၁။ သခင်ယေရှုအပေါ် ဖာရိရှဲတို့ရဲ့ ဝေဖန်အကဲဖြတ်ခြင်း ရှင်မာကု ၃:၂၁-၂၂ ကိုယ်တော်၏ အဆွေအမျိုးတို့သည်ကြားလျှင်၊ သူသည် အရူးဖြစ်၏ဟုဆို၍ ကိုယ်တော်ကို ဘမ်းဆီးခြင်းငှါ ထွက်သွားကြ၏။ ယေရုရှလင်မြို့မှလာသော ကျမ်းပြုဆရာတို့ကလည်း၊ သူသည် ဗေလဇေဗုလ စွဲသောသူဖြစ်၏။ နတ်ဆိုးမင်းကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်ဟု ဆိုကြ၏။ ၂။ ဖာရိရှဲတွေကို သခင်ယေရှု ပြင်းထန်စွာ ပြစ်တင်ဝေဖန်ခြင်း ရှင်မဿဲ ၁၂:၃၁-၃၂ ထိုကြောင့် ငါဆိုသည်ကား၊ ပြစ်မှားသောအပြစ်၊ ဘုရားကိုကဲ့ရဲ့သောအပြစ်အမျိုးမျိုးတို့နှင့် လွတ်စေခြင်းအခွင့်ကို လူတို့သည် ရနိုင်ကြ၏။ ဝိညာဉ်တော်ကို ကဲ့ရဲ့သောအပြစ်နှင့်လွတ်စေခြင်းအခွင့်ကို လူတို့သည် မရနိုင်ကြ။ လူသားကို နှုတ်ဖြင့်ပြစ်မှားသောသူ၏အပြစ်ကိုလည်း လွှတ်နိုင်၏။ သန့်ရှင်းသောဝိညာဉ်တော်ကို နှုတ်ဖြင့် ပြစ်မှားသောသူ၏အပြစ်ကို ယခုဘဝနောင်ဘဝ၌ မလွှတ်နိုင်။ ကျေးဇူးတော်ရှင်မဿဲ ၂၃:၁၃-၁၅ လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်၏ တံခါးကိုလူတို့ရှေ့မှာပိတ်ထား၍ မိမိတို့လည်းမဝင်၊ ဝင်လိုသောသူတို့ကိုလည်း ဆီးတားကြ၏။ လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ မုတ်ဆိုးမအိမ်ကို လုယူသိမ်းစား၍၊ အပြစ်မပေါ်စေခြင်းငှါ ရှည်စွာသော ပဌနာစကားကို ရွတ်တတ်ကြ၏။ ထို့ကြောင့် သာ၍ ကြီးစွာသော ဒဏ်ကိုခံရကြလတံ့။ လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ လူတယောက်ကိုပင် ဘာသာသွင်းခြင်းငှါ ကုန်းကြောင်းရေကြောင်းပတ်ပတ်လှည့်လည်၍ ဘာသာသွင်းပြီးသောသူကိုလည်း၊ မိမိတို့ထက် နှစ်ဆသောငရဲသားဖြစ်စေကြ၏။
အပေါ်မှာ ခွဲထားတဲ့ စာပိုဒ်နှစ်ပိုဒ်ရှိတယ်။ ပထမတစ်ခုကို အရင်ကြည့်ရအောင်။ သခင်ယေရှုအပေါ် ဖာရိရှဲတို့ရဲ့ ဝေဖန်အကဲဖြတ်ခြင်း။ သမ္မာကျမ်းစာမှာ သခင်ယေရှုကိုယ်တိုင်အပေါ် ဖာရိရှဲတွေရဲ့ သုံးသပ်ချက်နဲ့ သူလုပ်ဆောင်ခဲ့တဲ့ အရာတွေက။ “ သူသည် အရူးဖြစ်၏ဟုဆို၍ … သူသည် ဗေလဇေဗုလ စွဲသောသူဖြစ်၏။ နတ်ဆိုးမင်းကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်ဟု ဆိုကြ၏။” (ရှင်မာကု ၃:၂၁-၂၂) ကျမ်းပြုဆရာတွေနဲ့ ဖာရိရှဲတို့ရဲ့ သခင်ယေရှုအပေါ် ဝေဖန်အကဲဖြတ်ခြင်းက သံယောင်လိုက်နေခြင်း သို့မဟုတ် လျှောက်စဉ်းစားခြင်းမဟုတ်ဘူး။ သူ့အပြုအမူတွေအပေါ်မှာ သူတို့ မြင်ရ ကြားရတာတွေကနေလာတဲ့ သခင်ယေရှုအပေါ် သူတို့ရဲ့ ကောက်ချက်ချခြင်းဖြစ်တယ်။ သူတို့ရဲ့ ကောက်ချက်က အပေါ်ယံအားဖြင့ တရားမျှတမှုနဲ့ ပြုလုပ်ထားပြီး ခိုင်မာတယ်လို့ လူတွေထင်ရပေမဲ့ သခင်ယေရှုကို သူတို့ အကဲဖြတ်ဝေဖန်တဲ့ မာနကြီးခြင်းက သူတို့အတွက်တောင် ခံယူဖို့ ခက်ခဲတယ်။ သခင်ယေရှုအပေါ် သူတို့ရဲ့ ထိန်းမနိုင်သိမ်းမရတဲ့ အမုန်းစွမ်းအားတွေမှာ သူတို့ရဲ့ ကိုယ်ပိုင် ကြမ်းတမ်းတဲ့ရည်ရွယ်ချက်တွေ၊ သူတို့ရဲ့ ဆိုးယုတ်တဲ့ စာတန်သဘောပါဝင်တဲ့ မျက်နှာရိပ်မျက်နှာကဲတွေနဲ့ ဘုရားသခင်ကို ဆန့်ကျင်တဲ့ သူတို့ရဲ့ မလိုမုန်းထားတဲ့ အကျင့်စရိုက်တွေကို ထုတ်ဖော်ပြသနေပါတယ်။ သခင်ယေရှုအပေါ် သူတို့ရဲ့ အကဲဖြတ်ဝေဖန်ခြင်းမှာ သူတို့ပြောတဲ့အရာတွေဟာ သူတို့ရဲ့ ကြမ်းတမ်းတဲ့ ရည်ရွယ်ချက်တွေ၊ မနာလိုမှု၊ ဘုရားသခင်နဲ့ သမ္မာတရားအပေါ် သူတို့ရဲ့ ရန်လိုမှုရဲ့ ဆိုးသွမ်းပြီး မလိုမုန်းထားတဲ့ အကျင့်စရိုက်တွေအားဖြင့် တွန်းအားပေးခြင်းခံရတယ်။ သခင်ယေရှုရဲ့ အပြုအမူတွေရဲ့ အရင်းအမြစ်ကို သူတို့ စုံစမ်းစစ်ဆေးခြင်း မပြုလုပ်သလို သူပြောခဲ့၊ လုပ်ခဲ့တာတွေရဲ့ အနှစ်သာရကိုလည်း သူတို့ စုံစမ်းစစ်ဆေးခြင်း မပြုလုပ်ခဲ့ဘူး။ ဒါပေမဲ့ သူတို့ဟာ သူလုပ်ဆောင်ခဲ့တဲ့အရာတွေကို မစဉ်းမစားနဲ့၊ စိတ်မရှည်စွာနဲ့၊ ရူးသွပ်စွာနဲ့၊ တမင် အန္တရာယ်ပြုတဲ့ တိုက်ခိုက်ခြင်းတွေနဲ့ နှိမ်ချခြင်းတွေပြုလုပ်ခဲ့တယ်။ ဒါဟာ သူ့ရဲ့ဝိညာဉ်တော်ဖြစ်တဲ့ သန့်ရှင်းသော ဝိညာဉ်တော်၊ ဘုရားသခင်ရဲ့ ဝိညာဉ်တော်ကို လက်လွတ်စပယ်နဲ့ နှိမ်ချခြင်းအဆင့်ထိရောက်နေပါတယ်။ “ သူသည် အရူးဖြစ်၏” “ သူသည် ဗေလဇေဗုလ စွဲသောသူဖြစ်၏” လို့ သူတို့ပြောတာက ဒါကို သူတို့ဆိုလိုတာဖြစ်တယ်။ ဆိုလိုတာက ဘုရားသခင်ရဲ့ ဝိညာဉ်တော်ဟာ ဗေလဇဗုလဖြစ်တယ်။ နတ်ဆိုးမင်းဖြစ်တယ်လို့ သူတို့ပြောခဲ့တယ်။ ဘုရားသခင်ရဲ့ ဝိညာဉ်တော်ကလွှမ်းခြုံထားတဲ့ ဇာတိခန္ဓာရဲ့ လုပ်ဆောင်မှုကို ရူးသွပ်ခြင်းလို့ သူတိုက ဖော်ဆောင်ခဲ့တယ်။ ဘုရားသခင်ရဲ့ ဝိညာဉ်တော်ကို ဗေလဇဗုလအဖြစ်၊ နတ်ဆိုးမင်းအဖြစ် စော်ကားခဲ့ရုံမက ဘုရားသခင်ရဲ့ အလုပ်ကို သူတို့ ရှုတ်ချခဲ့တယ်။ သခင်ယေရှုကို ခရစ်တော်ကို သူတို့ ရှုတ်ချပြီး ထိခိုက်စော်ကားခဲ့ကြတယ်။ သူတို့ရဲ့ ဘုရားသခင်ကို ဆန့်ကျင်ခြင်းနဲ့ ထိပါးစော်ကားခြင်းရဲ့ အနှစ်သာရက စာတန်ရဲ့ အနှစ်သာရနဲ့ နတ်ဆိုးရဲ့ ဘုရားသခင်ပေါ် ဆန့်ကျင်ခြင်းနဲ့ ထိပါးစော်ကားခြင်းတို့နဲ့ လုံးဝ အတူတူပဲဖြစ်တယ်။ သူတို့ဟာ ဖောက်ပြန်ပျက်စီးတဲ့ လူသားတွေကို ကိုယ်စားပြုရုံတင်မကဘဲ စာတန်ရဲ့ အသွင်ဆောင်သူတွေဖြစ်ကြတယ်။ သူတို့ဟာ လူသားမျိုးနွယ်ကြားထဲမှာ စာတန်အတွက် လမ်းကြောင်းတစ်ခုဖြစ်တယ်။ သူတို့ဟာ စာတန်ရဲ့ ကြံရာပါတွေ၊ သတင်းစကားပို့ဆောင်သူတွေ ဖြစ်ကြတယ်။ သခင်ယေရှုခရစ်တော်အပေါ် သူတို့ရဲ့ ထိပါးစော်ကားခြင်းနဲ့ ရှုတ်ချမှုရဲ့ အနှစ်သာရဟာ အဆင့်အတန်းအတွက် ဘုရားသခင်အပေါ် သူတို့ရဲ့ ရုန်းကန်ကြိုးစားခြင်း၊ ဘုရားသခင်နဲ့ ယှဉ်ပြိုင်ခြင်း၊ ဘုရားသခင်ကို အဆက်မပြတ် စမ်းသပ်ခြင်းတို့ဖြစ်ကြပါတယ်။ ဘုရားသခင်အပေါ် သူတို့ဆန့်ကျင်ခြင်းရဲ့ အနှစ်သာရနဲ့ သူ့အပေါ် ရန်လိုတဲ့ သူတို့ရဲ့ သဘောထားနဲ့ သူတို့ရဲ့စကားလုံးတွေ၊ သူတို့ရဲ့ အတွေးတွေဟာ ဘုရားသခင်ရဲ့ ဝိညာဉ်တော်ကို တိုက်ရိုက် ထိပါးစော်ကားပြီး အမျက်ထွက်စေပါတယ်။ ဒါကြောင့် ဘုရားသခင်ဟာ သူတို့ပြောခဲ့တာ၊ လုပ်ခဲ့တာအပေါ်မှာ ကျိုးကြောင်းသင့်မြတ်တဲ့ တရားစီရင်မှုကို သတ်မှတ်ခဲ့တယ်။ သူတို့ရဲ့လုပ်ဆောင်ချက်တွေကို သန့်ရှင်းသောဝိညာဉ်တော်ကို ဆန့်ကျင်စော်ကားတဲ့ အပြစ်တရားအဖြစ် သတ်မှတ်ခဲ့တယ်။ ဒီအပြစ်တရားဟာ ဒီကမ္ဘာနဲ့ တမလွန်ဘဝ နှစ်ခုလုံးမှာ ခွင့်လွှတ်လို့မရပါဘူး။ ကျမ်းစာရဲ့ ဒီစာပိုဒ်မှာ ပြောထားသလိုပါပဲ။ “ ဝိညာဉ်တော်ကို ကဲ့ရဲ့သောအပြစ်နှင့် လွတ်စေခြင်းအခွင့်ကို လူတို့သည် မရနိုင်ကြ” နဲ့ “ သန့်ရှင်းသောဝိညာဉ်တော်ကို နှုတ်ဖြင့် ပြစ်မှားသောသူ၏အပြစ်ကို ယခုဘဝနောင်ဘဝ၌ မလွှတ်နိုင်။” ဒီနေ့ ဘုရားသခင်ဆီကနေလာတဲ့ ဒီနှုတ်ကပတ်တော်တွေရဲ့ တကယ့်အဓိပ္ပာယ်အကြောင်းကို ပြောကြရအောင်။ “ သန့်ရှင်းသောဝိညာဉ်တော်ကို နှုတ်ဖြင့် ပြစ်မှားသောသူ၏အပြစ်ကို ယခုဘဝနောင်ဘဝ၌ မလွှတ်နိုင်။” ဒါဟာ ဘုရားသခင်က “ သန့်ရှင်းသောဝိညာဉ်တော်ကို နှုတ်ဖြင့် ပြစ်မှားသောသူ၏အပြစ်ကို ယခုဘဝနောင်ဘဝ၌ မလွှတ်နိုင်” ဆိုတဲ့ နှုတ်ကပတ်တော်တွေကို ဘယ်လိုပြည့်စုံစေတယ်ဆိုတာကို ရှင်းရှင်းလင်းလင်းဖြစ်စေတာပါ။ ငါတို့ပြောတဲ့အကြောင်းအရာတိုင်းက ဘုရားသခင်ရဲ့ စိတ်သဘောထား၊ လူတွေအပေါ်၊ အကြောင်းကိစ္စများနဲ့ အမှုအရာများအပေါ် သူ့ရဲ့သဘောထားနဲ့ သက်ဆိုင်ပါတယ်။ သဘောတရားအားဖြင့် အပေါ်မှာရှိတဲ့ စာပိုဒ်နှစ်ပိုဒ်က ခြွင်းချက်တွေ မဟုတ်ပါဘူး။ ကျမ်းစာရဲ့ ဒီစာပိုဒ်နှစ်ပိုဒ်ထဲမှာ သင်တို့ တစ်ခုခု သတိပြုမိကြလား။ တစ်ချို့လူတွေက သူတို့ ဘုရားသခင်ရဲ့ အမျက်ဒေါသကို မြင်တယ်လို့ ပြောတယ်။ တစ်ချို့လူတွေက လူသားမျိုးနွယ်ရဲ့ ထိပါးစော်ကားမှုကို သည်းမခံတဲ့၊ လူတွေက ဘုရားသခင်ကို ထိပါးစော်ကားတဲ့ အရာတစ်ခုခုလုပ်ရင် သူ့ရဲ့ ခွင့်လွှတ်ခြင်းကို မရနိုင်တဲ့၊ ဘုရားသခင်ရဲ့ စိတ်သဘောထားကိုမြင်တယ်လို့ ပြောတယ်။ လူတွေက ဒီစာပိုဒ်နှစ်ခုမှာ ဘုရားသခင်ရဲ့ အမျက်ဒေါသနဲ့ လူသားမျိုးနွယ်ရဲ့ စော်ကားခြင်းကို သည်းမခံခြင်းကိုမြင်ပြီး သိမြင်ပေမဲ့ သူ့သဘောထားကို သူတို့ တကယ်နားမလည်သေးပါဘူး။ ဒီစာပိုဒ်နှစ်ခုမှာ ဘုရားသခင်ရဲ့ စစ်မှန်တဲ့သဘောနဲ့ ပတ်သက်ခြင်းရှိနေပြီး သူ့ကို ထိပါးစော်ကားပြီး အမျက်ထွက်စေတဲ့ သူတွေဆီကို ချဉ်းကပ်ထားပါတယ်။ ကျမ်းစာမှာရှိတဲ့ ဒီစာပိုဒ်က သူ့သဘောထားနဲ့ ချဉ်းကပ်ပုံရဲ့ စစ်မှန်တဲ့ အဓိပ္ပာယ်ပါဝင်နေပါတယ်။ “ သန့်ရှင်းသောဝိညာဉ်တော်ကို နှုတ်ဖြင့် ပြစ်မှားသောသူ၏အပြစ်ကို ယခုဘဝနောင်ဘဝ၌ မလွှတ်နိုင်။” လူတွေက ဘုရားသခင်ကို ထိပါးစော်ကားတဲ့အခါမှာ၊ သူ့ကို အမျက်ထွက်စေတဲ့အခါမှာ၊ သူဟာ ဆုံးဖြတ်ချက်တစ်ခုကို ထုတ်ပြန်တယ်။ ဒီဆုံးဖြတ်ချက်က သူ့ရဲ့ နောက်ဆုံးရလဒ်ဖြစ်တယ်။ အဲဒါကို သမ္မာကျမ်းစာထဲမှာ ဒီလိုဖော်ပြထားတယ်။ “ ထိုကြောင့် ငါဆိုသည်ကား၊ ပြစ်မှားသောအပြစ်၊ ဘုရားကိုကဲ့ရဲ့သောအပြစ်အမျိုးမျိုးတို့နှင့် လွတ်စေခြင်းအခွင့်ကို လူတို့သည် ရနိုင်ကြ၏။ ဝိညာဉ်တော်ကို ကဲ့ရဲ့သောအပြစ်နှင့် လွတ်စေခြင်းအခွင့်ကို လူတို့သည် မရနိုင်ကြ။” (ရှင်မဿဲ ၁၂:၃၁) နဲ့ “ လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။” (ရှင်မဿဲ ၂၃:၁၃) ဒါပေမဲ့ ဒီကျမ်းပြုဆရာတွေနဲ့ ဖာရိရှဲတို့ရဲ့ ရလဒ်နဲ့ သခင်ယေရှုက ဒီအရာတွေကို ပြောပြီးနောက်မှာ သူဟာ အရူးဖြစ်တယ်လို့ ပြောတဲ့လူတွေရဲ့ ရလဒ်က ဘာဆိုတာကို သမ္မာကျမ်းစာမှာ မှတ်တမ်းတင်ထားသလား။ သူတို့ ပြစ်ဒဏ်တစ်ခုခု ခံကြရတယ်လို့ မှတ်တမ်းတင်ထားသလား။ မှတ်တမ်းတင်ထားခြင်းမရှိဘူးဆိုတာ သေချာပါတယ်။ မှတ်တမ်းတင်မထားဘူး၊ မရှိဘူးလို့ ပြောပေမဲ့ တကယ်တော့ လူမျက်လုံးနဲ့ မြင်နိုင်တဲ့ ရလဒ်မရှိပါဘူး။ ဒီ “ မရှိဘူး” ဆိုတာက ကိစ္စတစ်ရပ်ကို