သခင်ယေရှုဟာ သူ့ရဲ့ ရှင်ပြန်ထမြောက်ပြီးနောက်မှာ ပေါင်မုန့်ကိုစားပြီး ကျမ်းစာကို ရှင်းပြတယ် ရှင်လုကာခရစ်ဝင်ကျမ်း ၂၄:၃၀-၃၂ စားပွဲ၌ သူတို့နှင့်အတူ လျောင်းတော်မူစဉ်၊ မုန့်ကိုယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ သူတို့အား ပေးတော်မူသည်တွင်၊ သူတို့သည် မျက်စိပွင့်လင်း၍ ကိုယ်တော်ဖြစ်သည်ကို သိကြ၏။ ထိုအခါ ကိုယ်တော်သည် ကွယ်တော်မူ၏။ တပည့်တော်တို့ကလည်း၊ လမ်းခရီး၌ ငါတို့နှင့်ဟောပြော၍ ကျမ်းစာအနက်ကို ဖွင့်ပြတော်မူသောအခါ၊ ငါတို့ စိတ်နှလုံးသည် ယိုဖိတ်မတတ်ဖြစ်သည်မဟုတ်လောဟု အချင်းချင်းပြောဆိုကြ၏။
0 Comments
ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၂၀:၂၆-၂၉ ထိုနောက် ရှစ်ရက်မြောက်သောနေ့၌ တပည့်တော်တို့သည် တဖန်အထဲမှာရှိကြ၍ သောမလည်းပါ၏။ တံခါးများကို ပိတ်ထားစဉ်အခါ၊ ယေရှုသည်ကြွလာ၍ အလယ်မှာရပ်တော်မူလျက်၊ သင်တို့၌ငြိမ်သက်ခြင်း ရှိစေသတည်းဟု မိန့်တော်မူ၏။ ထိုအခါ သောမအား၊ သင်၏လက်ညှိုးကိုဆန့်၍ ငါ့လက်ကိုကြည့်လော့။ သင်၏လက်ကိုဆန့်၍ ငါ့ နံဖေးကို စမ်းသပ်လော့။ ယုံမှားခြင်းမရှိနှင့်။ ယုံလော့ဟု မိန့်တော်မူ၏။ သောမကလည်း၊ အကျွန်ုပ်၏အရှင်၊ အကျွန်ုပ်၏ ဘုရားသခင်ပါတကားဟု ပြန်၍လျှောက်၏။ ယေရှုကလည်း၊ သင်သည်ငါ့ကိုမြင်သောကြောင့် ယုံခြင်းရှိ၏။ ငါ့ကိုမမြင်ဘဲ ယုံသောသူတို့သည် မင်္ဂလာရှိကြ၏ဟု မိန့်တော်မူ၏။ ၁။ တောင်ပေါ်ဒေသနာ ၁) မင်္ဂလာတရားတော်များ (ရှင်မဿဲ ၅:၃-၁၂) ၂) ဆားနဲ့အလင်း (ရှင်မဿဲ ၅:၁၃-၁၆) ၃) ပညတ်တော် (ရှင်မဿဲ ၅:၁၇-၂၀) ၄) အမျက်ဒေါသ (ရှင်မဿဲ ၅:၂၁-၂၆) ၅) အိမ်ထောင်ရေးဖောက်ပြန်ခြင်း (ရှင်မဿဲ ၅:၂၇-၃၀) ၆) အိမ်ထောင်ရေးကွာရှင်းခြင်း (ရှင်မဿဲ ၅:၃၁-၃၂) ၇) ကျိန်ဆိုခြင်း (ရှင်မဿဲ ၅:၃၃-၃၇) ၈) မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး (ရှင်မဿဲ ၅:၃၈-၄၂) ၉) ရန်သူကိုချစ်ပါ (ရှင်မဿဲ ၅:၄၃-၄၈) ၁၀) လှူဒါန်းခြင်းနဲ့ပတ်သက်တဲ့ လမ်းညွှန်ချက် (ရှင်မဿဲ ၆:၁-၄) ၁၁) ဆုတောင်းခြင်း (ရှင်မဿဲ ၆:၅-၈) ၁။ သခင်ယေရှုအပေါ် ဖာရိရှဲတို့ရဲ့ ဝေဖန်အကဲဖြတ်ခြင်း
ရှင်မာကု ၃:၂၁-၂၂ ကိုယ်တော်၏ အဆွေအမျိုးတို့သည်ကြားလျှင်၊ သူသည် အရူးဖြစ်၏ဟုဆို၍ ကိုယ်တော်ကို ဘမ်းဆီးခြင်းငှါ ထွက်သွားကြ၏။ ယေရုရှလင်မြို့မှလာသော ကျမ်းပြုဆရာတို့ကလည်း၊ သူသည် ဗေလဇေဗုလ စွဲသောသူဖြစ်၏။ နတ်ဆိုးမင်းကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်ဟု ဆိုကြ၏။ ၂။ ဖာရိရှဲတွေကို သခင်ယေရှု ပြင်းထန်စွာ ပြစ်တင်ဝေဖန်ခြင်း ရှင်မဿဲ ၁၂:၃၁-၃၂ ထိုကြောင့် ငါဆိုသည်ကား၊ ပြစ်မှားသောအပြစ်၊ ဘုရားကိုကဲ့ရဲ့သောအပြစ်အမျိုးမျိုးတို့နှင့် လွတ်စေခြင်းအခွင့်ကို လူတို့သည် ရနိုင်ကြ၏။ ဝိညာဉ်တော်ကို ကဲ့ရဲ့သောအပြစ်နှင့်လွတ်စေခြင်းအခွင့်ကို လူတို့သည် မရနိုင်ကြ။ လူသားကို နှုတ်ဖြင့်ပြစ်မှားသောသူ၏အပြစ်ကိုလည်း လွှတ်နိုင်၏။ သန့်ရှင်းသောဝိညာဉ်တော်ကို နှုတ်ဖြင့် ပြစ်မှားသောသူ၏အပြစ်ကို ယခုဘဝနောင်ဘဝ၌ မလွှတ်နိုင်။ |