ချစ်ရသော ဝိညာဉ်ရေးရာ အမေးအဖြေ မှ ညီအစ်ကိုမောင်နှမတို့၊ ကျွန်တော်သည် ဘုရားသခင်၏ အမှုတော်ကို ယခုတင်ပဲ လက်ခံလိုက်သော ယုံကြည်သူတစ်ဦးဖြစ်သည်။ မိတ်သဟာရဖွဲ့ အစည်းအဝေးများနှင့် နေ့စဉ် ဝတ်ပြုကိုးကွယ်ခြင်းတို့သည် ခရစ်ယာန်တစ်ယောက် အတွက် အလွန် အရေးပါသော်လည်း ကျွန်တော့်၏ အလွန်အားထုတ်ရ၍ ပင်ပန်းလှသော အလုပ်က ကျွန်တော်ရှိသော အချိန်အားလုံးကို လုယူထားသည်။ ကျွန်တော် သည် ပိုက်ဆံများများရှာနိုင်သော်လည်း ဗလာနတ္တိနှင့် သိမ်ငယ်စိတ် ကိုသာ အစဉ် ခံစားရသည်။ အလွန်အလုပ်များသော ဘဝနှင့် နေ့စဉ် ဝတ်ပြုခြင်းတို့ ကို ကျွန်တော် မည်သို့ သဟဇာတဖြစ်အောင် လုပ်မည်နည်း။ ရှောင်တုန် ခင်မင်လေးစားရပါသော ရှောင်တုန်၊
နေကောင်းလား။ သင့် မေးခွန်းက ကျွန်တော့်ကိုလည်း အချိန်ကြာရှည်စွာ စိတ် အနှောင့်အယှက် ပေး ခဲ့ပါသည်။ သခင်၌ ညီအစ်ကို မောင်နှမတို့နှင့် မိတ်သဟာပြုခြင်း နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို ဆက်လက် ဖတ်ရှုခြင်းမှတဆင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို စတင်သိရှိခဲ့သည်။ အလုပ်နှင့် ယုံကြည်ခြင်းတို့ကို သဟဇာတဖြစ်စေရန် နှင့် အလုပ်အပေါ်တွင် သင့်တော်သော ရှုထောင့်ရှိရန် အောက်ပါအချက် နှစ်ချက်တို့ကို ကျွန်တော်တို့ နားလည်ဖို့လို အပ်ပါသည်၊ သခင်ယေရှု၏ နှုတ်ကပတ်တော်တို့နှင့် အညီ ဆောင်ရွက်ပါက ကျွန်ုပ်တို့ လမ်းပျောက်မည်မဟုတ် ယေရှုက “ လူသည် မုန့်အားဖြင့်သာ အသက်ကိုမွေးရမည်မဟုတ်။ ဘုရားသခင် မိန့်တော်မူသမျှ အားဖြင့် အသက်ကိုမွေးရမည်။” (ရှင်မဿဲ ၄:၄) “ ထိုကြောင့် ငါဆိုသည်ကား၊ အဘယ်သို့ စားသောက်ရမည်ဟု အသက်အဘို့မစိုးရိမ်ကြနှင့်။ အဘယ်သို့ ဝတ်ရမည်ဟု ကိုယ်အဘို့မစိုးရိမ်ကြနှင့်။ အစာထက် အသက်မြတ်သည်မဟုတ်လော။ အဝတ်ထက် ကိုယ်မြတ် သည်မဟုတ်လော။ မိုဃ်းကောင်းကင်၌ ကျင်လည်သော ငှက်များကို ကြည့်ရှုဆင်ခြင်ကြလော့။ ထိုငှက်တို့သည် မျိုးစေ့ကို မစိုက်မကြဲ၊ စပါးကိုမရိတ်၊ ကျီ၌မစုမသွင်း။ သို့သော်လည်း ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် သူတို့ကို ကျွေးမွေးတော်မူ၏။ ထိုငှက်တို့ထက် သင်တို့သည် အလွန်မြတ်သည်မဟုတ်လော။” (ရှင်မဿဲ ၆:၂၅-၂၆) “ ထိုကြောင့် အဘယ်သို့ စားသောက်ရအံ့နည်း။ အဘယ်သို့ ဝတ်ရအံ့နည်းဟူ၍မစိုးရိမ်ကြနှင့်။ ထို အရာများကို သာသနာပလူတို့သည် ရှာဖွေတတ်ကြ၏။ ထိုအရာများကို သင်တို့သည် အသုံးလိုကြောင်းကို ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် သိတော်မူ၏။” (ရှင်မဿဲ ၆:၃၁-၃၂) ဟု မိန့်တော်မူခဲ့သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်သည် ကျွန်တော်တို့၏ အသက်တာနှင့် အလုပ်အကိုင် အပါအဝင် အရာအားလုံးသည် သခင်၏ထိန်းချုပ်မှု တွင် ရှိသည်ကို ကျွန်တော်တို့ကို အမှန်တကယ်ပင် နားလည်စေသည်။ ကျွန်တော်တို့သည် သခင့်၌ ယုံကြည်ခြင်းရှိပြီး၊ သခင့် နှုတ်ကပတ်တော်အားဖြင့် အသက်ရှင်သ၍ ကျွန်တော်တို့သည် ကိုယ်တော့် ကောင်းချီးမင်္ဂလာတို့ကို တွေ့မြင်လိမ့်မည်။ ခရစ်ယာန် တစ်ယောက် အနေနှင့် ကျွန်တော်တို့သည် ကိုယ်တော့် နှုတ်ကပတ်တော်များ ကို အသုံးပြုခြင်းဖြင့် အရာအားလုံးကို ဝေဖန်ပိုင်းခြားပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကျွန်တော်တို့ အသက်တာအတွက် အခြေခံအုတ်မြစ် ဖြစ်စေသည်။ ကျွန်တော်တို့၏ အရာဝထ္ထုဆိုင်ရာ လိုအပ်ချက်များအားလုံးကို ဘုရားသခင်က ပေးတော်မူသည်။ သမ္မာကျမ်းစာက ပရောဖက် ဧလိယ အကြောင်းကို ဆိုထားသည်။ သူသည် ခေရိတ်ချောင်းတွင် ပုန်းခိုစဉ် ဘုရားသခင်က သူ့အား ကျီးတို့ကို အစာပို့ စေသည်။ ထို့ကြောင့် ဧလိယ သည် မငတ်မွတ်ခဲ့ပေ။ ကျွန်တော်တို့အားလုံး ထိုကဲ့သို့သော အတွေ့အကြုံများရှိသည်ဟု ကျွန်တော်ထင်မိသည်။ ကျွန်တော်တို့သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာဖြင့် တို့ထိခံရသည့်အချိန်တွင်၊ ကျွန်တော်တို့က သခင့်အတွက် အသုံးခံရန် လိုလားကြသည်။ အစပိုင်းတွင် ကျွန်တော်တို့သည် ဝင်ငွေ တွင် အလိုပြမည် ကို စိတ်ပူနိုင်သော်လည်း၊ အချိန်ကြာလာသည်နှင့် အမျှ ဘုရားသခင်သည် ကျွန်တော်တို့ လိုအပ်သည်ထက် ပေးခဲ့ပြီးဖြစ်သည် ကို တွေ့ရှိလိမ့်မည်။ ဤအချိန်တွင် ဘုရားသခင်၏ ကျေးဇူးတော်သည် အလျှံပယ် လုံလောက် ၍ ကျွန်တော်တို့သည် များစွာ လွန်ကဲသော လိုအင်ဆန္ဒများမရှိဘဲ စိတ်အေးလက်အေး ဖြစ်သည်ဟု ခံစားရသည်။ အကြောင်းမှာ ကျွန်တော်တို့၏ ယုံကြည်ခြင်းနှင့် အလုပ်မှာ တစ်ခုနှင့် တစ်ခု ဆန့်ကျင်ခြင်းမရှိပေ။ ကျွန်တော်တို့သည် အလုပ်၌ ဘုရားသခင်နှင့် သာမန် ဆက်ဆံရေးကို မည်သို့ တည်ဆောက်မည်နည်း။ ပြန်လည်အာရုံစိုက်ပါ၊ ထို့နောက် ကျွန်ုပ်တို့အလုပ်၌ ဘုရားသခင် ထိန်းချုပ်မှုကို ကျွန်ုပ်တို့တွေ့လိမ့်မည် သခင်ယေရှုက “ ဘုရားသခင်သည် နံဝိညာဉ်ဖြစ်တော်မူ၏။ ဘုရားသခင်ကို ကိုးကွယ်သောသူတို့သည်၊ နံဝိညာဉ်နှင့် ၎င်း၊ သစ္စာနှင့်၎င်း ကိုးကွယ်ရမည်ဟု မိန့်တော်မူ၏။” (ရှင်ယောဟန် ၄:၂၄) ဟု မိန့်တော်မူခဲ့သည်။ ဘုရားသခင်သည် ဝိညာဉ်တော်ဖြစ်သည်။ ကိုယ်တော်သည် အရာအားလုံးကို ထိန်းချုပ်သည်။ ကျွန်တော်တို့သည် ကိုယ်တော့်ကို အချိန်မရွေး နေရာမရွေးဝတ်ပြုကိုးကွယ် နိုင်ပြီး၊ ကိုယ်တော်နှင့် ပေါင်းသင်း ဆက်ဆံရေးတည်ဆောက်နိုင်သည်။ အကယ်၍ ကျွန်တော်တို့သည် အလုပ်ချိန်အတွင်း ကိုယ်တော့်နှုတ်ကပတ်တော်များကို တွေ့ကြုံခံစားခြင်းအား အာရုံစိုက်ထားပါက၊ ကိုယ်တော်၏ အံ့သြဖွယ်ကောင်းသည့် လုပ်ဆောင်ချက်များကို အရာအားလုံးတွင် တွေ့ရှိမည်ဖြစ်ပြီး သခင်၏ နေ့စဉ် အဖော်ပြုမှုကို မွေ့လျော်မည်ဖြစ်သည်။ သခင်သည် ကျွန်တော်တို့ အခက်အခဲ ပြဿနာများကို ကူညီဖြေရှင်းပေးပြီး ရိုးသားသူတစ်ယောက် ဖြစ်ရန် သွန်သင်ပေးလိမ့်မည်။ အချို့သော သမ္မာတရားတို့ကို ရရှိပြီးနောက် ကျွန်တော်တို့သည် အလုပ်များ၍ ရုပ်ပိုင်းဆိုင်ရာအရ ပင်ပန်းနွမ်းနယ် နေသော်လည်း ကျွန်တော်တို့၏ နေ့စဉ်အလုပ် အပေါ် အပြုသဘောဆောင်သည့် စိတ်နေသဘောထား ရှိနိုင်ပါသည်။ ကျွန်တော့် စစ်မှန်သော အတွေ့အကြုံကို သင်နှင့် ဝေမျှခွင့် ပြုပါ။ အစပိုင်းတွင် ကျွန်တော်က အလုပ်က အလုပ် ဖြစ်ပြီး ယုံကြည်ခြင်း က ယုံကြည်ခြင်းဟု ထင်မှတ်ခဲ့သည်။ ဤအရာနှစ်ခုတို့သည် လုံးဝ မဆက်နွယ်ပါ။ အသင်းတော် အစည်းအဝေးများ၌သာလျှင် ဘုရားသခင်ကို စစ်မှန်စွာ ဝတ်ပြုကိုးကွယ်နိုင်သည်။ ထိုအချိန်က ကျွန်တော်သည် စားသောက်ဆိုင် တစ်ခုတွင် အလုပ်လုပ် နေသည်။ ကျွန်တော် သည် အကြီးအကျယ် အလုပ်များနေခဲ့ပြီး အပတ်တိုင်း အသင်းတော် အစည်းအဝေး အချို့တို့ ရှိခဲ့သည်။ ကျွန်တော်သည် အချိန် အလွန်နည်းသည်ဟု ခံစားရပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို တွေ့ကြုံခံစားဖို့ မပြောနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော် ကိုပင် ဖတ်ရှုရန် အချိန်မရပေ။ ပြီးလျှင် ကျွန်တော့်၏ အလုပ်လုပ်ချိန်တို့မှာ အလွန် ရှည်၍ ငြီးငွေ့ဖွယ်ဖြစ်သည်ဟု လည်းခံစားရသည်။ အစည်းအဝေး တစ်ခုတွင် ညီမတစ်ယောက်က ကျွန်တော့်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်မှ ကျမ်းတစ်ပိုဒ်ကို ဝေငှခဲ့သည်၊ “ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ လမ်းခရီး၌ လျှောက်လှမ်းရန် ငါတို့ နှင့်သက်ဆိုင်သမျှ သို့မဟုတ် ငါတို့ ပတ်ပတ်လည်၌ ဖြစ်ပျက်သမျှ၊ အသေးအမွှား အမှုအရာများကိုပင်လျှင် ငါတို့ လက်လွှတ်၍ မရနိုင်ပေ။ ငါတို့သည် ၎င်းကို အာရုံစိုက်ရန် သင့်သည် ဖြစ်စေ မသင့်သည် ဖြစ်စေ၊ အခြေအနေ တစ်စုံတစ်ခုသည် ငါတို့အား ကြုံဆုံနေပါက ၎င်းကို ငါတို့ လက်မလွှတ်သင့်ပေ။ အားလုံးမှာ ငါတို့အတွက် ဘုရားသခင်၏ စစ်ဆေးမှုအဖြစ် မြင်သင့်ပေသည်။ ဤသဘောထားမျိုးမှာ အဘယ်သို့ ရှိသနည်း။ အကယ်၍ သင်၌ ဤကဲ့သို့ သဘောထားမျိုး ရှိပါက ၎င်းမှာ အချက် တစ်ချက်ကို အတည်ပြုပါသည်၊ သင်၏ စိတ်နှလုံးသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်လိုသည်ဟူသော အချက်ပင် ဖြစ်သည်။ အကယ်၍ ဘုရားသခင်ကို ကျေနပ်စေရန် သင်၌ ဤအလိုဆန္ဒရှိပါက သင် လက်တွေ့လုပ်ဆောင်သော အရာသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ခြင်း၏ စံနှုန်းနှင့် အလှမ်းမဝေးပေ။” “ လူတို့ များစွာ အရေးမစိုက်သော ကိစ္စရပ်များ၊ အများအားဖြင့် ဖော်ပြခြင်း မရှိသော ကိစ္စရပ်များမှာ အရေးမပါသော အသေးအဖွဲမျှသာ ဖြစ်ပြီး ၎င်းတို့မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် သက်ဆိုင်ခြင်း မရှိဟူ၍ ယေဘုယျအားဖြင့် ယုံကြည်ကြသော သူများ ရှိကြသည်။ ဤလူများသည် ယင်းကဲ့သို့ ကိစ္စရပ်အတိုင်းသာ ရင်ဆိုင်ရသည့်အခါ ၎င်းတို့သည် ယင်းကို များများစားစား ဆင်ခြင်ခြင်း မရှိဘဲ ဂရုမစိုက်ဘဲ ထားကြသည်။ သို့သော်လည်း အမှန်မှာ ဤ အခြေအနေသည် သင်တို့ သင်ယူသင့်သော သင်ခန်းစာ တစ်ခု ဖြစ်သည်၊ ဘုရားသခင်ကို မည်ကဲ့သို့ ကြောက်ရွံ့ရန်၊ မကောင်းမှုကို ရှောင်ရန် အကြောင်းနှင့် သက်ဆိုင်သော သင်ခန်းစာ တစ်ခု ဖြစ်သည်။ ထိုမျှမက သင် ပို၍ အလေးထားသင့်သည့် အရာမှာ သင့်ကို ကြုံဆုံရန် ဤအခြေအနေပေါ်ပေါက်သည့်အခါ ဘုရားသခင်သည် မည်သည့်အရာကို လုပ်ဆောင်နေကြောင်း သိခြင်းပင် ဖြစ်သည်။ ဘုရားသခင်သည် သင်၏ နံဘေး၌ ရှိသည်၊ သင်၏ စကားလုံး တစ်လုံးချင်းစီ နှင့် လုပ်ဆောင်မှု တစ်ခုချင်းစီကို လေ့လာနေသည်၊ သင်၏ ပြုမူပုံများ၊ သင်၏ စိတ် အပြောင်းအလဲများကို လေ့လာနေသည်၊ ဤသည်မှာ ဘုရားသခင်၏ အလုပ် ဖြစ်သည်။” ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဖတ်ရှုခြင်းနှင့် ကျွန်တော့် ညီအစ်မများနှင့် မိတ်သဟာယပြုခြင်း တို့မှ တဆင့် ကျွန်တော်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် အညီ လူတို့ကို ဆက်ဆံ၍ အလုပ်လုပ်ရန် လိုအပ်သည်ကို သိရှိခဲ့သည်။ ကျွန်တော်တို့ မြင်သောအရာများ၊ တွေ့သောလူများ၊ လုပ်သော အလုပ် အားလုံးတို့မှာ ဘုရားသခင်မှ ပေးသည့် အတိုင်းအတာ အမျိုးမျိုးရှိသော စမ်းသပ်မှု များဖြစ်သည်။ ကိုယ်တော်က ကျွန်တော်တို့တွင် ဘုရားသခင်ကို ကြောက်ရွံ့သော နှလုံးသားရှိရန် နှင့် အရာအားလုံးတွင် သစ္စာရှိစွာ ကိုယ်တော့် နှုတ်ကပတ်တော်တို့ကို လိုက်လျှောက်ရန် အလိုရှိသည်။ အရင်က ကျွန်တော်သည် ဘုရားသခင်နှင့် မည်သို့ ရင်းရင်းနှီးနှီး ဆက်ဆံရမည်ကိုမသိခဲ့ပေ၊ ပြီးနောက် သခင့်၏ နှုတ်ကပတ်တော်တို့ကို မည်သို့ လက်တွေ့ လုပ်ဆောင်ရ မည်ကို လည်းမသိခဲ့ပေ။ ကျွန်တော်သည် သမ္မာတရားကို ရယူရန် အခွင့်အလမ်းများစွာ ကို ဖြုန်းတီးခဲ့သည်။ သို့သော် နောက်တွင် ကျွန်တော်သည် ဘုရားသခင်၏ ဆောင်ရွက်ချက်တို့ကို စတင် ဂရုပြုခဲ့ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို ကျွန်တော့်၏ အလုပ်တွင် တွေ့ကြုံခံစားလေသည်။ တစ်ခါတွင် ကျွန်တော့်မန်နေဂျာက ကျွန်တော်တို့ စျေးဝယ်သူများကို ငွေပိုတောင်းခံနိုင်ရန် သူတို့၏ ကျသင့်ငွေတောင်းခံလွှာ ထဲတွင် ပစ္စည်းအမျိုးမျိုးကို ထည့်ပေါင်းဖို့ ညွှန်ကြားခဲ့သည်။ သခင့်၏ နှုတ်ကပတ်တော်များကို ပြန်လည် တွေးတောမိ သောအခါ “ သင်၏စကားမှာ ဟုတ်သည်ကိုအဟုတ်၊ မဟုတ်သည်ကို မဟုတ်ဖြစ်စေလော့။ ဤထက် လွန်သော စကားသည် မကောင်းသောအရာနှင့် စပ်ဆိုင်ပေ၏။” (ရှင်မဿဲ ၅:၃၇) ကျွန်တော်သည် စျေးဝယ်သူတို့ကို မလိမ်လည်သင့်ကြောင်း ကို သိရှိခဲ့သည်၊ သို့သော်လည်း ကျွန်တော့် မန်နေဂျာကို လည်း စိတ်အနှောင့်အယှက် မဖြစ်စေလိုပေ။ သူ ကျွန်တော့် အပိုဆုကြေးကို လျော့ချမည် သို့မဟုတ် ပို၍ဆိုးသည်မှာ အလုပ်ဖြုတ်မည်ကို ကျွန်တော်မလိုလားပေ။ ထို့နောက် ဤသည်မှာ ဘုရားသခင်ထံမှ စမ်းသပ်မှု တစ်ခုဖြစ်ပြီး ဘုရားသခင်သည် ကျွန်တော့်၏ စိတ်နေသဘောထားကို အနားမှ ကြည့်ရှုနေသည်ဟု ကျွန်တော် ရုတ်တရက် သဘောပေါက်ခဲ့သည်။ ကျွန်တော်သည် ဘုရားသခင်ကို “ အို ဘုရားသခင် ကျွန်တော်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ကျွန်တော့် ဇာတိခန္ဓာကို စွန့်ပစ်လိုသည်။ အခြားသူများသည် ကျွန်တော့်ကို မည်သို့ ပင် ဆက်ဆံစေကာမူ ကိုယ်တော့် ရှေ့တော်မှောက်မှာ အသက်ရှင်နေထိုင်ခြင်း၊ ကိုယ်တော်နှင့် သာမန် ဆက်ဆံရေးကို တည်ဆောက်ခြင်း၊ သခင့် နှုတ်ကပတ်တော်များအတိုင်း အသက်ရှင်နေထိုင်ခြင်း၊ ရိုးသားရန် လက်တွေ့လုပ်ဆောင်ခြင်း များကို ဂရုပြုပါမည်။ ကျွန်တော့်ကို ကူညီတော်မူပါ” ဟုဆုတောင်းခဲ့ပါသည်။ ဆုတောင်းပြီးနောက် ကျွန်တော့်၏ စိတ်နှလုံးသည် ငြိမ်သက်လေသည်။ ကျွန်တော် မန်နေဂျာ ပြောသည့်အတိုင်း မလုပ်ဘဲ ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း လုပ်ဆောင်သော် လည်း ကျွန်တော်၏ မန်နေဂျာမှာ စကားတစ်ခွန်းမျှ မဆို သို့မဟုတ် မဆူခဲ့ပေ။ ဤသည်မှ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်သည့်အချိန်တွင် ကျွန်တော်တို့သည် စိတ်တွင်း ငြိမ်သက်ခြင်းကို ရရှိနိုင်ကြောင်း ကျွန်တော် သဘောပေါက်ခဲ့သည်။ ယင်းမှာ ငွေဖြင့် လုံးဝ ဝယ်၍မရနိုင်သည့် အရာပင် ဖြစ်ပါသည်။ ကျွန်တော်က ဘုရားသခင် နှင့် သာမန်ဆက်ဆံရေးကို ပြန်လည် ထိန်းသိမ်းနိုင်ပြီး ကျွန်တော် အလုပ်မှာလည်း ငြီးငွေ့ဖွယ် မကောင်းတော့ ဟု ခံစားခဲ့ရပါသည်။ အလုပ်တွင်းအသက်တာနှင့် ယုံကြည်ခြင်း တို့ကို သဟဇာတဖြစ်စေရန် ကျွန်တော်တို့သည် မည်သည့်အရာကို မျှ စွန့်လွှတ်ပေးဆပ်ရန် မလိုအပ်ပေ။ ကျွန်တော်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လိုက်လျှောက်ရန်နှင့် ၎င်းတို့ကို ကျွန်တော်တို့ အသက်တာ၏ ဦးဆောင်လမ်းပြသော ဥပဒေသများ ဖြစ်စေရန်သာ လိုအပ်သည်။ ဤနည်းအားဖြင့် သင်သည် ဘုရားသခင်ထံမှ လွတ်လပ်ခြင်း၊ စိတ်တွင်း ငြိမ်သက်ခြင်းနှင့် ကောင်းချီးမင်္ဂလာ တို့ကို ရိတ်သိမ်းမည် ဖြစ်သည်။ ဘုရားသခင် သင့်ကို ကောင်းချီးပေးပါစေ။ ဝိညာဉ်ရေးရာ အမေးအဖြေ ရှောင်မင်း
0 Comments
Leave a Reply. |
Click & Join us၁။ ကျွန်ုပ်တို့ ဆုတောင်းသည့်အခါ လေလုံးထွားခြင်း၊ လက်တွေ့မကျခြင်း နှင့် လိမ်လည်လှည့်ဖြားခြင်း စသည့် တို့၏ ပြဿနာကို ဖြေရှင်းရပါမည်။
၂။ လုပ်ရိုးလုပ်စဉ်များအရ လုပ်ဆောင်ခြင်း၊ အမှုမဲ့အမှတ်မဲ့ လုပ်ဆောင်ခြင်း စသည့်ပြဿနာများအပြင်၊ ကျွန်ုပ်တို့ ဆုတောင်းသည့်အချိန်တွင် ဘုရားသခင် ရှေ့တော်မှောက်တွင် ငြိမ်သက်စွာ မနေသည့် ပြဿနာကိုလည်း ဖြေရှင်းရပါမည်။
၃။ ကျွန်ုပ်တို့သည် လွန်ကဲသောဆန္ဒများရှိခြင်းနှင့် ကျွန်ုပ်တို့ ဆုတောင်းသည့်အချိန်တွင် မိမိတို့အတွက်သာ အမြဲတမ်း ရှာဖွေခြင်း ပြဿနာများကို ဖြေရှင်းရပါမည်။
တံဆိပ်များ
All
|