ကျွန်မသည် ဆုတောင်းခြင်း၏ အရေးပါမှု နှင့် ဘုရားသခင် နားညောင်းသည့် ဆုတောင်းခြင်း အမျိုးအစားများကို နားလည်သဘောပေါက်ခဲ့သည် ဝိညာဉ်ရေးရာ နှီးနှောတိုင်ပင်မှုမှ ညီအစ်ကိုမောင်နှမများ မင်္ဂလာပါ ကောင်းသောနေ့ပါရှင့်။ မကြာသေးမီကမှ ကျွန်မ အစ်မကြီးက သခင်ယေရှု၏ ဧဝံဂေလိတရားတော်ကို ကျွန်မကို ဟောကြားခဲ့ပါသည်။ အသင်းတော်ကို ပူးပေါင်းပြီးနောက်တွင်၊ ကျွန်မသည် သခင့်ထံ နေ့တိုင်း ဆုတောင်းဖို့လိုကြောင်း ကျွန်မအစ်မကြီးက ပြောပါသည်။ထိုအချိန်က ကျွန်မက စိတ်ရှုပ်ထွေးနေခဲ့ပါသည်၊ ကျွန်မတို့သည် အဘယ့်ကြောင့် ဘုရားသခင်ထံ နေ့တိုင်း ဆုတောင်းဖို့ လိုအပ်ပါသနည်း။ ဘုရားသခင်သည် ကျွန်မ၏ ဆုတောင်းခြင်းများကို နားထောင်ပါသလား။ ကျေးဇူးပြုပြီး ဤမေးခွန်းများကို ကျွန်မနှင့် မိတ်သဟာယပြုပေးနိုင်ပါသလား။ ခင်မင်လေးစားစွာဖြင့် လင်းလီ ၂၀၁၈ ခုနှစ် ဇွန်လ ၁၀ ရက်နေ့
0 Comments
|
Click & Join us၁။ ကျွန်ုပ်တို့ ဆုတောင်းသည့်အခါ လေလုံးထွားခြင်း၊ လက်တွေ့မကျခြင်း နှင့် လိမ်လည်လှည့်ဖြားခြင်း စသည့် တို့၏ ပြဿနာကို ဖြေရှင်းရပါမည်။
၂။ လုပ်ရိုးလုပ်စဉ်များအရ လုပ်ဆောင်ခြင်း၊ အမှုမဲ့အမှတ်မဲ့ လုပ်ဆောင်ခြင်း စသည့်ပြဿနာများအပြင်၊ ကျွန်ုပ်တို့ ဆုတောင်းသည့်အချိန်တွင် ဘုရားသခင် ရှေ့တော်မှောက်တွင် ငြိမ်သက်စွာ မနေသည့် ပြဿနာကိုလည်း ဖြေရှင်းရပါမည်။
၃။ ကျွန်ုပ်တို့သည် လွန်ကဲသောဆန္ဒများရှိခြင်းနှင့် ကျွန်ုပ်တို့ ဆုတောင်းသည့်အချိန်တွင် မိမိတို့အတွက်သာ အမြဲတမ်း ရှာဖွေခြင်း ပြဿနာများကို ဖြေရှင်းရပါမည်။
တံဆိပ်များ
All
|