၁။ တောင်ပေါ်ဒေသနာ ၁) မင်္ဂလာတရားတော်များ (ရှင်မဿဲ ၅:၃-၁၂) ၂) ဆားနဲ့အလင်း (ရှင်မဿဲ ၅:၁၃-၁၆) ၃) ပညတ်တော် (ရှင်မဿဲ ၅:၁၇-၂၀) ၄) အမျက်ဒေါသ (ရှင်မဿဲ ၅:၂၁-၂၆) ၅) အိမ်ထောင်ရေးဖောက်ပြန်ခြင်း (ရှင်မဿဲ ၅:၂၇-၃၀) ၆) အိမ်ထောင်ရေးကွာရှင်းခြင်း (ရှင်မဿဲ ၅:၃၁-၃၂) ၇) ကျိန်ဆိုခြင်း (ရှင်မဿဲ ၅:၃၃-၃၇) ၈) မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး (ရှင်မဿဲ ၅:၃၈-၄၂) ၉) ရန်သူကိုချစ်ပါ (ရှင်မဿဲ ၅:၄၃-၄၈) ၁၀) လှူဒါန်းခြင်းနဲ့ပတ်သက်တဲ့ လမ်းညွှန်ချက် (ရှင်မဿဲ ၆:၁-၄) ၁၁) ဆုတောင်းခြင်း (ရှင်မဿဲ ၆:၅-၈) ၂။ သခင်ယေရှုရဲ့ ပုံဥပမာများ ၁) မျိုးစေ့ကြဲသူရဲ့ ပုံဥပမာ (ရှင်မဿဲ ၁၃:၁-၉) ၂) တောပင်များရဲ့ ပုံဥပမာ (ရှင်မဿဲ ၁၂:၂၄-၃၀) ၃) မုန်ညင်းစေ့ရဲ့ ပုံဥပမာ (ရှင်မဿဲ ၁၃:၃၁-၃၂) ၄) တဆေးရဲ့ ပုံဥပမာ (ရှင်မဿဲ ၁၃:၃၃) ၅) တောပင်များရဲ့ ပုံဥပမာကို ရှင်းပြထားခြင်း (ရှင်မဿဲ ၁၃:၃၆-၄၃) ၆) ဘဏ္ဍာရဲ့ ပုံဥပမာ (ရှင်မဿဲ ၁၃:၄၄) ၇) ပုလဲရဲ့ ပုံဥပမာ (ရှင်မဿဲ ၁၃:၄၅-၄၆) ၈) ပိုက်ကွန်ရဲ့ ပုံဥပမာ (ရှင်မဿဲ ၁၃:၄၇-၅၀) ၃။ ပညတ်တော်များ ရှင်မဿဲ ၂၂:၃၇-၃၉ ယေရှုက၊ သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ဉာဏ်ရှိသမျှနှင့် ချစ်လော့၊ ဟူသော ပညတ်သည် ပဌမပညတ်ဖြစ်၏။ ကြီးမြတ်သော ပညတ်လည်းဖြစ်၏။ ထိုမှတပါး ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့ဟူသော ဒုတိယကပညတ်သည် ပဌမ ပညတ်နှင့် သဘောတူ၏။ “ တောင်ပေါ်ဒေသနာ” ရဲ့ အပိုင်းတစ်ခုစီကို အရင်ကြည့်ရအောင်။ ဒါတွေအားလုံးက ဘာနဲ့ဆက်စပ်တာလဲ။ ဒီအရာတွေအားလုံးက ပိုပြီး မြှင့်တင်ထားတယ်၊ ပိုပြီး ခိုင်မာတယ်။ ပညတ်တော်ခေတ်ရဲ့ စည်းမျဉ်းတွေထက်ပိုပြီး လူတွေရဲ့ ဘဝတွေနဲ့ နီးစပ်တယ်ဆိုတာ သေချာပေါက်ပြောနိုင်တယ်။ ခေတ်စကားနဲ့ပြောရရင် လူတွေရဲ့ လက်တွေ့ကျင့်သုံးမှုတွေနဲ့ ပိုပြီးဆက်စပ်တယ်။ ဒီအသေးစိတ်အကြောင်းအရာတွေကို ဖတ်ကြည့်ရအောင်။ မင်္ဂလာတရားတော်တွေကို သင်ဘယ်လိုနားလည်သင့်သလဲ။ ပညတ်တော်နဲ့ပတ်သက်ပြီး သင်ဘာသိသင့်သလဲ။ အမျက်ဒေါသကို ဘယ်လိုအဓိပ္ပာယ်ဖွင့်မလဲ။ အိမ်ထောင်ရေးဖောက်ပြန်သူတွေကို ဘယ်လို ကိုင်တွယ်သင့်သလဲ။ အိမ်ထောင်ရေးကွာရှင်းမှုနဲ့ ပတ်သက်ပြီး ဘာတွေပြောထားပြီး ဘယ်လို စည်းမျဉ်းတွေရှိသလဲ။ ဘယ်သူက ကွာရှင်းလို့ရပြီး ဘယ်သူက