြီးပြီ။ ဒါပေမဲ့လည်း နင်က နားမလည်တဲ့အပြင်၊ ပိုမိုစည်းကျော်လာခဲ့တယ်။ သူဌေးကို ငါတိုင်လိုက်ရင် သူဌေးက ငါ့ဖက်ကိုပဲလိုက်မှာပဲ။ နင့်ကို ငါအမြဲတမ်း သည်းခံပြီး၊ တိတ်တိတ်နေရင်၊ တခြား အလုပ်သမားတွေက ငါ့ကို အထင်သေးပြီး၊ ငါ့အားနည်းချက်တွေ နဲ့ မလုပ်နိုင်စွမ်းတွေကို ရီကြမှာပေါ့။ မရဘူး။ ဒါမျိုးကို ငါအဖြစ်မခံနိုင်ဘူး။ ငါ့မျက်နှာကြောင့် နင့်ကို ငါထပ်ပြီး အနိုင်ကျင့်ဖို့ ခွင့်မပြုနိုင်တော့ဘူး” ဟု တွေးမိခဲ့သည်။ ကျွန်မပိုတွေးလေ၊ ပိုပြီး ဒေါသထွက်လေ ဖြစ်ခဲ့ရသည်။ ကျွန်မက သူမနှင့် ငြင်းခုံခါနီးအချိန်တွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက “ စာတန်၏ ယိုယွင်းဖျက်ဆီးခြင်း မခံရမီ လူသားသည် သဘာဝအားဖြင့် ဘုရားသခင်နောက်လိုက်ကာ သူ၏ နှုတ်ကပတ်တော် ကို နာခံခဲ့သည်။ အသိဉာဏ်နှင့် အသိစိတ် ပကတိဖြစ်လျက် ပုံမှန်လူ့သဘောသဘာဝကို ပိုင်ဆိုင်ခဲ့သည်။ စာတန်၏ ယိုယွင်းဖျက်ဆီးမှုကို ခံရပြီးနောက် သူ၏ နဂိုအသိဉာဏ်၊ နဂိုအသိစိတ်နှင့် လူ့သဘောသဘာဝသည် ထုံထိုင်းသွားကာ စာတန်၏ ချို့ယွင်းစေခြင်းကို ခံရသည်။ ထိုကြောင့် သူသည် ဘုရားသခင်ကို နာခံခြင်းနှင့် ဘုရားသခင်အပေါ် ချစ်ခြင်း ပျောက်ဆုံးခဲ့ရသည်။ လူ့အသိဉာဏ် မူမမှန်ဖြစ်လာကာ သူ၏ စိတ်သဘောထားသည် တိရိစ္ဆာန်၏ စိတ်သဘောထားနှင့် တူလာ၍ သူ၏ ဘုရားသခင်ကို ပုန်ကန်ခြင်းသည် သာ၍ပင် အကြိမ်ရေ စိပ်လာကာ သာ၍ ပြင်းထန်လာသည်။ သို့ပါလျက် လူသားသည် ထိုအခြင်းအရာကို သိမှတ်ခြင်း၊ ရိပ်မိခြင်းမရှိ။ မဆင်မခြင် ဆန့်ကျင်ပုန်ကန်ခြင်းသာ ဖြစ်သည်။” ဟု မိန့်တော်မူထားသည်ကို ရုတ်တရက် သတိရခဲ့မိပါသည်။ လူသားများသည် ကနဦးကတည်းက ဘုရားသခင်ကို နားထောင်ပြီး နာခံရန် ဖန်ဆင်းခြင်း ခံရကြောင်းနှင့် အသိစိတ် နှင့် အသိဉာဏ် တို့ရှိကြောင်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်မှနေပြီး ကျွန်မ နားလည်သဘောပေါက်ခဲ့ပါသည်။ လူသားများသည် စာတန်၏ ဖောက်ပြန်ပျက်စီးခြင်းကို ခံရပြီးကတည်းက သူ၏ အဆိပ်များသည် ကျွန်မတို့၏ နှလုံးသားတွင် အခြေစိုက်ခဲ့ပြီး ကျွန်မတို့၏ အသက်တာဖြစ်လာခဲ့သည်။ ကျွန်မတို့သည် စာတန်၏ ဤအဆိပ်များဖြင့် အသက်ရှင် နေထိုင်သောကြောင့် အသိစိတ်နှင့် ကျိုးကြောင်းဆင်ခြင်နိုင်ခြင်းတို့ကို ဆုံးရှုံးရကာ၊ တစ်ကိုယ်ကောင်းဆန်၊ မာနထောင်လွှားကာ၊ ယုတ်ညံ့လာခဲ့ပါသည်။ ကျွန်မတို့သည် မိမိအကျိုး အတွက်ကြည့်ခြင်း အခြေခံမူပေါ်တွင် အခြေခံပြုမူကြပြီး၊ အခြားသူများနှင့် ပုံမှန် ပေါင်းသင်းဆက်ဆံရေး ချို့တဲ့ကြတဲ့ကြသည်။ စာရှအောင်ဟွား က