ဂျန်းလျန်း ခရစ်ယာန်များအနေဖြင့် ဆုတောင်းခြင်းသည် ကျွန်တော်တို့ နေ့စဉ်အသက်တာ၏ မရှိမဖြစ်သော အစိတ်အပိုင်းတစ်ခုဖြစ် ပြီး ဘုရားသခင်ထံ တိုးဝင်နီးကပ်ဖို့ တိုက်ရိုက်အကျဆုံးသော နည်းလမ်းတစ်ခုလည်း ဖြစ်သည်။ ကျွန်တော်တို့ ဆုတောင်းခြင်းများကို သခင်နားညောင်းနိုင်ဖို့ ကျွန်တော်တို့ အားလုံး မျှော်လင့်ကြသော်လည်း၊ ကျွန်တော်တို့က မကြာခဏဆိုသကဲ့သို့ ဘုရားသခင်၏ တုန့်ပြန်မှုကို လက်ခံမရရှိသကဲ့သို့၊ ကိုယ်တော်၏ မျက်မှောက်တော်ကို မခံစားရပဲနှင့် ကျွန်တော်တို့ လမ်းပျောက်ပြီး ကျန်ခဲ့ကြသည်၊ ဤသည်မှာ အဘယ့်ကြောင့်နည်း။ ဘုရားသခင်က ကျွန်တော်တို့ ဆုတောင်းခြင်းများကို အဘယ့်ကြောင့် နားမညောင်းသနည်း။ ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီသည့် ဆုတောင်းခြင်းအမျိုးအစားများမှာ အဘယ်နည်း။ ယနေ့ ဤအကြောင်းကို မိတ်သဟာယပြုကြပါစို့၊ ပြီးလျှင် ဤပြဿနာ သုံးရပ်ကို ဖြေရှင်းခြင်းအားဖြင့် ကျွန်တော်တို့ ဆုတောင်းခြင်းများကို ဘုရားသခင် နားညောင်းနိုင်ပါသည်။
0 Comments
ကျွန်မသည် ဆုတောင်းခြင်း၏ အရေးပါမှု နှင့် ဘုရားသခင် နားညောင်းသည့် ဆုတောင်းခြင်း အမျိုးအစားများကို နားလည်သဘောပေါက်ခဲ့သည် ဝိညာဉ်ရေးရာ နှီးနှောတိုင်ပင်မှုမှ ညီအစ်ကိုမောင်နှမများ မင်္ဂလာပါ ကောင်းသောနေ့ပါရှင့်။ မကြာသေးမီကမှ ကျွန်မ အစ်မကြီးက သခင်ယေရှု၏ ဧဝံဂေလိတရားတော်ကို ကျွန်မကို ဟောကြားခဲ့ပါသည်။ အသင်းတော်ကို ပူးပေါင်းပြီးနောက်တွင်၊ ကျွန်မသည် သခင့်ထံ နေ့တိုင်း ဆုတောင်းဖို့လိုကြောင်း ကျွန်မအစ်မကြီးက ပြောပါသည်။ထိုအချိန်က ကျွန်မက စိတ်ရှုပ်ထွေးနေခဲ့ပါသည်၊ ကျွန်မတို့သည် အဘယ့်ကြောင့် ဘုရားသခင်ထံ နေ့တိုင်း ဆုတောင်းဖို့ လိုအပ်ပါသနည်း။ ဘုရားသခင်သည် ကျွန်မ၏ ဆုတောင်းခြင်းများကို နားထောင်ပါသလား။ ကျေးဇူးပြုပြီး ဤမေးခွန်းများကို ကျွန်မနှင့် မိတ်သဟာယပြုပေးနိုင်ပါသလား။ ခင်မင်လေးစားစွာဖြင့် လင်းလီ ၂၀၁၈ ခုနှစ် ဇွန်လ ၁၀ ရက်နေ့ ချစ်ရသော ဝိညာဉ်ရေးရာ အမေးအဖြေ မှ ညီအစ်ကိုမောင်နှမတို့၊