ကွာရှင်းလို့မရသလဲ။ ကျိန်ဆိုခြင်း၊ မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး၊ ရန်သူကိုချစ်ပါ၊ လှူဒါန်းခြင်း စတာတွေနဲ့ပတ်သက်ပြီး ဘယ်လိုလဲ။ ဒီအရာတွေအားလုံးက ဘုရားသခင်အပေါ် လူသားရဲ့ယုံကြည်မှုကို ကျင့်သုံးခြင်းနဲ့ ဘုရားနောက်ကို သူတို့လိုက်ခြင်းရဲ့ သွင်ပြင်လက္ခဏာတိုင်းနဲ့ သက်ဆိုင်ပါတယ်။ ဒီအလေ့အကျင့်တွေထဲကတစ်ချို့က ဒီနေ့အထိ အသုံးချလို့ ရနေပါသေးတယ်။ ဒါပေမဲ့ လူတွေရဲ့ လက်ရှိလိုအပ်ချက်တွေထက် ပိုပြီး ခေတ်နောက်ကျပါတယ်။ ဒါတွေဟာ ဘုရားသခင်အပေါ် လူတွေရဲ့ ယုံကြည်မှုမှာ သူတို့ကြုံတွေ့ရတဲ့ တော်တော်ကို အခြေခံကျတဲ့ သမ္မာတရားတွေဖြစ်ပါတယ်။ သခင်ယေရှုအလုပ်စလုပ်တဲ့အချိန်ကစပြီး သူဟာ လူသားရဲ့ အသက်တာစိတ်သဘောထားအပေါ် အလုပ်လုပ်ဖို့ စနှင့်နေပြီးဖြစ်ပါတယ်။ ဒါပေမဲ့ ဒါဟာ ပညတ်တော်တွေရဲ့ အခြေခံအုတ်မြစ်ပေါ်မှာ အခြေခံထားပါတယ်။ ဒီခေါင်းစဉ်တွေမှာရှိတဲ့ စည်းမျဉ်းတွေနဲ့ ဆိုရိုးတွေဟာ သမ္မာတရားနဲ့ ဘာသက်ဆိုင်ခြင်းရှိပါသလဲ။ သက်ဆိုင်တာပေါ့။ အရင်က စည်းမျဉ်းတွေ၊ အခြေခံသဘောတရားတွေနဲ့ ကျေးဇူးတော်ခေတ်က ဒေသနာတို့ အားလုံးဟာ ဘုရားသခင်ရဲ့ စိတ်သဘောထားနဲ့ သူ့ရဲ့အရာအားလုံးနဲ့ဖြစ်ခြင်းတို့နဲ့ ဆက်စပ်နေပြီး သမ္မာတရားနဲ့လည်း ဆက်စပ်တာပေါ့။ ဘုရားသခင်က ဘာကိုပဲဖော်ပြပါစေ၊ ဘယ်လိုနည်းနဲ့ ဖော်ပြပါစေ၊ သို့မဟုတ် ဘယ်လိုဘာသာစကားကို အသုံးပြုပါစေ၊ သူ့ရဲ့ အခြေခံအုတ်မြစ်၊ မူလအရင်းအမြစ်နဲ့ သူ့ရဲ့ အစမှတ်တို့ အားလုံးဟာ သူ့ရဲ့ စိတ်သဘောထားနဲ့ သူ့ရဲ့အရာအားလုံးနဲ့ဖြစ်ခြင်းရဲ့ အခြေခံစည်းမျဉ်းတွေအပေါ်မှာ အခြေခံထားပါတယ်။ ဒါဟာ အမှားအယွင်း မပါဝင်ပါဘူး။ ဒါကြောင့် အခု သူပြောတဲ့အရာတွေဟာ နည်းနည်းမလေးနက်ဘူးလို့ ထင်ရပေမဲ့ ဒါတွေက သမ္မာတရားမဟုတ်ဘူးလို့ သင်မပြောနိုင်ဘူး။ ဘာကြောင့်လဲဆိုရင် ဘုရားသခင်ရဲ့ အလိုတော်ကို ဖြည့်ဆည်းဖို့အတွက်နဲ့ သူတို့ရဲ့ ဘဝ စိတ်သဘောထားမှာ ပြောင်းလဲခြင်းတစ်ခုကို ရရှိဖို့ ကျေးဇူးတော်ခေတ်မှာရှိတဲ့ လူတွေအတွက် ခွဲခြားလို့မရနိုင်တဲ့ အရာတွေဖြစ်တယ်။ ဒေသနာထဲမှာပါတဲ့ ဘယ်အရာတစ်ခုမှ သမ္မာတရားနဲ့ ကိုက်ညီခြင်းမရှိဘူးလို့ သင်ပြောနိုင်သလား။ သင်မပြောနိုင်ပါဘူး။ ဒီအရာတွေ တစ်ခုချင်းစီတိုင်းက သမ္မာတရားဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဒါတွေအားလုံးက လူသားမျိုးနွယ်အတွက် ဘုရားသခင်ရဲ့ လိုအပ်ချက်တွေဖြစ်တာကြောင့်ပါ။ ဒီအရာတွေအားလုံးက ကိုယ့်ကိုယ်ကိုယ် ဘယ်လိုပြုမူနေထိုင်ရမယ်ဆိုတာအတွက် ဘုရားသခင်က ပေးတဲ့ အခြေခံသဘောတရားတွေနဲ့ ရည်ရွယ်ချက်တွေဖြစ်ပြီး ဒီအရာတွေက ဘုရားသခင်ရဲ့ စိတ်သဘောထားကို ကိုယ်စားပြုပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာရှိတဲ့ အသက်တာထဲ သူတို့ရဲ့ကြီးပြင်းမှုအဆင့်အပေါ်မှာ အခြေခံပြီး ကြည့်ရင် သူတို့ဟာ ဒီအရာတွေကို လက်ခံပြီး နားလည်သဘောပေါက်ခြင်းသာ ပြုလုပ်နိုင်ကြပါတယ်။ ဘာကြောင့်လဲဆိုရင် လူသားရဲ့အပြစ်တရားဟာ မဖြေရှင်းရသေးပါဘူး။ သခင်ယေရှုက ဒီနှုတ်ကပတ်တော်တွေကိုပဲ ထုတ်လွှတ်နိုင်တယ်။ လူတွေ ဘယ်လိုပြုမူသင့်တယ်၊ သူတို့ ဘာလုပ်သင့်တယ်၊ ဘယ်စည်းမျဉ်းနဲ့ ရည်ရွယ်ချက်အတွင်းမှာ သူတို့ လုပ်သင့်တယ်ဆိုတာ၊ ဘုရားသခင်ကို သူတို့ဘယ်လိုယုံကြည်ပြီး သူ့ရဲ့လိုအပ်ချက်တွေကို ဘယ်လိုဖြည့်မလဲဆိုတာတွေကို အဲဒီအချိန်ကလူတွေကို ပြောဖို့ ဒီနယ်ပယ်အတွင်းမှာရှိတဲ့ ဒီလို ရိုးရှင်းတဲ့ သင်ကြားမှုတွေကို သူသာလျှင် အသုံးပြုနိုင်ပါတယ်။ ဒီအရာတွေအားလုံးက အဲဒီအချိန်မှာ လူသားမျိုးနွယ်ရဲ့ ဝိညာဉ်အသက်တာအပေါ်မှာ အခြေခံပြီး ပိုင်းခြားသတ်မှတ်ပါတယ်။ ပညတ်တော်အောက်မှာနေနေတဲ့ လူတွေအတွက် ဒီသင်ကြားမှုတွေကို လက်ခံဖို့ မလွယ်ကူဘူး။ ဒါကြောင့် သခင်ယေရှုသင်ကြားတဲ့ အရာတွေဟာ ဒီနယ်ပယ်အတွင်းမှာပဲ ရှိခဲ့ရပါတယ်။ နောက်တစ်ခုအတွက် “ သခင်ယေရှုရဲ့ ပုံဥပမာများ” မှာ ဘာတွေပါသလဲ ကြည့်ရအောင်။ ပထမတစ်ခုက မျိုးစေ့ကြဲသူရဲ့ ပုံဥပမာဖြစ်ပါတယ်။ ဒါက တကယ်ကို စိတ်ဝင်စားစရာကောင်းတဲ့ ပုံဥပမာတစ်ခုပါ။ မျိုးစေ့တွေကိုကြဲခြင်းက လူတွေရဲ့ဘဝမှာ ပြုလုပ်နေကျ အဖြစ်အပျက်ပါ။ ဒုတိယက တောပင်များရဲ့ ပုံဥပမာဖြစ်တယ်။ တောပင်တွေက ဘာတွေဆိုတာကတော့ ကောက်ပဲသီးနှံတွေကို စိုက်ပျိုးတဲ့သူ ဘယ်သူမဆိုနဲ့ လူကြီးတွေက သိပါလိမ့်မယ်။ တတိယကတော့ မုန်ညင်းစေ့ရဲ့ ပုံဥပမာဖြစ်ပါတယ်။ သင်တို့အားလုံး မုန်ညင်းပင်က ဘာဆိုတာကို သိတယ်မဟုတ်လား။ သင်တို့ မသိဘူးဆိုရင် သမ္မာကျမ်းကနေ ကြည့်ကြည့်နိုင်ပါတယ်။ စတုတ္ထတစ်ခုက တဆေးရဲ့ ပုံဥပမာ၊ တဆေးကို အချဉ်ဖောက်ဖို့အတွက် အသုံးပြုတယ်ဆိုတာကို လူအများစု သိကြတယ်။ လူတွေသူတို့ရဲ့နေ့စဉ်ဘဝမှာ အသုံးပြုတဲ့အရာပဲ။ ခြောက်ခုမြောက်ဖြစ်တဲ့ ဘဏ္ဍာရဲ့ ပုံဥပမာ၊ ခုနစ်ခုမြောက်ဖြစ်တဲ့ ပုလဲရဲ့ ပုံဥပမာ၊ ရှစ်ခုမြောက်ဖြစ်တဲ့ ပိုက်ကွန်ရဲ့ ပုံဥပမာတွေ အပါအဝင် အောက်မှာရှိတဲ့ ပုံဥပမာအားလုံးဟာ လူတွေရဲ့ဘဝတွေကနေ ဆွဲယူထားတာ ဖြစ်ပါတယ်။ ဒါတွေအားလုံးက လူတွေရဲ့ လက်တွေ့ဘဝကနေ လာပါတယ်။ ဒီပုံဥပမာတွေမှာ ဘယ်လိုပုံတွေကို ဆေးခြယ်ထားသလဲ။ ဒါက သာမန်ဘဝတစ်ခုရဲ့ ဘာသာစကားကို အသုံးပြုရင်း၊ လူသားတွေနဲ့ ဆက်သွယ်ပြောဆိုဖို့ လူသားရဲ့ ဘာသာစကားကို အသုံးပြုရင်း၊ သူတို့လိုအပ်တာကို ပံ့ပိုးဖို့အတွက် ဘုရားသခင်က သာမန်လူတစ်ယောက်ဖြစ်လာပြီး လူသားမျိုးနွယ်နဲ့အတူ အသက်ရှင်နေထိုင်တဲ့ ပုံဖြစ်ပါတယ်။ ဘုရားသခင်က လူ့ဇာတိဖြစ်လာပြီး လူသားမျိုးနွယ်နဲ့အတူ အချိန်အကြာကြီး အသက်ရှင်နေထိုင်တဲ့အခါမှာ လူတွေရဲ့ ဘဝနေမှုပုံစံအမျိုးမျိုးကို သူကြုံတွေ့ပြီး၊ မျက်မြင် မြင်တွေ့ပြီးနောက်မှာ ဒီအတွေ့အကြုံတွေဟာ သူ့ရဲ့ ဘုရားဘာသာစကားကနေ လူသားဘာသာစကားကို ကူးပြောင်းဖို့အတွက် သူ့ရဲ့ လက်သုံးစာအုပ်ဖြစ်လာပါတယ်။ ဟုတ်ပါတယ်။ ဘဝမှာ သူမြင်ပြီး ကြားရတဲ့ ဒီအရာတွေဟာ လူသားရဲ့လူသားအတွေ့အကြုံကိုလည်း တိုးတက်စေပါတယ်။ သမ္မာတရားတစ်ချို့ကို လူတွေကို သူ နားလည်စေချင်တဲ့အခါမှာ ဘုရားသခင်ရဲ့ အလိုတော်တစ်ချို့ကို နားလည်စေချင်တဲ့အခါမှာ၊ ဘုရားသခင်ရဲ့အလိုတော်နဲ့ လူသားမျိုးနွယ်အတွက် သူ့ရဲ့လိုအပ်ချက်တွေနဲ့ပတ်သက်ပြီး လူတွေကိုပြောပြဖို့ အပေါ်မှာပါတဲ့ အရာတွေနဲ့ ဆင်တူတဲ့ ပုံဥပမာတွေကို သူအသုံးပြုနိုင်ပါတယ်။ ဒီပုံဥပမာတွေအားလုံးက လူသားတွေရဲ့ ဘဝတွေနဲ့ ဆက်စပ်နေတယ်။ လူသားရဲ့ဘဝနဲ့ မသက်ဆိုင်တဲ့ အရာတစ်ခုမှ မပါဘူး။ သခင်ယေရှုက လူသားမျိုးနွယ်နဲ့အတူ နေထိုင်တဲ့အခါမှာ လယ်သမားတွေက သူတို့ရဲ့လယ်ကွင်းကို ပျိုးထောင်နေတာကို သူမြင်ရတယ်။ တောပင်တွေက ဘာဆိုတာ၊ တဆေးက ဘာဆိုတာကို သူသိတယ်။ လူသားတွေက ဘဏ္ဍာတွေကို ကြိုက်နှစ်သက်တယ်ဆိုတာကို သူသိတယ်။ ဒါကြောင့် ဘဏ္ဍာနဲ့ ပုလဲနှစ်ခုလုံးကို တင်စားပြီး အသုံးပြုခဲ့တယ်။ ငါးဖမ်းသမားတွေက သူတို့ပိုက်ကွန်တွေကို ပစ်နေတာကို သူမကြာခဏတွေ့ရတယ် စသဖြင့်ပေါ့။ သခင်ယေရှုဟာ လူသားမျိုးနွယ်ရဲ့ ဘဝတွေမှာ ဒီလှုပ်ရှားမှုတွေကို မြင်တွေ့ရတယ်။ ဒီလိုဘဝမျိုးကို သူလည်း ကြုံတွေ့ခဲ့ရတယ်။ သူဟာ တခြား သာမန်လူတွေလိုပဲ အတူတူပါပဲ။ လူသားတွေရဲ့ တစ်ရက်သုံးနပ်နဲ့ နေ့စဉ်လုပ်ငန်းတွေကို ကြုံတွေ့ရတယ်။ သာမန်လူတစ်ယောက်ရဲ့ ဘဝကို သူကိုယ်တိုင် ကြုံတွေ့ခဲ့ရတယ်။ တခြားလူတွေရဲ့ဘဝတွေကို သူမျက်မြင်တွေ့ကြုံခဲ့ရတယ်။ ဒီအရာတွေအားလုံးကို သူမျက်မြင်ကြုံတွေ့ပြီး ကိုယ်တိုင်တွေ့ကြုံရတဲ့အခါမှာ သူစဉ်းစားတာက ကောင်းမွန်တဲ့ဘဝကို ရအောင် ဘယ်လိုလုပ်ရမလဲ သို့မဟုတ် ပိုပြီးလွတ်လပ်စွာ၊ သက်တောင့်သက်သာရှိစွာနဲ့ ဘယ်လိုနေထိုင်နိုင်မလဲဆိုတာတွေ မဟုတ်ပါဘူး။ စစ်မှန်တဲ့ လူသားဘဝကို သူကြုံတွေ့ရတဲ့အခါမှာ သခင်ယေရှုဟာ လူတွေရဲ့ဘဝတွေမှာရှိတဲ့ အခက်အခဲတွေကို သူမြင်ခဲ့တယ်။ စာတန်ရဲ့ အုပ်စိုးမှုအောက်မှာ အသက်ရှင်နေထိုင်ရင်း၊ အပြစ်တရားထဲမှာ နေထိုင်ရင်း စိတ်ဆင်းရဲမှုတွေ၊ စာတန်ရဲ့ အကျင့်ဖျက်ဆီးခြင်းအောက်မှာ လူတွေရဲ့ ဝမ်းနည်းခြင်းတွေဖြစ်တဲ့ အခက်အခဲတွေကို သူမြင်ခဲ့တယ်။ သူဟာ လူသားဘဝကို ကိုယ်တိုင် ကြုံတွေ့နေစဉ်မှာ အကျင့်ပျက်စီးခြင်းမှာ နေထိုင်နေကြတဲ့ လူတွေ ဘယ်လောက် အကူအညီမဲ့နေတယ်ဆိုတာကိုလည်း ကြုံတွေ့ခဲ့တယ်။ အပြစ်တရားမှာ အသက်ရှင်နေထိုင်တဲ့သူတွေရဲ့ဝေဒနာတွေ၊ စာတန်ရဲ့၊ မကောင်းမှုရဲ့ နှိပ်စက်ခြင်းထဲမှာ ပျောက်ဆုံးနေသူတွေကိုလည်း သူကြုံတွေ့ခဲ့ပါတယ်။ သခင်ယေရှုက ဒါတွေကိုမြင်တဲ့အခါမှာ ဒီအရာတွေကို သူ့ရဲ့ ဘုရားသဘောသဘာဝနဲ့ မြင်ခြင်းလား သူ့ရဲ့ လူသားသဘောသဘာဝနဲ့ မြင်ခြင်းလား။ သူ့ရဲ့ လူ့သဘာဝက အမှန်တကယ်ပဲ ဖြစ်တည်ခဲ့တယ်။ တော်တော်ကို အသက်ရှင်နေပါတယ်။ သူဟာ ဒီအရာတွေအားလုံးကို ကြုံတွေ့ပြီး မြင်တွေ့နိုင်တယ်။ သူ့ရဲ့ အနှစ်သာရ၊ သူ့ရဲ့ ဘုရားသဘောသဘာဝထဲမှာလည်း သူမြင်ခဲ့တယ်။ ဒါက ခရစ်တော်ကိုယ်တိုင်ဖြစ်တဲ့ သခင်ယေရှု၊ လူသားက ဒါကိုမြင်ခဲ့တယ်။ သူမြင်တဲ့အရာတိုင်းက သူ့ကို ဒီအချိန်မှာ လူ့ဇာတိမှာ သူလုပ်ခဲ့တဲ့ အလုပ်ရဲ့ အရေးကြီးမှုနဲ့ လိုအပ်မှုကို ခံစားရစေတယ်။ လူ့ဇာတိမှာ သူယူဆောင်ရမယ့် တာဝန်ဝတ္တရားက သိပ်ကြီးမားတယ်ဆိုတာ၊ သူရင်ဆိုင်ရမယ့် နာကျင်မှုက ဘယ်လောက် ရက်စက်မလဲဆိုတာတွေကို သူကိုယ်တိုင်သိခဲ့ပေမဲ့လည်း လူသားမျိုးနွယ်က အပြစ်တရားမှာ အကူအညီမဲ့ဖြစ်နေတာကို သူမြင်ရတဲ့အခါမှာ၊ သူက သူတို့ရဲ့ဘဝရဲ့ စိတ်ဆင်းရဲမှုနဲ့ ပညတ်တော်အောက်မှာ သူတို့ရဲ့ အားနည်းတဲ့ ရုန်းကန်မှုကို သူမြင်ရတဲ့အခါမှာ ပိုပိုပြီး ဝမ်းနည်းခြင်းကို ခံစားရပြီး