ရှင်းလင်းပေးတယ်။ ဘုရားသခင်ရဲ့ သဘောထားနဲ့ တစ်ချို့အရာတွေကို ကိုင်တွယ်ရာမှာ အခြေခံသဘောတရားတွေကို ရှင်းလင်းပေးတယ်။ သူ့ကို ထိပါးစော်ကားတဲ့သူ သို့မဟုတ် ဆန့်ကျင်တဲ့သူ၊ သို့မဟုတ် သူ့ကိုမကောင်းပြောတဲ့သူ၊ သူ့ကို တမင်သက်သက် တိုက်ခိုက်၊ မကောင်းပြော၊ ကျိန်ဆဲတဲ့သူအပေါ် ဘုရားသခင်ရဲ့ ဆက်ဆံပုံက၊ သူဟာ မမြင်ချင်ယောင်၊ မသိချင်ယောင်မဆောင်ပါဘူး။ သူတို့အပေါ်မှာ ရှင်းလင်းတဲ့သဘောထားတစ်ခု သူ့မှာရှိတယ်။ ဒီလူတွေကို သူ စက်ဆုပ်ရွံရှာတယ်။ သူ့နှလုံးသားမှာ သူတို့ကို ရှုတ်ချတယ်။ သူ့ကို ထိခိုက်စော်ကားတဲ့သူတွေအပေါ်မှာ ရှင်းလင်းပြတ်သားတဲ့ သဘောထားရှိတယ်ဆိုတာကို လူတွေသိဖို့၊ သူတို့ရဲ့ရလဒ်တွေကို သူဘယ်လိုသတ်မှတ်မယ်ဆိုတာကို သူတို့သိဖို့အတွက် သူတို့အတွက် ရလဒ်ကိုတောင် ပွင့်ပွင့်လင်းလင်းကြေညာတယ်။ ဒါပေမဲ့ ဘုရားသခင်က ဒါတွေကို ပြောပြီးနောက်မှာ လူတွေဟာ ဘုရားသခင်က ဒီလူတွေကို ဘယ်လိုကိုင်တွယ်မယ်ဆိုတာနဲ့ပတ်သက်ပြီး အမှန်တရားကို သိပ်မမြင်နိုင်ကြသေးဘူး။ ဘုရားသခင်ရဲ့ အကျိုးဆက်နောက်က အခြေခံသဘောတရားတွေ၊ သူတို့အတွက် သူ့ရဲ့ ဆုံးဖြတ်ချက်ကို သူတို့ နားမလည်နိုင်ဘူး။ ဆိုလိုတာက လူသားမျိုးနွယ်ဟာ ဘုရားသခင်က သူတို့ကိုင်တွယ်ဖို့အတွက် နည်းလမ်းတွေနဲ့ သီးသန့်သဘောထားတွေကို မမြင်နိုင်ကြဘူး။ ဒါဟာ အမှုအရာတွေကို လုပ်ဆောင်တာနဲ့ ပတ်သက်တဲ့ ဘုရားသခင်ရဲ့ နိယာမတွေနဲ့ သက်ဆိုင်ပါတယ်။ တစ်ချို့လူတွေရဲ့ ဆိုးယုတ်တဲ့ အပြုအမူကို ကိုင်တွယ်ဖို့ အမှန်တရားရဲ့ ထွန်းကားလာမှုကို ဘုရားသခင် အသုံးပြုပါတယ်။ ဆိုလိုတာက သူတို့ရဲ့အပြစ်တရားကို သူမကြေညာဘူး။ သူတို့ရဲ့ အကျိုးရလဒ်ကို မသတ်မှတ်ဘူး။ ဒါပေမဲ့ သူတို့ကို အပြစ်ဒဏ်ခတ်ဖို့အတွက်၊ သူတို့ရဲ့ ပြစ်ဒဏ်ခံရဖို့အတွက် အမှန်တရားရဲ့ ထွန်းကားလာမှုကို သူ တိုက်ရိုက်အသုံးပြုတယ်။ ဒီအမှန်တရားတွေ ဖြစ်ပျက်တဲ့အခါမှာ အပြစ်ဒဏ်ကို ခံစားရတာက လူတွေရဲ့ ဇာတိဖြစ်တယ်။ လူ့မျက်စိနဲ့ မြင်နိုင်တဲ့ အရာတွေပဲဖြစ်ပါတယ်။ တစ်ချို့လူတွေရဲ့ ဆိုးယုတ်တဲ့ အပြုအမူတွေကို ကိုင်တွယ်တဲ့အခါမှာ ဘုရားသခင်က သူတို့ကို စကားလုံးတွေနဲ့ ကျိန်ဆဲပါတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ဘုရားသခင်ရဲ့ အမျက်ဒေါသက သူတို့အပေါ်ကို ကျရောက်လာပြီး သူတို့ရရှိတဲ့အပြစ်ဒဏ်က လူတွေမမြင်နိုင်တဲ့ အရာဖြစ်နိုင်တယ်။ ဒါပေမဲ့ ဒီလိုရလဒ်မျိုးက လူတွမြင်နိုင်တဲ့ အပြစ်ဒဏ်ခတ်ခြင်း သို့မဟုတ် အဆုံးစီရင်ခံရခြင်း ရလဒ်ထက် ပိုပြီးတော့တောင် ပြင်းထန်နိုင်ပါတယ်။ ဒါဟာ ဘုရားသခင်က ဒီလိုလူမျိုးကို မကယ်တင်ဖို့၊ သနားကြင်နာမှု မပြသတော့ဖို့ သို့မဟုတ် သူတို့အတွက် သည်းမခံတော့ဖို့၊ သူတို့ကို အခွင့်အရေးထပ် မပေးတော့ဖို့သတ်မှတ်ထားတဲ့ အခြေအနေအောက်မှာ သူတို့အပေါ်မှာ သူထားရှိတဲ့ သဘောထားက သူတို့ကို ဘေးဖယ်ထားဖို့အတွက်ဖြစ်တာကြောင့်ဖြစ်ပါတယ်။ “ ဘေးဖယ်” ဆိုတဲ့ အဓိပ္ပာယ်က ဘာလဲ။ ဒီဝေါဟာရဲ့ အဓိပ္ပာယ်ကိုယ်၌က တစ်ခုခုကို တစ်ဖက်ဖက်မှာ ထားဖို့၊ အာရုံမစိုက်တော့ဖို့ ဖြစ်ပါတယ်။ ဒီနေရာမှာ ဘုရားသခင်က “ ဘေးဖယ်” လိုက်တဲ့အခါမှာ သူ့ရဲ့ မတူညီတဲ့ အဓိပ္ပာယ်နှစ်မျိုးရှိပါတယ်။ ပထမရှင်းပြချက်က သူဟာ အဲဒီလူရဲ့ အသက်၊ အဲဒီလူရဲ့ အရာရာတိုင်းကို စာတန်ကို ကိုင်တွယ်ဖို့ ပေးအပ်လိုက်တယ်ဆိုတာဖြစ်ပါတယ်။ ဘုရားသခင်က တာဝန်ရှိမှာမဟုတ်တော့ဘဲ စီမံခန့်ခွဲမှာမဟုတ်တော့ဘူး။ ဒီလူက ရူးသွားပါစေ၊ သို့မဟုတ် မိုက်မဲပါစေ၊ အသက်ရှင်ချိန် သို့မဟုတ် သေတဲ့အချိန်မှာဖြစ်ပါစေ၊ သို့မဟုတ် သူတို့ရဲ့ အပြစ်ဒဏ်အတွက် ငရဲကို သက်ဆင်းသွားပါစေ၊ ဘုရားသခင်နဲ့ ဘာမှ မသက်ဆိုင်တော့ပါဘူး။ ဒီဖန်ဆင်းခံဟာ ဖန်ဆင်းရှင်နဲ့ ဆက်စပ်မှုမရှိတော့ဘူးလို့ ဆိုလိုပါတယ်။ ဒုတိယ ရှင်းပြချက်က ဘုရားသခင်ဟာ သူကိုယ်တိုင် သူ့ရဲ့လက်နဲ့ ဒီလူကို တစ်ခုခုပြုလုပ်ဖို့ ဆုံးဖြတ်ထားတယ်။ ဒီလိုလူမျိုးရဲ့ အစေခံခြင်းကို သူအသုံးချဖို့ ဖြစ်နိုင်တယ်။ သို့မဟုတ် ဒီလူမျိုးကို အဖြည့်ခံတစ်ခုအနေနဲ့ အသုံးချဖို့ဖြစ်နိုင်တယ်။ ဒီလိုလူမျိုးကိုင်တွယ်ဖို့ သူ့မှာ အထူးနည်းလမ်းတစ်ခု၊ သူတို့ကို ဆက်ဆံဖို့ အထူးနည်းလမ်းတစ်ခုရှိဖို့ ဖြစ်နိုင်ပါတယ်။ ရှင်ပေါလုလိုပေါ့။ ဒါဟာ ဒီလိုလူမျိုးကို ကိုင်တွယ်ဖို့ သူဘယ်လို သတ်မှတ်ထားတယ်ဆိုတဲ့ ဘုရားသခင်ရဲ့ နှလုံးသားမှာရှိတဲ့ သဘောထားနဲ့ အခြေခံစည်းမျဉ်းဖြစ်ပါတယ်။ ဒါကြောင့် လူတွေက ဘုရားသခင်ကို ဆန့်ကျင်တဲ့အခါ၊ မကောင်းပြောတဲ့အခါ၊ သူ့ကို ထိပါးစော်ကားတဲ့အခါမှာ၊ သူ့ရဲ့ စိတ်သဘောထားကို နှောင့်ယှက်ရင် သို့မဟုတ် ဘုရားသခင်ရဲ့ နောက်ဆုံးသည်းခံနိုင်စွမ်းအထိရောက်သွားရင်၊ အကျိုးဆက်က မတွေးဝံ့စရာပါ။ အပြင်းထန်ဆုံး အကျိုးဆက်က ဘုရားသခင်ဟာ သူတို့ရဲ့ဘဝတွေနဲ့ သူတို့ရဲ့ အရာရာတိုင်းကို စာတန်ဆီကို ထာဝရ လွှဲပြောင်းပေးလိုက်ခြင်းပါပဲ။ သူတို့ကို ထာဝရ ခွင့်လွှတ်တော့မှာ မဟုတ်တော့ဘူး။ ဒါက ဒီလူဟာ စာတန်ရဲ့ ပါးစပ်က အစာ၊ သူ့လက်ထဲမှာ ရှိတဲ့ ကစားစရာအရုပ် ဖြစ်သွားတယ်လို့ ဆိုလိုပြီး အဲဒီအချိန်ကနေစပြီးတော့ ဘုရားသခင်က သူတို့နဲ့ ဘာမှ မသက်ဆိုင်တော့ပါဘူး။ စာတန်က ယောဘကို ဖြားယောင်းသွေးဆောင်တဲ့အခါမှာ ဘယ်လိုစိတ်ဆင်းရဲမှုမျိုးဖြစ်ခဲ့လဲဆိုတာကို သင်တို့ စိတ်ကူးကြည့်နိုင်ပါသလား။ ယောဘရဲ့အသက်ကို ထိခိုက်ဖို့ စာတန်ကို ခွင့်မပြုတဲ့ သတ်မှတ်ချက်အောက်မှာ ယောဘဟာ ဒုက္ခကို ကြီးစွာ ခံစားရဆဲပါပဲ။ စာတန်ဆီကို လုံးဝ လွှဲအပ်ခြင်းခံရတဲ့၊ စာတန်ရဲ့ လက်ထဲမှာ လုံးဝကျရောက်နေတဲ့၊ ဘုရားသခင်ရဲ့ ဂရုစိုက်မှုနဲ့ သနားကြင်နာမှုကို လုံးဝ ဆုံးရှုံးသွားတဲ့၊ ဖန်ဆင်းရှင်ရဲ့ အုပ်ချုပ်မှုအောက်မှာ မရှိတော့တဲ့၊ သူ့ကို ကိုးကွယ်ဖို့ အခွင့်၊ ဘုရားသခင်ရဲ့အုပ်ချုပ်မှုအောက်မှာ ရှိတဲ့ ဖန်ဆင်းခံဖြစ်ဖို့အခွင့်ကို ဖယ်ရှားခံလိုက်ရတဲ့၊ ဖန်ဆင်းခြင်းရဲ့ အရှင်သခင်နဲ့ ဆက်ဆံရေးကို လုံးဝ ဖြတ်တောက်ခံလိုက်ရတဲ့သူအပေါ်မှာ ကျရောက်မယ့် စာတန်ရဲ့ ဖျက်ဆီးခြင်းကို စဉ်းစားကြည့်ဖို့က ပိုတောင် မခက်ခဲဘူးလား။ စာတန်ရဲ့ ယောဘကို နှိပ်စက်ညှင်းပန်းခြင်းက လူ့မျက်စိနဲ့မြင်နိုင်တဲ့ အရာတစ်ခုဖြစ်တယ်။ ဒါပေမဲ့ ဘုရားသခင်က လူတစ်ယောက်ရဲ့ အသက်ကို စာတန်ဆီကို လွှဲပြောင်းပေးလိုက်ရင် အကျိုးဆက်က ဘယ်သူကမှ စဉ်းစားလို့မရနိုင်တဲ့ အရာဖြစ်လိမ့်မယ်။ နွားသို့မဟုတ် မြည်းအနေနဲ့ ပြန်လည်မွေးဖွားလာတဲ့လူတစ်ချို့လို၊ သို့မဟုတ် မသန့်ရှင်းတဲ့ ဆိုးယုတ်တဲ့ နတ်ဆိုးတွေဝင်ပူးခြင်းခံရတဲ့ လူတွေလို စသဖြင့် ဖြစ်လိမ့်မယ်။ ဒါက ဘုရားသခင်အားဖြင့် စာတန်ဆီကို လွှဲပြောင်းပေးခြင်းခံရတဲ့ တစ်ချို့လူတွေရဲ့ အကျိုးရလဒ်ဖြစ်တယ်။ အဆုံးသတ်ဖြစ်တယ်။ အပြင်ပန်းကနေကြည့်ရင် သခင်ယေရှုကို လှောင်ပြောင်တဲ့၊ မကောင်းပြောတဲ့၊ ရှုတ်ချတဲ့၊ ထိပါးစော်ကားတဲ့ သူတွေဟာ ဘာအကျိုးဆက်မှ မခံစားရဘူးလို့ ထင်ရတယ်။ ဒါပေမဲ့ အမှန်ကတော့ ဘုရားသခင်ဟာ အရာရာတိုင်းကို ကိုင်တွယ်ဖို့ သဘောထားတစ်ခု ရှိပါတယ်။ လူအမျိုးအစားတိုင်းကို သူဘယ်လိုကိုင်တွယ်တယ်ဆိုတဲ့ အကျိုးဆက်ကို လူတွေကို