ကျွန်မကို ပထမဆုံးအကြိမ် အနိုင်ကျင့်သည့်အချိန်တွင် သူမကို သည်းခံကာ၊ မညည်းတွားခဲ့ကြောင်းကို ကျွန်မ ပြန်လှန်သုံးသပ်ခဲ့သည်။ သို့သော်လည်း သူမက ကျွန်မကို ထပ်မံ အနိုင်ကျင့်သည့်အချိန်တွင် မျက်နှာပျက်ရခြင်း နှင့် ကျွန်မအကျိုးစီးပွားကို ထိခိုက်ခြင်းတို့ကို ရည်ရွယ်သောကြောင့် ကျွန်မသည် သည်းခံခြင်းနှင့် စိတ်ရှည်ခြင်းကို ကျင့်သုံးရန် လက်လျှော့လိုက်ပြီး၊ ဒေါသပင်ထွက်ကာ၊ သူမနှင့် ငြင်းခုံလိုခဲ့သည်။ ထိုအချိန်တွင် မယုံကြည်သူတစ်ယောက်နှင့် ကျွန်မ အကြား မည်သည့် ကွာခြားချက်မျှ မရှိခဲ့ပါ။ ဤအကြောင်းကို တွေးရာ၌၊ ကျွန်မသည် အလွန်ပင် အရှက်ရခဲ့ပါသည်။ ထို့နောက်တွင် ကျွန်မသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ နောက်ထပ်ကျမ်းပိုဒ်တစ်ခုကို တွေးမိသည်။ “ လူတွေအပေါ်မှာ ဖြစ်ပျက်သည့် အရာတိုင်းသည် သူ့အတွက် သူတို့၏ သက်သေခံမှုမှာ ခိုင်မြဲစွာရပ်တည်ဖို့ ဘုရားသခင် အလိုရှိတဲ့ အချိန်ပင်ဖြစ်သည်။ လက်ရှိအချိန်မှာ သင်က ကြီးမားသည့် အရာများ ဘာမျှမဖြစ်။ ကြီးမားသည့် သက်သေခံမှုများ မရှိ။ သို့သော်လည်း သင်၏ နေ့စဉ်အသက်တာ အသေးစိတ်သည် ဘုရားသခင်အပေါ် သက်သေခံခြင်းနှင့် ဆက်စပ်နေသည်။ သင်က သင့်ညီအစ်ကို မောင်နှမများ၊ သင့်မိသားစုအဖွဲ့ဝင်များနှင့် သင့်ဘေးမှာရှိတဲ့ လူတိုင်း၏ လေးစားမှုကို ရယူနိုင်လျှင်၊ တစ်နေ့မှာ မယုံကြည်သူများ ရောက်လာပြီး သင်လုပ်ဆောင်သမျှအားလုံးကို လေးစားပြီး ဘုရားသခင် လုပ်ဆောင်သည့် အရာအားလုံးက အံ့သြဖွယ် ဖြစ်သည်ဆိုသည်ကို မြင်လျှင် သင်သည် သက်သေခံပြီး ဖြစ်သည်။” ကျွန်မအနေဖြင့် မယုံကြည်သူများကြားတွင် ဘုရားသခင်ကို သက်သေခံရန် အတွက် ထိုသို့သော ဖြစ်ပျက်မှုများကို ဘုရားသခင်က အခွင့်ပေးခြင်းဖြစ်ကြောင်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ တစ်ဆင့် ကျွန်မသိခဲ့ရပါသည်။ ကျွန်မအနေဖြင့် မိမိကိုယ်ပိုင် တစ်ကိုယ်ကောင်းဆန်သော သဘာဝ အတိုင်း ပြမူကာ၊ သူမနှင့် ငြင်းခုံခြင်းထက် ခရစ်ယာန်တစ်ယောက်၏ ပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်သင့်ပါသည်။ ဤသို့တွေးမိရာတွင် ကျွန်မသည် မီးများကို မဖွင့်သကဲ့သို့၊ သူမနှင့် အငြင်းပွားခြင်းလည်း မဖြစ်ခဲ့ပါ။ ထိုအစား ကျွန်မက မိမိ၏ ခွေးခြေနှင့် ခြင်းတောင်းကို ဂိတ်ဝအထိသယ်ပြီးနောက် ၎င်းနံဘေးတွင် ထိုင်ကာ နေရောင်ခြည်ဖြင့် အဝတ်အထည်များကို ချုပ်နေခဲ့သည်။ ၎င်းမှာ ကျွန်မချုပ်ရန်အတွက် အနည်းငယ်ခက်သော်လည်း၊ ကျွန်မသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့ကျင့်သုံးကာ၊ သူ့အတွက် သက်သေခံနေကြောင်းကို သိရှိခဲ့သောကြောင့် သက်တောင့်သက်သာဖြစ်သည်ဟု ခံစားရပါသည်။ ထို့နောက်တွင် တစ်နေ့လုံးသူမက ကျွန်မကို မနှောင့်ယှက်ခဲ့ သောကြောင့်၊ ကျွန်မက ထိုအရေးကိစ္စသည် ပြီးဆုံးသွားခဲ့ပြီဟု ထင်မြင်ခဲ့သည်။ ကျွန်မသည် စာတန်၏ အကြံအစည်ကို အောင်မြင်ပြီး၊ ဘုရားသခင်အတွက် သက်သေရပ်တည်ခဲ့သည် နောက်တစ်နေ့နံနက်တွင် ကျွန်မအလုပ်သို့ စောစီးစွာ သွားရောက်ခဲ့သည်။ ထိုနေရာသို့ ကျွန်မရောက်သည့်အချိန်တွင် တစ်နေ့က ကျွန်မ၏ ထိုင်ခုံသည် လူမရှိဆဲဖြစ်သည်ကို တွေ့မြင်ရသည်။ သို့သော်လည်း စာရှအောင်ဟွား သည် နောက်ပိုင်းတွင် ရောက်လာမည်ကို တွေးပြီး၊ ကျွန်မသည် ဂိတ်ဝမှ ထိုင်ခုံကိုသာ ရွေးပြီး၊ အလုပ်စတင်ခဲ့သည်။ သို့သော်လည်း ထို့နေက သူမက နောက်ကျခဲ့ပြီး၊ တစ်နေ့က သူမထိုင်ခုံက နောက်အလုပ်သမားတစ်ယောက် သုံးနေခဲ့သည်။ သို့သော်လည်း မမျှော်လင့်ပဲနှင့် သူမက ယခင်နေ့ကကဲ့သို့ပင် ပြုမူခဲ့ပြန်သည်။ သူမသည် ကျွန်မနံဘေးတွင် ထိုင်ကာ၊ သူမ၏ ဘယ်လက်သည် ကျွန်မ၏ ညာလက်မောင်းကို ပွတ်တိုက်နေသောကြောင့် ကျွန်မကို အပ်ချုပ်ခြင်းမှ ဟန့်တားနှောင့်ယှက်ခဲ့သည်။ ကျွန်မကိုယ်ကျွန်မ တွေးမိသည်မှာ “ ငါနင့်ကို မနေ့က သည်းခံခဲ့တယ်၊ ဒါပေမဲ့လည်း နင်က ဒီနေ့ ငါ့ကို ထပ်ပြီး အနိုင်ကျင့်ရဲတယ်နော်။ နင့်မှာ ဘာလူ့စိတ်မှ မရှိတော့ဘူးလား။ ငါနင့်လိုလူမျိုး အရင်က တစ်ခါမှ မတွေ့ခဲ့ဖူးပါဘူး။” သို့သော်လည်း ကျွန်မက ဒေါသထွက်ပြီး၊ သူမနှင့် ငြင်းခုံလိုသည့် ဆဲဆဲတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မကို ရှင်းလင်းသည့် ဉာဏ်အလင်းကို ပေးခဲ့သည်။ “ သင်တို့လုပ်သောအရာများနှင့် နေ့ရက်စဉ်တိုင်း သင်တို့တွေ့ဆုံသောလူများကိုပင် ငါ့လက်များအားဖြင့် စီမံထားခြင်း ဖြစ်သည်။…” ထို့နောက် ကျွန်မနှလုံးသားထဲတွင် ဆုတောင်းခြင်းတစ်ခုကို “ အိုဘုရားသခင်၊ ကျွန်မနေ့တိုင်းတွေ့ကြုံနေရတဲ့ လူတွေ၊ အဖြစ်အပျက်တွေ၊ အရာအားလုံးတို့က ဘုရားသခင် စီစဉ်တယ်ဆိုတာ ကျွန်မသိပါတယ်။ ကျွန်မအပေါ်ကျရောက်အောင် ကိုယ်တော်က ခွင့်ပြုပါတယ်။ ကျွန်မကို ထပ်ကာတလဲလဲ အနိုင်ကျင့်နေတဲ့ လူတစ်ယောက်ကို တွေ့ဆုံရတဲ့ အချိန်မှာလည်း ကိုယ်တော်ရဲ့ အလိုတော်ဟာ ဒီမြင်ကွင်းရဲ့ နောက်ကွယ်မှာ ရှိရပါမယ်” ဟု ရွတ်ဆိုခဲ့သည်။ ကျွန်မသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေးမိခဲ့သည်၊ “ လူများအတွင်း၌ ဘုရားသခင် လုပ်ဆောင်သည့် အဆင့်တိုင်းတွင် အပြင်ပန်းသဏ္ဌာန်မှာ လူများ၏ စီစဉ်မှုမှ ထွက်ပေါ်လာသကဲ့သို့ လူများကြားထဲ၌ ဆက်သွယ် လှုပ်ရှားမှုများအနေနှင့် သို့မဟုတ် လူများ၏ ကြားဝင်ပြုလုပ်မှုများအနေနှင့် ဖြစ်ပေါ်သည်။ သို့သော်လည်း နောက်ကွယ်မှာတော့ လုပ်ဆောင်မှု အဆင့်တိုင်း၊ ဖြစ်ပျက်မှုတိုင်းသည် ဘုရားသခင်ရှေ့မှာ စာတန်ပြုလုပ်သည့် အလောင်းအစားများဖြစ်ပြီး လူတွေ၌ ဘုရားသခင် အတွက် သူတို့၏ သက်သေခံမှုမှာ ခိုင်မြဲစွာ ရပ်တည်ဖို့ လိုအပ်သည်။… သင်တို့အတွင်းမှာ ဘုရားသခင် ပြုလုပ်သည့် အဆင့်တိုင်း၏ နောက်ကွယ်မှာ ဘုရားသခင်နှင့် ပြုလုပ်သည့် စာတန်၏ အလောင်းအစားရှိသည်။” အပြင်ပန်းကြည့်ပါက သူမနှင့် ကျွန်မတို့အကြားတွင် ပဋိပက္ခတစ်ခု ရှိသည့် အသွင်ပေါက်နေသော်လည်း၊ အမှန်မှာမူ ၎င်းမှာ ဝိညာဉ်ရေးရာ နယ်ပယ်တွင် စာတန်၏ ဉာဏ်နီဉာဏ်နက်များသော အကြံအစည် ဖြစ်ကြောင်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ တစ်ဆင့် ကျွန်မ နားလည်သဘောပေါက် ခဲ့ပါသည်။ တစ်နေ့က ကျွန်မသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ခဲ့သည်မှာ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ဖြစ်ပါသည်။ သို့သော်လည်း စာတန်က အနိုင်ယူခြင်းကို ဝန်ခံလိုခြင်း မရှိသည့်အပြင်၊ ကျွန်မကို စုံစမ်းသွေးဆောင်ရန် ထိုတစ်ပုံစံတည်းသော အခြေအနေကိုပင် စီစဉ်ခဲ့ပါသည်။ စာရှအောင်ဟွား က ကျွန်မနံဘေးတွင် ထိုင်ကာ၊ ကျွန်မ အလုပ်ကောင်းကောင်းမွန်မွန် လုပ်ခြင်းမှာ ဟန့်တားခဲ့သောကြောင့် ကျွန်မ ဝင်ငွေ နည်းသွားနိုင်ပါသည်။ ကျွန်မ၏ ကိုယ်ပိုင်အကျိုးစီးပွားအတွက် သူမနှင့် အငြင်းအခုံလုပ်ပါက၊ ကျွန်မသည် သက်သေခံခြင်းကို ဆုံးရှုံးရမည် ဖြစ်ပါသည်။ ဘုရားသခင်၏ အလိုတော်ကို နားလည်ရင်းဖြင့် ကျွန်မသည် စာတန်၏ အကြံအစည်ကို ထိုးဖောက်မြင်ပြီး၊ စိတ်ရှည်သည်းခံခြင်းဖြင့် အသက်ရှင်နေထိုင်ကာ၊ အကျိုးအကြောင်း ဆီလျော်စွာ ပြုမူခြင်းမှတစ်ဆင့် ဘုရားသခင်ကို သက်သေခံသင့်ကြောင်း ကျွန်မသတိပြုမိခဲ့သည်။ ဤသို့တွေးရင်းဖြင့် ကျွန်မသည် မိမိ၏ ခွေးခြေကို ဂိတ်ဝအနီး အနောက်သို့ ရွှေ့ကာ ချည်ကြိုးဆွဲရန် ဘေးတိုက်ထိုင်ခဲ့သည်။ကျွန်မ မည်သည့်အရာမျှ မပြောသည်ကို တွေ့ရင်းဖြင့် စာရှအောင်ဟွားသည် ကျွန်မကို ထပ်ပြီး အနိုင်မကျင့်တော့ပါ။ ကျွန်မ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် ဝါရင့်အလုပ်သမားများ ၏ လေးစားမှုကို ရရှိခဲ့သည် ကျွန်မက ယနေ့နံနက်တွင်မှ ရောက်ရှိလာသည့် အဝတ်အထည် အသစ်များကို ချုပ်နေသည့်အချိန်တွင်၊ စာရှအောင်ဟွား သည် မှားနေသည့် ချုပ်ရိုးကို အသုံးပြုနေကြောင်းကို မတော်တဆတွေ့လိုက်ရသည်။ ဆိုလိုသည်မှာ သူမ၏ လက်ရာသည် အဆင့်အတန်းမမှီဟု ဖြစ်ပါသည်။ ပြီးနောက် သူမကလည်း ထိုအချက်ကို သတိမပြုမိသေးပါ။ ကျွန်မက “ ဒီနည်းအတိုင်းသာ ဒီအဝတ်အထည်အသစ်တွေကို ချုပ်နေရင်၊ နင့်ကို သူဌေးက အစကပြန်ပြီး ထပ်ချုပ်ခိုင်းမှာပဲ” ဟု တွေးခဲ့သည်။ ထင်သည့်အတိုင်းပင် ခဏကြာပြီးနောက် သူဌေးက စစ်ဆေးရန် လာရောက်ပြီး စာရှအောင်ဟွားချုပ်ထားသည့် အိတ်များကို တွေ့ခဲ့သည်။ သူမက “ ဒါတွေက သိပ်မကောင်းဘူး။ အိတ်ဘေးနားက ဒီချုပ်ရိုးတွေက မြင်နေရတယ်။ ပြန်ဖြေလိုက်ပြီး၊ အစက ပြန်ချုပ်စမ်း။ ချုပ်ရိုးတွေ ဖုံးနေအောင် လုပ်စမ်းပါ” ဟု ပြောခဲ့သည်။ စာရှအောင်ဟွားက အစမှပြန်ချုပ်ရသည်။ သူဌေးက ကျွန်မ အဝတ်အစားများကို တွေ့ကာ၊ ခေါင်းညိတ်လိုက်ပြီး၊ ပြုံး၍ “ တော်တယ်” ဟု ပြောခဲ့သည်။ ထိုအချိန်တွင် ကျွန်မသည် စိတ်အားတက်ကြွသည်ဟု ခံစားရသည်၊ “ နင်ငါ့ကို အနိုင်ကျင့်နိုင်လို့ ဂုဏ်ယူနေသေးလား။ နင်က အခုငါ့လောက် မတော်တော့ဘူးလေ။ ငါ့နည်းစနစ်ကို နင့်ကို မဝေမျှနိုင်ပါဘူး” ကျွန်မသည် မိမိ အလုပ်ကို ဆက်လုပ်ပြီး၊ အခါအခွင့်သင့်သကဲ့သို့ သူမကို ကြည့်ခဲ့သည်။ သူမသည် မူလနည်းစနစ်အမှားကိုသာ အသုံးပြုနေဆဲ ဖြစ်သောကြောင့်၊ သူမသည် အဝတ်အထည်များကို အကျိုးမဲ့စွာ ချုပ်နေလေသည်။ နောက်ဆုံးတွင် သူမက အဝတ်အစားများကို ကောက်ယူကာ၊ အကူအညီတောင်းရန် သူဌေးဆီသို့သွားခဲ့ရသည်။ သို့သော်လည်း သူဌေးက သူမကို “ မဟုတ်ဘူးလေ။ ချုပ်ရိုးတွေဖြုတ်ပြီး ပြန်စစမ်း။ နင်ဘာတွေဖြစ်နေတာလဲ။ သူ့ကို ကြည့်စမ်း (ကျွန်မကို ညွှန်းဆိုရင်း)။ အလုပ်သမားအသစ်ကတောင် နင့်ထက် ပိုအဆင်ချောနေတယ်။ သူအဝတ်တွေ ဘယ်လိုချုပ်နေလဲဆိုတာ သွားသင်စမ်း” ဟု ဆူပူခဲ့သည်။ စာရှအောင်ဟွားက စိတ်ပျက်သွားပုံပေါက်ပြီး၊ သူမထိုင်ခုံသို့ပြန်သွားကာ၊ သူမ၏ မာနဟောင်းလေးကိုလည်း ဆုံးရှုံးခဲ့လေသည်။ ကျွန်မက တိတ်တဆိတ် ကျေနပ်နေပြီး “ နင်ဘာတွေခံစားနေတာလဲ။ သူဌေးမျက်လုံးထဲမှာ နင်က ငါ့ထက်နိမ့်ကျတယ်။ ငါ့ကို အနိုင်ပြီး အရှက်ခွဲ နင့်ကို ဘယ်သူက ခိုင်းခဲ့တာလဲ။ နင့်ထိုက်နဲ့နင့်ကံ ခံရတာပဲ” ဟု တွေးနေခဲ့သည်။ စာရှအောင်ဟွားသည် အစမှပြန်ပြီး အားလုံးပြန်ချုပ်ရုံမှလွဲ၍ မည်သည့် ရွေးချယ်မှုမျှ မရှိခဲ့ပါ။ သို့သော်လည်း သူမ၏ ချုပ်ရိုးများသည် မှားနေဆဲ ဖြစ်သည်။ သူမသည် မည်သို့ လုပ်ရမည်ကိုလည်း မသိပါ၊ သူမ၏ မျက်နှာသည် စိုးရိမ်မှုဖြင့် စတင် နီရဲလာခဲ့သည်။ အိတ်၏ ချုပ်ရိုးများကို ပြန်ဖြေခဲ့သည်မှာ နှစ်ကြိမ်ရှိခဲ့ပြီ။ သူမက ထိုအချိန်တွင် အောင်မြင်စွာ မလုပ်ဆောင်နိုင်ပါက၊ နောက်တစ်ကြိမ်တွင် ချုပ်ရန် အလွန်ခက်ခဲမည် ဖြစ်ပါသည်။ ထိုအချိန်တွင် ကျွန်မ အသိစိတ်က ကျွန်မကို နှိုးဆွနေသည်ကို ခံစားရသည်။ “ ဒီအဝတ်အထည်တွေအားလုံးက အဆင်အသစ်တွေနဲ့ အသစ်ရောက်လာတဲ့ ဟာတွေပဲ။ သူက ဒါတွေကို ဘယ်လို ချုပ်ရမယ်ဆိုတာ မသိပေမဲ့၊ ငါကတော့ သိတယ်လေ။ ငါက သူ့ကို သင်ပေးသင့်တယ်။ ငါက ဘယ်လိုလုပ်ပြီး သူ့ကို ရယ်နိုင်ရတာလဲ။ တခြားလူတစ်ယောက်ကိုသာ ဒါမျိုးဖြစ်လို့ကတော့ ပြဿနာကို ငါသတိပြုမိတာနဲ့ တပြိုင်နက်ကို ငါက သူတို့ကို အမှားကူပြင်ပေးမှာပဲ။ ငါသူ့ကို ကူညီဖို့ ငြင်းရခြင်း အကြောင်းအရင်းက သူငါ့ကို အနိုင်ကျင့်ခဲ့လို့သာပဲ” ထို့နောက်တွင် ကျွန်မသည် အသက်တာအတွင်း ဝင်ရောက်ခြင်း အကြောင်း တရားဟောချက်များနှင့် မိတ်သဟာယဖွဲ့ခြင်း ၏ နှုတ်ကပတ်တော်များကို တွေးမိသည်။ “ လက်ရှိတွင် လူတိုင်း၏ အပြန်အလှန် ပေါင်းသင်းဆက်ဆံရေးများသည် ပုံမှန်မဟုတ်ပါ။ အဓိကအကြောင်းပြချက်မှာ လူများသည် စာတန်၏ ဖောက်ပြန်ဖျက်ဆီး ခြင်းကို နက်ရှိုင်းစွာ ခံရသောကြောင့် ဖြစ်ပါသည်။… လူများသည် သူတို့အတွက်နှင့် သူတို့၏ ဇာတိပကတိအတွက်သာ အသက်ရှင် နေထိုင်ကြသည်။ သူတို့သည် အခြားလူများအတွက်ကို လုံးဝစိုးရိမ် ပူပန်ခြင်း မရှိသည့်အပြင်၊ သူတို့ ရှိသင့်သည့် ချစ်ခင်သော စိတ်ခံစားချက် မျိုးပင် မရှိကြပါ။ လူများသည် အချင်းချင်း ခိုက်ရန်ဖြစ်ပြီး၊ အကောက်ကြံကြကာ၊ ထိုသို့ လုပ်ဆောင်ရာတွင်လည်း ပွင့်လင်းစွာနှင့် ခိုးကြောင်ခိုးဝှက် နှစ်မျိုးလုံးဖြင့် လုပ်ဆောင်ပါသည်။ လူသားမျိုးနွယ် အတွက် ပုံမှန်နည်းဟန်ဖြင့် အချင်းချင်း သင့်မြတ်ရန်မှာ မဖြစ်နိုင်ပါ။ လူများပိုင်ဆိုင်သင့်သည် အသိစိတ်နှင့် အကျိုးအကြောင်းဆက်စပ် နိုင်စွမ်း သည်လည်း ကမ္ဘာပေါ်မှ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ လူသားမျိုးနွယ် အကြားတွင် ပူးပေါင်းခြင်း စိတ်ဓါတ်လုံးဝ မရှိကြတော့ပါ။ စိတ်ရှည်ခြင်း အနည်းငယ် မရှိပဲနှင့် လူများသည် အချင်းချင်း ရန်သူများသာ ဖြစ်ကြမည်။ လူ့နှလုံးသားသည် ဆိုးယုတ်မှု၊ ပဋိပက္ခ၊ ရန်လိုမှု နှင့် ပြန်လည်သင့်မြတ်နိုင်ခြင်း မရှိသည့် ကွာခြားချက်များဖြင့် ပြည့်နှက်နေကြသည်။ လူများသည် လူသား၏ ပုံရိပ် လုံးဝမရှိသည့်အတိုင်းပင် ဖြစ်ပါသည်။ သူသည် စာတန်၏ ဝင်စားခြင်းကို အပြည့်အဝ ခံရပြီး၊ သူ၏ အတွင်းကျကျနှလုံးသားသည် စာတန်၏ ဒဿနိကများဖြင့် ပြည့်နှက်နေသည်။” ထိုကျမ်းပိုဒ်၏ မိတ်သဟာယပြုခြင်းမှနေပြီး ကျွန်မသည် မိမိ၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို သိကျွမ်းမှု အချို့ ရရှိလာခဲ့သည်။ “ ငါက အရင်က