ကျွန်တော်သည် ဘုရားသခင်၏ အမှုတော်ကို ယခုတင်ပဲ လက်ခံလိုက်သော ယုံကြည်သူတစ်ဦးဖြစ်သည်။ မိတ်သဟာရဖွဲ့ အစည်းအဝေးများနှင့် နေ့စဉ် ဝတ်ပြုကိုးကွယ်ခြင်းတို့သည် ခရစ်ယာန်တစ်ယောက် အတွက် အလွန် အရေးပါသော်လည်း ကျွန်တော့်၏ အလွန်အားထုတ်ရ၍ ပင်ပန်းလှသော အလုပ်က ကျွန်တော်ရှိသော အချိန်အားလုံးကို လုယူထားသည်။ ကျွန်တော် သည် ပိုက်ဆံများများရှာနိုင်သော်လည်း ဗလာနတ္တိနှင့် သိမ်ငယ်စိတ် ကိုသာ အစဉ် ခံစားရသည်။ အလွန်အလုပ်များသော ဘဝနှင့် နေ့စဉ် ဝတ်ပြုခြင်းတို့ ကို ကျွန်တော် မည်သို့ သဟဇာတဖြစ်အောင် လုပ်မည်နည်း။ ရှောင်တုန် ကျွန်ုပ်တို့၏ဆုတောင်းခြင်းများ နားညောင်းခြင်းခံရရန် ဆုတောင်းခြင်း၏ ပြဿနာသုံးခုကို ဖြေရှင်းခြင်း ဖြေရှင်းခြင်း ဂွါရှင်း တရုတ်ပြည်
ညီအစ်ကိုမောင်နှမတို့ သခင်၌ ငြိမ်သက်ခြင်းရှိပါစေ။ ယနေ့ ကျွန်ုပ်တို့ မိတ်သဟာယဖွဲ့ခြင်း၏ ခေါင်းစီးမှာ “ ဆုတောင်းခြင်း၌ ကျွန်ုပ်တို့ ဖြေရှင်းရမည့် ပြဿနာသုံးခု” ဖြစ်ပါသည်။ ကျွန်ုပ်တို့ မိတ်သဟာယကို သခင် လမ်းညွှန်ပါစေ။ ဆုတောင်းခြင်းသည် ဘုရားသခင်နှင့် ပုံမှန်ဆက်နွယ်မှုကို တည်ထောင်ရန်အတွက် လမ်းကြောင်းဖြစ်သည်ကို ကျွန်ုပ်တို့ ညီအစ်ကိုမောင်နှမများအားလုံးအနေဖြင့် သိရှိကြပါသည်။ ကျွန်ုပ်တို့ ဆုတောင်းခြင်းများ နားညောင်းခြင်းခံရရန် နှင့် လက်ခံခြင်းခံရရန် အတွက် ကျွန်ုပ်တို့အားလုံး မျှော်လင့်သော်လည်း၊ ယနေ့အချိန်တွင် ညီအစ်ကိုမောင်နှမများစွာတို့သည် ၎င်းတို့၏ ဆုတောင်းခြင်းများ နားညောင်းမခံရသလို လက်ခံခြင်း မခံရသည့် အချက်ဖြင့် စိတ်ညစ်လျက်ရှိကြပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ အလိုတော်အတိုင်း မည်သို့ဆုတောင်းသင့်သနည်း၊ ပြီးလျှင် ကျွန်ုပ်တို့ ဆုတောင်းခြင်းများကို ဘုရားသခင် နားညောင်းဖို့ မည်သည့်ပြဿနာများကို ဖြေရှင်းရမည်နည်း။ |
Click & Join us၁။ ကျွန်ုပ်တို့ ဆုတောင်းသည့်အခါ လေလုံးထွားခြင်း၊ လက်တွေ့မကျခြင်း နှင့် လိမ်လည်လှည့်ဖြားခြင်း စသည့် တို့၏ ပြဿနာကို ဖြေရှင်းရပါမည်။
၂။ လုပ်ရိုးလုပ်စဉ်များအရ လုပ်ဆောင်ခြင်း၊ အမှုမဲ့အမှတ်မဲ့ လုပ်ဆောင်ခြင်း စသည့်ပြဿနာများအပြင်၊ ကျွန်ုပ်တို့ ဆုတောင်းသည့်အချိန်တွင် ဘုရားသခင် ရှေ့တော်မှောက်တွင် ငြိမ်သက်စွာ မနေသည့် ပြဿနာကိုလည်း ဖြေရှင်းရပါမည်။
၃။ ကျွန်ုပ်တို့သည် လွန်ကဲသောဆန္ဒများရှိခြင်းနှင့် ကျွန်ုပ်တို့ ဆုတောင်းသည့်အချိန်တွင် မိမိတို့အတွက်သာ အမြဲတမ်း ရှာဖွေခြင်း ပြဿနာများကို ဖြေရှင်းရပါမည်။
တံဆိပ်များ
All
|