ပြောပြဖို့ ရှင်းလင်းတဲ့ ဘာသာစကားကို သူအသုံးပြုချင်မှ ပြုလိမ့်မယ်။ တစ်ခါတလေမှာ သူ တိုက်ရိုက် စကားမပြောဘူး။ ဒါပေမဲ့ အကြောင်းကိစ္စတွေကို တိုက်ရိုက်လုပ်ဆောင်တယ်။ သူက ကိစ္စတစ်ခုကို မပြောခြင်းက ရလဒ်မရှိဘူးလို့ မဆိုလိုဘူး။ ရလဒ်က ပိုပြီးတော့တောင် လေးနက်ဖို့ ဖြစ်နိုင်ပါတယ်။ အပြင်ပန်း အသွင်အပြင်ကနေကြည့်ရင် သူ့ရဲ့သဘောထားကို ဖွင့်ပြဖို့ လူတစ်ချို့ကို ဘုရားသခင်က စကားမပြောဘူးလို့ ထင်ရတယ်။ တကယ်တော့ ဘုရားသခင်က သူတို့ကို အာရုံမစိုက်ချင်ခဲ့တာ အတော်ကြာပါပြီ။ သူတို့ကို ဘုရားသခင် ထပ်မတွေ့ချင်တော့ဘူး။ သူတို့လုပ်ခဲ့တဲ့ အရာတွေကြောင့်၊ သူတို့ရဲ့အပြုအမူတွေကြောင့်၊ သူတို့ရဲ့ အကျင့်စရိုက်နဲ့ သူတို့ရဲ့ အနှစ်သာရတွေကြောင့်၊ ဘုရားသခင်ဟာ သူတို့ကို သူ့မြင်ကွင်းကနေ ပျောက်သွားဖို့ပဲ အလိုရှိတယ်။ စာတန်လုပ်ချင်တာလုပ်ဖို့အတွက် သူတို့ရဲ့ စိတ်ဓာတ်၊ ဝိညာဉ်နဲ့ ခန္ဓာကို စာတန်ကိုပေးဖို့၊ သူတို့ကို စာတန်ဆီ တိုက်ရိုက်လွှဲပေးလိုက်ချင်တယ်။ ဘယ်အတိုင်းအတာထိ ဘုရားသခင်က သူတို့ကို မုန်းသလဲဆိုတာ၊ ဘယ်အတိုင်းအတာအထိ သူတို့ကို ရွံမုန်းသလဲဆိုတာ ရှင်းပါတယ်။ ဘုရားသခင်က သူတို့ကို ကြည့်တောင် မကြည့်ချင်လောက်တဲ့အထိ လူတစ်ယောက်က သူ့ကို အမျက်ထွက်စေရင်၊ ဘုရားသခင်က သူတို့ကို သူကိုယ်တိုင်တောင် မကိုင်တွယ်ချင်လောက်တဲ့အထိ သူတို့ကို လုံးဝစွန့်လွှတ်လိုက်မယ်ဆိုရင်၊ စာတန်ကို သူလုပ်ချင်တာလုပ်ဖို့၊ စာတန်ကို ထိန်းချုပ်ခွင့်ပေးဖို့၊ ဝါးမျိုခွင့်ပေးဖို့၊ ကြိုက်သလို ဆက်ဆံစေဖို့ ဘုရားသခင်က လွှဲပြောင်းပေးလိုက်တဲ့ အဆင့်အထိရောက်ရင် ဒီလူဟာ လုံးဝပြီးဆုံးသွားပါပြီ။ သူတို့ရဲ့ လူသားဖြစ်ဖို့ အခွင့်အရေးကို ထာဝရ ရုတ်သိမ်းခံလိုက်ရပါပြီ။ ဖန်ဆင်းခံတစ်ယောက်အနေနဲ့ သူတို့ရဲ့ အခွင့်အရေးဟာ အဆုံးသတ်ကို ရောက်သွားပါပြီ။ ဒါဟာ အပြင်းထန်ဆုံး အပြစ်ဒဏ် မဟုတ်ဘူးလား။ ဒီအထက်က အရာအားလုံးဟာ နှုတ်ကပတ်တော်တွေရဲ့ ပြည့်စုံတဲ့ ရှင်းပြချက်ပါ။ “ သန့်ရှင်းသောဝိညာဉ်တော်ကို နှုတ်ဖြင့် ပြစ်မှားသောသူ၏အပြစ်ကို ယခုဘဝနောင်ဘဝ၌ မလွှတ်နိုင်။” ဒါဟာ ဒီကျမ်းစာ စာပိုဒ်တွေအပေါ်မှာ ရိုးရှင်းတဲ့ ရှင်းလင်းချက်လည်း ဖြစ်ပါတယ်။ အခု သင်တို့ ဒါအပေါ်မှာ နားလည်မှုတစ်ခုရှိပြီလို့ ငါထင်ပါတယ်။
0 Comments
Leave a Reply. |