၁။ အကြိမ်ခုနစ်ဆယ် ခုနစ်လီ ခွင့်လွှတ်ပါ ရှင်မဿဲ ၁၈:၂၁-၂၂ ထိုအခါ ပေတရုသည်ချဉ်းကပ်၍၊ သခင်၊ ညီအစ်ကိုသည် အကျွန်ုပ်ကိုပြစ်မှား၍ အကျွန်ုပ်သည် သူ၏ အပြစ်ကို ဘယ်နှစ်ကြိမ်လွှတ်ရပါအံ့နည်း။ ခုနစ်ကြိမ်မြောက်အောင် လွှတ်ရပါအံ့လောဟု မေးလျှောက်သော်၊ ယေရှုက၊ ခုနစ်ကြိမ်မြောက်အောင်လွှတ်ရမည် ငါမဆို။ အကြိမ်ခုနစ်ဆယ် ခုနစ်လီမြောက်အောင် လွှတ်ရမည် ငါဆို၏။ ၂။ သခင်ရဲ့ ချစ်ခြင်း
ရှင်မဿဲ ၂၂:၃၇-၃၉ “ ယေရှုက၊ သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ဉာဏ်ရှိသမျှနှင့် ချစ်လော့၊ ဟူသော ပညတ်သည် ပဌမပညတ်ဖြစ်၏။ ကြီးမြတ်သော ပညတ်လည်းဖြစ်၏။ ထိုမှတပါး ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့ဟူသော ဒုတိယကပညတ်သည် ပဌမ ပညတ်နှင့် သဘောတူ၏။” ဒီစာပိုဒ်နှစ်ခုမှာ တစ်ခုက ခွင့်လွှတ်ခြင်းအကြောင်းကိုပြောပြီး တစ်ခုက ချစ်ခြင်းမေတ္တာအကြောင်းကိုပြောတယ်။ ဒီအချက်နှစ်ခုက ကျေးဇူးတော်ခေတ်မှာ သခင်ယေရှုလုပ်ဆောင်ချင်တဲ့အလုပ်ကို တကယ်ကို မီးမောင်းထိုးပြတယ်။ ဘုရားသခင်က လူ့ဇာတိဖြစ်လာတဲ့အခါမှာ သူ့လုပ်ဆောင်မှုရဲ့အဆင့်တစ်ခုကို သယ်ဆောင်လာခဲ့တယ်။ ဒီခေတ်ကာလမှာ သူဖော်ပြချင်တဲ့ စိတ်သဘောထားနဲ့ သီးသန့်အလုပ်တစ်ခုကို သယ်ဆောင်လာတယ်။ အဲဒီအချိန်ကာလမှာ လူသားလုပ်ဆောင်တဲ့ အရာတိုင်းက ဒီခေတ်မှာ ဘုရားသခင်လုပ်ဆောင်ချင်တဲ့အလုပ်ကို အဓိကထားပြီးလုပ်တယ်။ ပိုပြီးတော့လည်းမလုပ်သလို လျှော့ပြီးတော့လည်း မလုပ်ဘူး။ သူပြောတဲ့ အရာရာတိုင်းနဲ့ သူလုပ်ဆောင်ခဲ့တဲ့ အလုပ်အမျိုးအစားအားလုံးက ဒီခေတ်ကာလနဲ့ ဆက်စပ်နေတယ်။ လူသားဘာသာစကားနဲ့ လူသားရဲ့နည်းလမ်းနဲ့ အဲဒီအရာကို သူဖော်ပြခဲ့သည်ဖြစ်စေ၊ ဘုရားသဘောသဘာဝနဲ့သက်ဆိုင်တဲ့ ဘာသာစကားကနေ တစ်ဆင့်ဖြစ်စေ၊ ဘယ်နည်းလမ်းနဲ့ဖြစ်စေ၊ သို့မဟုတ် ဘယ်ရှုထောင့်အမြင်နဲ့ ဖော်ပြခဲ့သည်ဖြစ်စေ၊ သူ့ရဲ့ပန်းတိုင်က သူလုပ်ချင်တဲ့အရာ၊ သူ့ရဲ့အလိုတော်၊ လူတွေအပေါ် သူ့ရဲ့လိုအပ်ချက်တွေကို