သူအနိုင်ကျင့်တာကို သည်းခံခဲ့တာနဲ့၊ ငါ့မှာ သည်းခံ စိတ်ရှည်မှုတွေနဲ့ ပြူမူခဲ့တယ်လို့ ငါက ဆင်ခြင်သုံးသပ်ခဲ့တယ်။ အခုသူက ပြဿနာတက်နေပေမဲ့ ငါက သူ့ကို ကူဖို့ ငြင်းဆန်ပြီး၊ သူ့ကျရှုံးမှုကိုလည်း အရသာခံနေတဲ့အပြင် ကိုယ့်သိက္ခာအဖတ်ဆည်နိုင်လို့တောင် အင်မတန် ဝမ်းမြောက်နေတယ်။ ဒါပေမဲ့ ငါအရင်က နေပြခဲ့တဲ့ ပုံစံက ဟန်လုပ်နေခဲ့တာလို့ မဆိုလိုဘူးလား။ ငါက ငါ့ရဲ့ ဆိုးယုတ်တဲ့၊ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထား၊ ချစ်ခြင်းမေတ္တာချို့တဲ့ပြီး၊ ပုံမှန် အသိဉာဏ် အပြင်၊ အကျိုးအကြောင်း ဆက်စပ်နိုင်ခြင်း တွေနဲ့ အသက်ရှင်နေထိုင်နေဆဲသာ ဖြစ်တယ်။” ဤအချက်ကို သတိပြုမိပြီးနောက်၊ ကျွန်မသည် သာမာန်လူ့သဘာဝအတိုင်း အသက်ရှင်နေထိုင်ဖို့အတွက် ဘုရားသခင်ရဲ့ သတ်မှတ်ချက်တွေကို ပြည့်ဝစေဖို့မှနေပြီး ဝေးကွာနေဆဲဖြစ်ကြောင်းကို နက်ရှိုင်းစွာ နောင်တရခဲ့ပါသည်။ ယခုကဲ့သို့ ဘုရားသခင်က ကျွန်မကို ဤလူများအကြားတွင် ထားခဲ့ပြီးဖြစ်မှတော့၊ ကျွန်မသည် သူ့အား ဘုန်းတော်ထင်ရှားစေရန် နှင့် သက်သေခံရန် အတွက် စစ်မှန်သည့်လူတစ်ယောက် အတိုင်း အသက်ရှင်နေထိုင်သင့်ပါသည်။ ထို့ကြောင့် ကျွန်မက စာရှအောင်ဟွား ကို မိမိဆန္ဒအလျောက် ချဉ်းကပ်ပြီး “ ညီမ။ နင့်ချုပ်ရိုးက မှားနေတုန်းပဲ။ အိတ်အပေါ်မှာထားပြီး ချုပ်လည်း၊ နင်ပြန်ဖြေရမှာပဲ” ဟု ပြုံးပြီး ပြောလိုက်သည်။ ထို့နောက် ကျွန်မက သူမအား လျှို့ဝှက်ချက်ကို ပြောလိုက်သည်။ သူမက ခဏတာကြိုးစားကြည့်ပြီး၊ မကြာမီပင် အိတ်တစ်ခု ပြီးသွားခဲ့သည်။ ထို့နောက် သူမက ကျွန်မထံသို့ ယူလာကာ “ ဒါကို ဘယ်လိုထင်လဲ” ဟု မေးခဲ့သည်။ ကျွန်မက “ မဆိုးဘူးပဲ” ဟု ပြန်ဖြေခဲ့ပါသည်။ သူမက အလွန်အမင်း ကျေနပ်နေသည့် ပုံစံပေါက်ပြီး၊ အပ်ပြန်ချုပ်နေခဲ့သည်။ ဤသည်ကို ကြည့်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် အခြားသူများကို ကောင်းကျိုးဖြစ်ထွန်း စေရုံသာမက၊ ကျွန်မကိုလည်း ကြီးမားသည့် နှစ်သက်ခံစားမှုကို ဆောင်ကြဉ်ပေးပါသည်။ နေ့လည်စာ စားချိန်တွင် စာရှအောင်ဟွားက ကျွန်မသည် ငါးစားရန်အပြိုင်အဆိုင် အလုအယက် ဖြစ်နေကြသည့် အခြားသူများနှင့် မတူပဲ ပြုမူကြောင်း သိရှိသွားခဲ့သည်။ သူမက ကျွန်မကို ပြုံးပြခဲ့သည်။ “ အစ်မ စားပါဦး” ထို့နောက်တွင် နေ့တိုင်း သူမက ရောက်သည်နှင့် “ ကောင်းသောနံနက်ခင်းပါ။ အစ်မယွမ်းရေ” ဟု ပြုံးပြီးနှုတ်ဆက်ခဲ့သည်။ သူမသည် သိသာထင်ရှားသည့် တောင်းပန်မှုတစ်ခုကို မပေးခဲ့သော်လည်း ကျွန်မကို ထားသည့် စိတ်နေသဘောထားက ပြောင်းလဲသွားခဲ့သည်။ ထိုအတွက် ကျွန်မနှလုံးသားတွင် ပျော်ရွှင်ရပါသည်။ ရက်အနည်းငယ်ကြာ ပြီးနောက်တွင် စာရှအောင်ဟွားသည် သူမ၏ နဂိုမူလစက်ရုံသို့ ပြန်သွားခဲ့သည်။ ထိုအချိန်က ကျွန်မနှင့် ဆန့်ကျင်ဖက်တွင် ထိုင်နေသည့် အမျိုးသမီးတစ်ယောက်က “ အစ်မရေ။ အဲဒါက အစ်မအတွက် မတရားဘူးနော်။ သူက အစ်မကို အရမ်းကို မတရားဆက်ဆံခဲ့တယ်။ အစ်မက ဘာဖြစ်လို့ သူ့ကို ကူညီဖို့ လိုလားခဲ့တာလဲ။ ကျွန်မသာ ဒါမျိုးကြုံရရင်၊ သူ့ကို ကျွန်မ အရမ်းကြင်နာနိုင်မှာ မဟုတ်ဘူး” ဟု ကျွန်မကို ပြောခဲ့သည်။ ကျွန်မက ပြုံးလိုက်ပြီး “ ကျွန်မတို့အားလုံးက အိမ်နဲ့ဝေးရာက အလုပ်သမားတွေ ဖြစ်တယ်လေ။ အစ်မတို့ အလုပ်အတူလုပ်ရဖို့က ကံကပါလာပြီးသား။ သူ့ကို သည်းခံရလို့ ကျွန်မဘာမှမဖြစ်ပါဘူး” ကျွန်မသည် သာမာန်လူ့သဘာဝ တွင် အသက်ရှင်နေထိုင်နိုင်ပြီး ထိုသို့သော သည်းခံခြင်း နှင့် ချစ်ခြင်းမေတ္တာတို့ကို ပိုင်ဆိုင်နိုင်သည်မှာ ကျွန်မ၏ အရည်အသွေးကောင်းများထက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကြောင့် အပြည့်အဝ ဖြစ်ကြောင်း ကျွန်မနှလုံးသားတွင် ရှင်းလင်းစွာ သိခဲ့ပြီးဖြစ်သည်။ သူဌေးက ကျွန်မနှင့် စာရှအောင်ဟွားတို့ အကြားမှ အရေးကိစ္စတစ်ခုလုံးကို သိခဲ့ပြီးဖြစ်သည်။ တစ်နေ့တွင် သူမက “ အစ်မယွမ်ရေ။ အစ်မကတော့ ကြင်နာပြီး၊ ကောင်းတယ်ဆိုတာ ကျွန်မသိပါတယ်။ လူကောင်းတစ်ယောက် ဘယ်နေရာသွားသွား ရိုသေခံရတယ်” ဟု ကျွန်မကို ပြောခဲ့သည်။ ထို့နောက်တွင် သူဌေးက ကျွန်မအတွက် နှိုင်းယှဉ်ပါက အကျိုးအမြတ်ရှိနိုင်သည့် လုပ်ဆောင်ချက် တာဝန်အချို့ကို အမြဲတမ်း သတ်မှတ်ပေးခဲ့ပြီး၊ ကျွန်မကို အခြားသူများ၏ လက်ရာများကိုလည်း စစ်ဆေးခိုင်းလေသည်။ အခြားအလုပ်သမားများကလည်း ကျွန်မကို လေးစားကြပြီး၊ “ အစ်မ” ဟု ကျွန်မကို ခေါ်ကြသည်။ ဤကာလကို ပြန်လည်တွေးတောရင်းဖြင့် ကျွန်မသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး၊ သာမာန် လူတစ်ယောက်၏ ပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်သော်လည်း၊ ကျွန်မ အနည်းငယ်မျက်နှာပျက်စေသည့်အပြင်၊ တစ်ချို့အချိန်များတွင် အမှားလုပ်ခံရနိုင်သည့်တိုင် ကျွန်မသည် အဖိုးထိုက်တန်သည့် အရာတစ်ခုကို ရရှိခဲ့ကြောင်းကို အမှန်တကယ် တွေ့ကြုံခံစားခဲ့ရသည်၊ ဘုရားသခင်၏ လက်တွေ့ကျသည့် လမ်းညွှန်မှုအောက်တွင် ဆိုးယုတ်ခြင်းကို ကောင်းမြတ်ခြင်းဖြင့် မည်သို့ပြန်လည်ပေးဆပ်ပုံနှင့် သာမာန်လူတစ်ယောက်ကဲ့သို့ မည်သို့နေပုံတို့ကို သိခဲ့ပါသည်။
0 Comments
Leave a Reply. |
Click & Join usမော်ကွန်းတိုက်တံဆိပ်များ
All
|