လူတွေနားလည်အောင် ကူညီဖို့ဖြစ်တယ်။ လူတွေကို သူ့ရဲ့အလိုတော်ကို သိပြီး နားလည်အောင်၊ သူ့ရဲ့ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအလုပ်ကို နားလည်အောင် ကူညီဖို့အတွက် မတူညီတဲ့ ရှုထောင့်တွေက နည်းအမျိုးမျိုးကို သူ အသုံးပြုကောင်းပြုနိုင်တယ်။ ဒါကြောင့် ကျေးဇူးတော်ခေတ်မှာ သခင်ယေရှုက လူသားမျိုးနွယ်နဲ့ သူဆက်သွယ်ပြောဆိုချင်တဲ့အရာတွေကို ဖော်ပြဖို့ လူသားရဲ့ဘာသာစကားကို မကြာခဏအသုံးပြုတာကို ငါတို့ တွေ့မြင်ရတယ်။ ဒါထက်ပိုပြီးတော့ သူဟာ သာမန်လမ်းညွှန်တစ်ယောက်ရဲ့ ရှုထောင့်ကနေ လူတွေကို စကားပြောခြင်း၊ သူတို့ရဲ့လိုအပ်ချက်တွေကို ပံ့ပိုးပေးခြင်း၊ သူတို့တောင်းဆိုတဲ့အရာတွေကို ကူညီပေးခြင်းတို့ပြုလုပ်တာကို မြင်ရတယ်။ ဒီလို အလုပ်လုပ်ပုံမျိုးကို ကျေးဇူးတော်ခေတ်မတိုင်ခင်လာတဲ့ ပညတ်တော်ခေတ်မှာ မမြင်ရဘူး။ သူဟာ လူသားမျိုးနွယ်အပေါ် ပိုပြီး ကရုဏာထားလာတယ်။ ပိုပြီးရင်းနှီးလာပြီး ပုံသဏ္ဌာန်နဲ့ နည်းဟန်တို့ကနေ လက်တွေ့ကျတဲ့ရလဒ်တွေကိုလည်း ပိုပြီးတော့ ရရှိနိုင်လာတယ်။ လူတွေကို အကြိမ် ခုနစ်ဆယ် ခုနစ်လီခွင့်လွှတ်ဖို့ ဖော်ပြချက်က ဒီအချက်ကို ပိုပြီး ရှင်းလင်းသွားစေတယ်။ ဒီဖော်ပြချက်ထဲက ကိန်းဂဏန်းအားဖြင့် ရရှိတဲ့ ရည်ရွယ်ချက်က သခင်ယေရှုက ဒါကိုပြောတဲ့အချိန်မှာ သူ့ရဲ့ ရည်ရွယ်ချက်ကို လူတွေ နားလည်စေဖို့ဖြစ်တယ်။ သူ့ရည်ရွယ်ချက်က လူတွေက သူတစ်ပါးကို ခွင့်လွှတ်ဖို့ပဲ။ တစ်ကြိမ် မဟုတ်ဘူး။ နှစ်ကြိမ်လည်း မဟုတ်ဘူး။ ခုနစ်ကြိမ်တောင်မဟုတ်ဘူး။ ခုနစ်ဆယ် ခုနစ်လီဖြစ်တယ်။ “ ခုနစ်ဆယ် ခုနစ်လီ” ဆိုတာ ဘယ်လိုစိတ်ကူးမျိုးလဲ။ လူတွေက သူတို့ရဲ့ ကိုယ်ပိုင် တာဝန်ဝတ္တရားတွေကို ခွင့်လွှတ်ဖို့ဖြစ်ပြီး၊ သူတို့ သင်ယူရမယ့် အရာတစ်ခု၊ သူတို့ ထိန်းသိမ်းရမယ့် နည်းတစ်ခုဖြစ်ပါတယ်။ ဒါက ဖော်ပြချက်သက်သက်တစ်ခုဖြစ်ပေမဲ့ သိပ်အရေးကြီးတဲ့ အချက်တစ်ခုဖြစ်တယ်။ ဒီအချက်က လူတွေကို သူဆိုလိုတဲ့အရာကို လေးနက်စွာ အသိအမှတ်ပြုဖို့၊ သင့်တော်တဲ့ ကျင့်သုံးခြင်းနည်းလမ်း၊ စည်းမျဉ်းစည်းကမ်းနဲ့ ကျင့်သုံးခြင်းမှာ စံသတ်မှတ်ခြင်းတွေကို တွေ့ရှိဖို့ကူညီပေးတယ်။ ဒီဖော်ပြချက်က လူတွေကို ရှင်းလင်းစွာနားလည်စေဖို့ ကူညီပေးပြီး သူတို့ဟာ ခွင့်လွှတ်ခြင်းကို သင်ယူသင့်တယ်ဆိုတဲ့ တိကျတဲ့ အယူအဆကို ပေးတယ်။ အခြေအနေ သတ်မှတ်ချက်တွေမပါဘဲ၊ အကန့်အသတ်တွေမပါဘဲ သည်းခံခြင်းသဘောထားနဲ့ သူတစ်ပါးတို့အပေါ် နားလည်ခြင်းတို့နဲ့ ခွင့်လွှတ်ဖို့ဖြစ်တယ်။ သခင်ယေရှုက ဒါကိုပြောလိုက်တဲ့အခါမှာ သူ့နှလုံးသားထဲမှာ ဘာရှိလဲ။ ခုနစ်ဆယ် ခုနစ်လီဆိုတာကို တကယ်ပဲ စဉ်းစားနေခဲ့တာလား။ မဟုတ်ပါဘူး။ ဘုရားသခင်က လူသားကို ခွင့်လွှတ်တဲ့ အကြိမ်အရေအတွက်တစ်ခုရှိပါသလား။ ဒီအရေအတွက်ရဲ့ မူလအရင်းအမြစ်နဲ့ အဓိပ္ပာယ်ကို နားလည်ချင်တဲ့ “ အကြိမ်အရေအတွက်” ဆိုတာကို စိတ်ဝင်စားတဲ့ လူတွေ အများကြီးရှိပါတယ်။ ဒီကိန်းဂဏန်းက သခင်ယေရှုရဲ့ နှုတ်ကနေ ဘာကြောင့်ထွက်လာတာလဲဆိုတာကို သူတို့နားလည်ချင်ကြတယ်။ ဒီအရေအတွက်မှာ ပိုမိုနက်နဲတဲ့ သွယ်ဝိုက်တဲ့ အချက်တစ်ခုရှိတယ်လို့ သူတို့ ယုံကြည်ကြတယ်။ တကယ်တော့ ဒါဟာ ဘုရားသခင်ရဲ့ လူ့သဘာဝကနေလာတဲ့ ဖော်ပြချက်ဖြစ်ပါတယ်။ သွယ်ဝိုက်တဲ့ အချက် သို့မဟုတ် အဓိပ္ပာယ်ကို လူသားမျိုးနွယ်အတွက် သခင်ယေရှုရဲ့ လိုအပ်ချက်တွေနဲ့အတူ ခံယူရပါမယ်။ ဘုရားသခင်က လူ့ဇာတိ မဖြစ်ခင်တုန်းက သူပြောတဲ့အရာအများစုကို လူတွေ နားမလည်ခဲ့ကြဘူး။ အဲဒါတွေက လုံးဝ ဘုရားရဲ့သဘောသဘာဝကနေ လာတဲ့အတွက်ကြောင့်ပါ။ သူပြောတာရဲ့ ရှုထောင့်နဲ့ အကြောင်းအရာက လူသားမျိုးနွယ်အတွက် မမြင်နိုင်၊ လက်လှမ်းမမီနိုင်ဘူး။ အဲဒါတွေကို လူတွေမမြင်နိုင်တဲ့ ဝိညာဉ်နယ်ပယ်ကနေ ဖော်ပြတာပါ။ လူ့ဇာတိမှာနေထိုင်တဲ့ လူတွေအတွက်က ဝိညာဉ်နယ်ပယ်ကို ဖြတ်မသွားနိုင်ပါဘူး။ ဒါပေမဲ့ ဘုရားသခင်က လူ့ဇာတိဖြစ်လာပြီးနောက်မှာ သူဟာ လူသားမျိုးနွယ်ကို လူသားရဲ့ ရှုထောင့်ကနေ စကားပြောခဲ့တယ်။ သူထွက်ပေါ်လာပြီး ဝိညာဉ်နယ်ပယ်ရဲ့ အတိုင်းအတာကို ကျော်လွန်သွားခဲ့တယ်။ သူဟာ လူသားမျိုးနွယ်က ဘုရားသခင်ကို သိပြီးနားလည်ဖို့၊ သူတို့ရဲ့ တတ်နိုင်စွမ်းရှိတဲ့ အတိုင်းအတာအတွင်းကနေ သူလိုအပ်တဲ့ စံသတ်မှတ်ချက်တွေနဲ့ သူ့ရဲ့ရည်ရွယ်ချက်ကို သူတို့တတ်နိုင်တဲ့အဆင့်အထိ နားလည်သဘောပေါက်ဖို့ လူသားတို့လက်ခံနိုင်တဲ့ နည်းလမ်းတွေကို အသုံးပြုရင်း လူသားတွေ စိတ်ကူးထင်မြင်လို့ရတဲ့အရာတွေ၊ သူတို့မြင်တဲ့အရာတွေ၊ သူတို့ဘဝမှာ ကြုံတွေ့ရတဲ့အရာတွေ၊ သူတို့နားလည်နိုင်တဲ့ ဘာသာစကားတစ်ခုနဲ့၊ သူတို့နားလည်နိုင်တဲ့ အသိပညာတို့ကနေတစ်ဆင့် သူ့ရဲ့ ဘုရားသခင်စိတ်သဘောထား၊ အလိုတော်နဲ့ သဘောထားတို့ကို သူဖော်ပြနိုင်တယ်။ ဒါဟာ ဘုရားသခင်ရဲ့ လူ့သဘာဝထဲက အလုပ်ရဲ့ နည်းလမ်းနဲ့ စည်းမျဉ်းတွေဖြစ်တယ်။ ဘုရားသခင်ရဲ့ နည်းလမ်းတွေနဲ့ လူ့ဇာတိမှာ သူ့ရဲ့အလုပ်လုပ်ပုံ သဘောတရားတို့ဟာ လူ့သဘာဝအားဖြင့်၊ လူ့သဘာဝမှတစ်ဆင့် အများစုရရှိပေမဲ့ ဘုရားရဲ့သဘောသဘာဝနဲ့ တိုက်ရိုက်လုပ်ခြင်းအားဖြင့် မရရှိနိုင်တဲ့ ရလဒ်တွေကို အမှန်တကယ် ရရှိခဲ့တယ်။ ဘုရားသခင်ရဲ့ လူ့သဘာဝထဲက လုပ်ဆောင်မှုဟာ ပိုပြီးခိုင်မာတယ်၊ စစ်မှန်တယ်၊ ဦးတည်ချက်ရှိတယ်၊ နည်းလမ်းတွေက ပိုပြီးတော့ ပြောင်းလွယ်ပြင်လွယ်ရှိပြီး ပုံသဏ္ဌာန်အရ ပညတ်တော်ခေတ်ကို ကျော်လွန်သွားတယ်။ အောက်မှာ သခင်ကို ချစ်ခြင်းနဲ့ ကိုယ်နဲ့စပ်ဆိုင်သူကို သင့်ကိုယ်သင်ချစ်သလိုမျိုး ချစ်ခြင်းအကြောင်းကို ပြောကြရအောင်။ ဘုရားရဲ့ သဘောသဘာဝမှာ တိုက်ရိုက်ဖော်ပြတဲ့ အရာတစ်ခုဖြစ်ပါသလား။ မဟုတ်ဘူးဆိုတာ ရှင်းပါတယ်။ ဒါတွေအားလုံးက လူသားက လူ့သဘာဝထဲမှာ ပြောတဲ့အရာတွေဖြစ်ပါတယ်။ “ ကိုယ်နဲ့စပ်ဆိုင်သူကို သင့်ကိုယ်သင်ချစ်သလိုချစ်ပါ။ သူတစ်ပါးကို ချစ်ခြင်းက သင့်ရဲ့ကိုယ်ပိုင်ဘဝကို ချစ်မြတ်နိုးခြင်းနဲ့ အတူတူပဲဖြစ်တယ်” ဆိုတာမျိုးကို လူတွေပဲ ပြောမှာဖြစ်ပြီး လူတွေသာ ဒီပုံစံနဲ့ ပြောမှာဖြစ်တယ်။ ဘုရားသခင်က ဒီလိုမျိုး တစ်ခါမှ မပြောဖူးပါဘူး။ အနည်းဆုံး ဘုရားသခင်က သူ့ရဲ့ဘုရားသဘောသဘာဝမှာ ဒီလို ဘာသာစကားအမျိုးအစားမျိုးမရှိဘူး။ လူသားမျိုးနွယ်အတွက် သူ့ရဲ့ချစ်ခြင်းကို ထိန်းသိမ်းဖို့ “ သင့်အိမ်နီးချင်းကို သင့်ကိုယ်သင် ချစ်သလိုချစ်ပါ” ဆိုတဲ့ ဒီလို ယုံကြည်မှုမျိုး မလိုတဲ့အတွက်ကြောင့်ဖြစ်တယ်။ လူသားမျိုးနွယ်အတွက် ဘုရားသခင်ရဲ့ချစ်ခြင်းက သူ့ရဲ့အရာအားလုံးနဲ့ဖြစ်ခြင်းရဲ့ သဘာဝအလျောက် ဖွင့်ပြခြင်းဖြစ်တဲ့အတွက်ကြောင့်ပါ။ ဘုရားသခင်က “ ငါ့ကိုယ်ငါချစ်သလို လူသားမျိုးနွယ်ကို ငါချစ်တယ်” ဆိုတာမျိုးပြောတာ သင်ဘယ်တုန်းက ကြားဖူးပါသလဲ။ ချစ်ခြင်းက ဘုရားသခင်ရဲ့ အနှစ်သာရမှာ ရှိတဲ့အတွက်ကြောင့်၊ သူ့ရဲ့အရာအားလုံးနဲ့ဖြစ်ခြင်းမှာ ရှိတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ လူသားမျိုးနွယ်အတွက် ဘုရားသခင်ရဲ့ ချစ်ခြင်းနဲ့ လူတွေကို သူဆက်ဆံတဲ့ပုံစံနဲ့ သူ့သဘောထားဟာ သူ့စိတ်သဘောထားရဲ့ သဘာဝအလျောက် ဖော်ပြခြင်းနဲ့ ဖွင့်ပြခြင်းပဲဖြစ်တယ်။ ဒါကို သူ တမင်သက်သက် ပုံစံတစ်မျိုးနဲ့ လုပ်ဖို့ မလိုအပ်ဘူး သို့မဟုတ် သူ့ကိုယ်သူချစ်သလို သူနဲ့စပ်ဆိုင်တဲ့သူကိုချစ်ခြင်းကို ရရှိဖို့သက်သက် နည်းလမ်း သို့မဟုတ် ကိုယ်ကျင့်တရားတစ်မျိုးကို တမင်လိုက်လျှောက်ဖို့မလိုအပ်ပါဘူး။ ဒီလိုအနှစ်သာရမျိုးကို သူပိုင်ဆိုင်နှင့်ပြီးဖြစ်တယ်။ ဒီနေရာမှာ သင်ဘာကိုမြင်ရသလဲ။ ဘုရားသခင်က လူ့သဘာဝထဲမှာ အလုပ်လုပ်တဲ့အခါမှာ သူ့ရဲ့နည်းလမ်းအများစု၊ စကားလုံးတွေနဲ့ သမ္မာတရားတွေ အားလုံးဟာ လူသားရဲ့နည်းလမ်းနဲ့ ဖော်ပြပါတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ဘုရားသခင်ရဲ့ စိတ်သဘောထား၊ သူ့ရဲ့အရာအားလုံးနဲ့ဖြစ်ခြင်း၊ သူ့ရဲ့အလိုတော်တို့ကို လူတွေသိဖို့ နားလည်ဖို့ ဖော်ပြပါတယ်။ သူတို့သိပြီး နားလည်တဲ့အရာက ဘုရားသခင်ကိုယ်တော်တိုင်ရဲ့ ပင်ကို ဝိသေသလက္ခဏာနဲ့ အဆင့်အတန်းကို ကိုယ်စားပြုတဲ့ သူ့ရဲ့အနှစ်သာရနဲ့ သူ့ရဲ့အရာအားလုံးနဲ့ဖြစ်ခြင်းတို့ အတိအကျပဲဖြစ်ပါတယ်။ ဆိုလိုတာက လူ့ဇာတိမှာရှိတဲ့ လူသားဟာ ဘုရားသခင်ကိုယ်တော်တိုင်ရဲ့ ပင်ကိုစိတ်သဘောထားနဲ့ အနှစ်သာရကို ဖြစ်နိုင်သလောက်အများဆုံး၊ ဖြစ်နိုင်သလောက် အတိကျဆုံးဖော်ပြပါတယ်။ လူသားရဲ့ လူ့သဘာဝဟာ ကောင်းကင်ဘုံမှာရှိတဲ့ ဘုရားသခင်နဲ့ လူသားရဲ့ ဆက်သွယ်ပြောဆိုခြင်းနဲ့ အပြန်အလှန်ဆက်ဆံခြင်းအတွက် အနှောင့်အယှက် သို့မဟုတ် အတားအဆီးတစ်ခုမဟုတ်ရုံတင်မကဘဲ အမှန်တကယ်တော့ ဖန်ဆင်းခြင်းရဲ့အရှင်သခင်ကို လူသားမျိုးနွယ်က ဆက်သွယ်ဖို့အတွက် တစ်ခုတည်းသောလမ်းကြောင်းနဲ့ တစ်ခုတည်းသော ပေါင်းကူးတံတားဖြစ်ပါတယ်။ ဒီနေရာမှာ ကျေးဇူးတော်ခေတ်နဲ့ လက်ရှိအလုပ်လုပ်ခြင်းအဆင့်မှာ သခင်ယေရှုအားဖြင့် ပြီးမြောက်တဲ့အလုပ်ရဲ့ နည်းလမ်းတွေနဲ့ သဘောသဘာဝကြားမှာ ဆင်တူတာတွေအများကြီးရှိတယ်လို့ သင်တို့ မခံစားရဘူးလား။ ဒီလက်ရှိအလုပ်လုပ်ခြင်းအဆင့်က ဘုရားသခင်ရဲ့ စိတ်သဘောထားကို ဖော်ပြဖို့ လူသားရဲ့ ဘာသာစကားကို အများကြီး အသုံးပြုပြီး ဘုရားသခင်ကိုယ်တိုင်ရဲ့ အလိုတော်ကို ဖော်ပြဖို့ လူသားမျိုးနွယ်ရဲ့ နေ့စဉ်အသက်တာနဲ့ လူသားရဲ့ အသိပညာမှ နည်းလမ်းတွေနဲ့ ဘာသာစကားကို အများကြီး အသုံးပြုပါတယ်။ ဘုရားသခင်က လူ့ဇာတိဖြစ်လိုက်တာနဲ့ သူက လူသားရဲ့ရှုထောင့်ကနေ စကားပြောသည်ဖြစ်စေ သို့မဟုတ် ဘုရားရဲ့သဘောသဘာဝကနေ ပြောသည်ဖြစ်စေ၊ သူ့ရဲ့ ဖော်ပြတဲ့ ဘာသာစကားနဲ့ နည်းလမ်းတွေ အများစုဟာ လူသားရဲ့ဘာသာစကားနဲ့ နည်းလမ်းရဲ့ ကြားခံကနေတစ်ဆင့်ဖြစ်ပါတယ်။ ဆိုလိုတာက ဘုရားသခင်က လူ့ဇာတိဖြစ်တဲ့အခါမှာ ဘုရားသခင်ရဲ့ အဆုံးအစမရှိဘုန်းတန်ခိုးနဲ့ သူ့ရဲ့အသိပညာကိုမြင်ဖို့၊ ဘုရားသခင်ရဲ့ စစ်မှန်တဲ့ သွင်ပြင်လက္ခဏာတိုင်းကို သိဖို့ သင့်အတွက် အကောင်းဆုံး အခွင့်အရေးပါပဲ။ ဘုရားသခင်က လူ့ဇာတိဖြစ်လာတဲ့အခါမှာ သူကြီးထွားလာနေစဉ်မှာ လူသားမျိုးနွယ်ရဲ့ အသိပညာတစ်ချို့၊ ရှိသင့်တဲ့အသိစိတ်၊ ဘာသာစကားနဲ့ လူသားမျိုးနွယ်မှာရှိတဲ့ ခံစားချက်ဖော်ပြခြင်းနည်းလမ်းတွေကို သူဟာ နားလည်လာတယ်။ သင်ယူလေ့လာတယ်။ သဘောပေါက်လာတယ်။ လူ့ဇာတိအဖြစ်ခံယူတဲ့ ဘုရားသခင်ဟာ သူဖန်ဆင်းခဲ့တဲ့ လူသားတွေဆီကနေလာတဲ့ ဒီအရာတွေကို ပိုင်ဆိုင်တယ်။ ဒီအရာတွေဟာ သူ့ရဲ့စိတ်သဘောထားနဲ့ သူ့ရဲ့ ဘုရားသဘောသဘာဝကို ဖော်ပြဖို့အတွက် လူ့ဇာတိမှာရှိတဲ့ ဘုရားသခင်ရဲ့ အသုံးချပစ္စည်းတွေဖြစ်လာတယ်။ ဒီအရာတွေဟာ လူသားမျိုးနွယ်ရဲ့အလယ်မှာ သူအလုပ်လုပ်နေတဲ့အခါမှာ လူသားရဲ့ရှုထောင့်နဲ့ လူသားရဲ့ ဘာသာစကားကို အသုံးပြုရင်း သူ့လုပ်ဆောင်ချက်တွေကို ပိုပြီးတော့ အသုံးဝင်စေတယ်။ ပိုပြီးတော့ စစ်မှန်စေတယ်၊ ပိုပြီးတော့ တိကျစေပါတယ်။ ဒီအရာတွေဟာ လူတွေအတွက် ပိုပြီးတော့ အဆင်ပြေလွယ်ကူစေပြီး ပိုပြီးလွယ်ကူစွာ နားလည်နိုင်စေခဲ့တယ်။ ဒီလိုနဲ့ ဘုရားသခင် လိုချင်တဲ့ ရလဒ်ကို ရရှိစေတယ်။ ဘုရားသခင်အတွက် ဒီလို လူ့ဇာတိနဲ့ အလုပ်လုပ်ဆောင်ခြင်းက ပိုပြီးတော့ လက်တွေ့မကျဘူးလား။ ဒါဟာ ဘုရားသခင်ရဲ့ ဉာဏ်ပညာမဟုတ်ဘူးလား။ ဘုရားသခင်က လူ့ဇာတိဖြစ်လာတဲ့အခါမှာ၊ သူလုပ်ဆောင်ချင်တဲ့အလုပ်ကို ဘုရားသခင်ရဲ့ဇာတိခန္ဓာက လုပ်ဆောင်နိုင်တဲ့အခါ၊ သူ့ရဲ့စိတ်သဘောထားနဲ့ သူ့ရဲ့အလုပ်ကို လက်တွေ့ကျကျ ဖော်ပြတဲ့အချိန်ဖြစ်ပြီး လူသားအနေနဲ့ သူ့ရဲ့အမှုတော်ကို အမှန်တကယ် အစပြုတဲ့အချိန်လည်းဖြစ်ပါတယ်။ ဒါဟာ ဘုရားသခင်နဲ့ လူသားကြားမှာ သဘောထားကွာဟချက်တွေ မရှိတော့ဘူး၊ ဘုရားသခင်ဟာ မကြာခင်မှာ သတင်းစကားပို့ဆောင်သူတွေကနေတစ်ဆင့် ဆက်သွယ်ပြောဆိုခြင်းအလုပ်ကို ရပ်တန့်လိုက်တော့မယ်လို့ ဆိုလိုတာဖြစ်ပြီး သူအလိုရှိရင် ဘုရားသခင်ကိုယ်တော်တိုင် လူ့ဇာတိနဲ့ နှုတ်ကပတ်တော်တွေနဲ့ လုပ်ဆောင်မှုတွေအားလုံးကို ကိုယ်တိုင်ဖော်ပြနိုင်တယ်လို့ ဆိုလိုပါတယ်။ ဒါဟာ ဘုရားသခင် ကယ်တင်တဲ့ လူတွေဟာ သူနဲ့ ပိုနီးစပ်တယ်လို့လည်းဆိုလိုတယ်။ သူ့ရဲ့ စီမံခန့်ခွဲမှုအလုပ်က နေရာအသစ်ကို ဝင်ရောက်လာပြီး လူသားမျိုးနွယ်အားလုံးဟာ ခေတ်သစ်တစ်ခုကို ရင်ဆိုင်ရတော့မယ်လို့ လည်း ဆိုလိုတာဖြစ်ပါတယ်။
0 Comments
Leave a Reply. |