လူသားမျိုးနွယ်ကို အပြစ်တရားကနေကယ်တင်ဖို့ ပိုပိုပြီး အလောကြီးလာပါတယ်။ ဘယ်လို အခက်အခဲတွေကို သူကြုံရပါစေ၊ သို့မဟုတ် ဘယ်လို နာကျင်မှုမျိုးကို သူခံစားရပါစေ၊ သူဟာ အပြစ်တရားမှာ အသက်ရှင်နေထိုင်နေတဲ့ လူသားမျိုးနွယ်ကို ပြန်လည်ရွေးနုတ်ဖို့ ပိုပိုပြီး ဆုံးဖြတ်လာပါတယ်။ ဒီဖြစ်စဉ်အတောအတွင်းမှာ သခင်ယေရှုဟာ သူလုပ်ရမယ့်အလုပ်တွေနဲ့ သူ့ကို တာဝန်ပေးစေခိုင်းထားတဲ့အရာအတွက်ကို ပိုပိုပြီး ရှင်းရှင်းလင်းလင်း စတင်နားလည်လာပါပြီ။ သူယူဆောင်ခဲ့တဲ့ အလုပ်ကို ပြီးမြောက်စေဖို့၊ သူဟာ ပိုပြီးတော့ ဆန္ဒပြင်းပြလာတယ်။ လူသားမျိုးနွယ်အားလုံးရဲ့ အပြစ်တွေကို ဆောင်ယူဖို့၊ သူတို့အပြစ်မှာ မနေရတော့ဖို့အတွက် လူသားမျိုးနွယ်ကို သူရဲ့ကယ်တင်ခြင်းအလုပ်ကို ပိုပြီး ရှေ့တိုးစေရင်း အပြစ်ဖြေရာယဇ်အတွက်ကြောင့် ဘုရားသခင်ဟာ လူသားရဲ့ အပြစ်တွေကို ခွင့်လွှတ်နိုင်ပါလိမ့်မယ်။ သခင်ယေရှုရဲ့ နှလုံးသားထဲမှာ သူဟာ လူသားမျိုးနွယ်အတွက် သူ့ကိုယ်သူ ပေးဆပ်ဖို့၊ သူ့ကိုယ်သူ ယဇ်ပူဖော်ဖို့ ဆန္ဒရှိနေတယ်လို့ ပြောလို့ရပါတယ်။ အပြစ်ဖြေရာယဇ်အဖြစ် ပြုမူဖို့၊ လက်ဝါးကပ်တိုင်မှာ သံနဲ့အရိုက်ခံဖို့အတွက်လည်း သူဆန္ဒရှိနေခဲ့တယ်။ သူက ဒီအလုပ်ကို မြန်မြန်ပြီးချင်ခဲ့တယ်။ လူသားတို့ရဲ့ ဘဝတွေရဲ့ စိတ်ဆင်းရဲရတဲ့ အခြေအနေတွေကို သူမြင်ရတဲ့အခါမှာ တစ်မိနစ် တစ်စက္ကန့်မှ မနှောင့်နှေးဘဲ သူ့ရဲ့ အလုပ်တာဝန်ကို တတ်နိုင်သမျှ အမြန်ဆုံးပြီးဖို့ ပိုပြီးတော့တောင်ဖြည့်ဆည်းချင်လာတယ်။ သူ့မှာ ဒီလို အလောတကြီး ခံစားမှုမျိုးကို ခံစားရတဲ့အခါမှာ သူ့ရဲ့ ကိုယ်ပိုင်နာကျင်မှုက ဘယ်လောက်များမလဲဆိုတာကို သူမစဉ်းစားခဲ့သလို သူတောင့်ခံရမယ့် အရှက်ရခြင်းတွေ ဘယ်လောက်များမလဲဆိုတာကိုလည်း မစဉ်းစားတော့ဘူး။ သူ့နှလုံးသားမှာ ထင်မြင်ယူဆချက် တစ်ခုတည်းပဲ ကိုင်စွဲထားတယ်။ သူ့ကိုယ်သူပေးဆပ်သရွေ့၊ အပြစ်ဖြေရာယဇ်အနေနဲ့ သူဟာ လက်ဝါးကပ်တိုင်မှာ သံနဲ့ အရိုက်ခံရသရွေ့ ဘုရားသခင်ရဲ့အလိုတော်က ဆောင်ရွက်မှာဖြစ်ပြီး သူက အလုပ်အသစ်ကို စတင်နိုင်ပါလိမ့်မယ်။ အပြစ်ထဲမှာရှိတဲ့ လူသားမျိုးနွယ်ရဲ့ဘဝ၊ အပြစ်တရားမှာ သူတို့ရဲ့ ဖြစ်တည်မှုအခြေအနေဟာ လုံးဝ ပြောင်းလဲသွားခဲ့တယ်။ သူ့ရဲ့ ထင်မြင်ယူဆချက်နဲ့ သူပြုလုပ်ဖို့ ဆုံးဖြတ်ထားတဲ့အရာတွေဟာ လူသားကို ကယ်တင်ခြင်းနဲ့ ဆက်စပ်နေတယ်။ သူ့မှာ ရည်ရွယ်ချက်တစ်ခုပဲရှိတယ်။ သူ့အလုပ်မှာ နောက်တစ်ဆင့်ကို သူဟာ အောင်အောင်မြင်မြင်နဲ့ စတင်နိုင်ဖို့အတွက် ဘုရားသခင်ရဲ့ အလိုတော်ကို လုပ်ဆောင်ဖို့ဖြစ်တယ်။ ဒါဟာ အဲဒီအချိန်မှာ သခင်ယေရှုရဲ့ စိတ်ထဲမှာ ဘာရှိတယ်ဆိုတာပဲဖြစ်ပါတယ်။ လူ့ဇာတိမှာ အသက်ရှင်နေထိုင်ရင်း လူ့ဇာတိခံယူထားတဲ့ ဘုရားသခင်ဟာ သာမန် လူ့သဘာဝကို ပိုင်ဆိုင်ပါတယ်။ သာမန်လူတစ်ယောက်ရဲ့ စိတ်ခံစားမှုတွေနဲ့ ကျိုးကြောင်းဆင်ခြင်မှုတွေရှိတယ်။ ပျော်ရွှင်ခြင်းက ဘာဆိုတာ၊ နာကျင်ခြင်းက ဘာဆိုတာကို သူသိပြီး လူသားမျိုးနွယ်ကို ဒီလိုဘဝအမျိုးအစားမှာ သူမြင်တဲ့အခါမှာ လူတွေကို သင်ကြားမှုတစ်ချို့ပေးဖို့၊ သူတို့ကို တစ်ခုခု ထောက်ပံ့ဖို့ သို့မဟုတ် သူတို့ကို တစ်ခုခုသင်ပေးခြင်းက အပြစ်တရားကနေ မလွတ်မြောက်စေနိုင်ပါဘူးဆိုတာ အလေးအနက်ခံစားခဲ့ရတယ်။ သူတို့ကို ပညတ်တော်တွေကိုသာ နာခံပြီး အပြစ်ကနေ ရွေးနုတ်ဖို့ မလုပ်နိုင်ခဲ့ပါဘူး။ လူသားမျိုးနွယ်ရဲ့ အပြစ်တရားကို သူယူတင်ပြီး အပြစ်ရှိတဲ့ လူ့ဇာတိရဲ့ ပုံသဏ္ဌာန်ဖြစ်လာတဲ့အခါမှသာ လူသားမျိုးနွယ်ရဲ့ လွတ်လပ်ခြင်းအတွက် သူလဲလှယ်နိုင်ပါတယ်။ လူသားမျိုးနွယ်အတွက် ဘုရားသခင်ရဲ့ ခွင့်လွှတ်ခြင်းကို လဲလှယ်နိုင်တယ်။ ဒါကြောင့် သခင်ယေရှုက အပြစ်တရားမှာရှိတဲ့ လူသားတွေရဲ့ ဘဝကို ကြုံတွေ့ပြီး မျက်မြင်တွေ့ကြုံခဲ့ပြီးနောက်မှာ သူ့နှလုံးသားမှာ ထင်ရှားလာတဲ့ ပြင်းထန်တဲ့ ဆန္ဒတစ်ခုရှိခဲ့တယ်။ အပြစ်တရားမှာ ရှိတဲ့ သူတို့ရဲ့ ဘဝတွေကို သူတို့ဘာသာသူတို့ ဖယ်ထုတ်ပစ်ဖို့ လူတွေကို အခွင့်ပေးဖို့ဖြစ်ပါတယ်။ ဒီဆန္ဒဟာ သူ့ကို ဖြစ်နိုင်သမျှ မြန်နိုင်သမျှ လက်ဝါးကပ်တိုင်ကိုသွားပြီး လူသားရဲ့အပြစ်ကိုယူဆောင်ဖို့ ပိုပိုပြီး ခံစားရစေပါတယ်။ ဒီအရာတွေဟာ လူတွေနဲ့ အတူ သူအသက်ရှင်နေထိုင်ပြီး အပြစ်တရားမှာရှိတဲ့ သူတို့ရဲ့ ဘဝတွေရဲ့ စိတ်ဆင်းရဲမှုတွေကို မြင်ပြီး၊ ကြားပြီး ခံစားရပြီးနောက်မှာ အဲဒီအချိန်မှာ ရှိတဲ့ သခင်ယေရှုရဲ့ အတွေးတွေဖြစ်ပါတယ်။ လူ့ဇာတိခံယူတဲ့ဘုရားသခင်ဟာ လူသားမျိုးနွယ်အတွက် ဒီလိုအလိုတော်မျိုးကို ရှိနိုင်တယ်ဆိုတာ၊ ဒီလို စိတ်သဘောထားမျိုးကို သူဖော်ပြပြီး ဖွင့်ပြနိုင်တယ်ဆိုတာ၊ ဒါက သာမန်လူတစ်ယောက် ရှိနိုင်တဲ့ အရာတစ်ခုလား။ သာမန်လူတစ်ယောက်က ဒီလိုပတ်ဝန်းကျင်မျိုးမှာ အသက်ရှင်နေထိုင်ခြင်းကို ဘယ်လိုမြင်မလဲ။ သူတို့ ဘာကိုတွေးမလဲ။ သာမန်လူတစ်ယောက်က ဒါတွေအားလုံးကို ရင်ဆိုင်ရရင် ပြဿနာတွေကို မြင့်မားတဲ့ ရှုထောင့်တွေကနေ ကြည့်မလား။ လုံးဝ မဟုတ်ဘူး။ လူ့ဇာတိခံယူထားတဲ့ ဘုရားသခင်ရဲ့ အသွင်အပြင်ဟာ လူသားတစ်ယောက်နဲ့ အတိအကျတူပေမဲ့၊ သူဟာ လူသားရဲ့ အသိပညာကို လေ့လာသင်ယူပြီး လူသားရဲ့ ဘာသာစကားကို စကားပြောပေမဲ့၊ တစ်ခါတလေမှာ လူသားမျိုးနွယ်ရဲ့ နည်းတွေ သို့မဟုတ် ဖော်ပြချက်တွေကနေတစ်ဆင့် သူ့ရဲ့ စိတ်ကူးတွေကိုတောင် သူဖော်ပြပေမဲ့ လူသားတွေကို သူမြင်တဲ့ပုံစံ၊ အမှုအရာတွေရဲ့ အနှစ်သာရနဲ့ ဖောက်ပြန်ပျက်စီးတဲ့ လူတွေက လူသားမျိုးနွယ်နဲ့ အမှုအရာတွေရဲ့ အနှစ်သာရကို မြင်တဲ့ပုံစံဟာ လုံးဝမတူပါဘူး။ သူ့ရှုထောင့်နဲ့ သူရပ်တည်တဲ့အမြင့်ဟာ ဖောက်ပြန်ပျက်စီးတဲ့လူတစ်ယောက် မရရှိနိုင်တဲ့ အရာတစ်ခုဖြစ်တယ်။ ဒါဟာ ဘုရားသခင်က သမ္မာတရားဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ သူဝတ်ဆင်တဲ့ ဇာတိခန္ဓာဟာ ဘုရားသခင်ရဲ့ အနှစ်သာရလည်း ပါဝင်တယ်။ သူ့ရဲ့အတွေးတွေနဲ့ သူ့ရဲ့လူ့သဘာဝကနေ ဖော်ပြတဲ့အရာဟာလည်း သမ္မာတရားဖြစ်ပါတယ်။ ဖောက်ပြန်ပျက်စီးတဲ့ လူအတွေအတွက် ဇာတိခန္ဓာထဲမှာ သူဖော်ပြတဲ့အရာဟာ သမ္မာတရားအတွက်၊ အသက်တာအတွက် ပံ့ပိုးပေးခြင်းတွေဖြစ်ပါတယ်။ ဒီပံ့ပိုးခြင်းတွေက လူတစ်ယောက်အတွက်မဟုတ်ဘဲ လူသားမျိုးနွယ်အားလုံးအတွက်ပါ။ ဖောက်ပြန်ပျက်စီးတဲ့ ဘယ်သူမဆိုဟာ သူ့စိတ်ထဲမှာ သူနဲ့ဆက်စပ်တဲ့သူ အနည်းငယ်သာရှိတယ်။ သူဂရုစိုက်တဲ့၊ သူအလေးထားတဲ့လူ တစ်ချို့သာရှိတယ်။ ဘေးဒုက္ခ နီးကပ်လာတဲ့အခါမှာ သူ့ရဲ့သားသမီးတွေ၊ အိမ်ထောင်ဘက် သို့မဟုတ် မိဘတွေကို သူအရင်စဉ်းစားတယ်။ ပိုပြီး ပရဟိတဆန်တဲ့လူက အများဆုံး ဆွေမျိုးတစ်ချို့ သို့မဟုတ် မိတ်ဆွေကောင်းတစ်ယောက်ကို စဉ်းစားမယ်။ ထပ်ပြီး စဉ်းစားသေးလား။ လုံးဝမစဉ်းစားပါဘူး။ ဘာကြောင့်လဲဆိုရင် လူသားတွေဟာ တကယ်တော့ လူသားတွေပါပဲ။ လူတစ်ယောက်ရဲ့ အမြင့်နဲ့ ရှုထောင့်ကနေသာ အရာရာတိုင်းကို သူတို့ ကြည့်ရှုနိုင်တယ်။ ဒါပေမဲ့ လူ့ဇာတိခံယူထားတဲ့ ဘုရားသခင်က ဖောက်ပြန်ပျက်စီးတဲ့လူနဲ့ လုံးဝ မတူဘူး။ ဘုရားသခင်ရဲ့ လူ့ဇာတိက ဘယ်လောက်ပဲ သာမန်ဖြစ်ပါစေ၊ ပုံမှန်ဖြစ်ပါစေ၊ ဘယ်လောက်ပဲ နိမ့်ကျပါစေ ဒါမှမဟုတ် လူတွေက သူ့ကို ဘယ်လောက်တောင် အထင်သေးပါစေ၊ လူသားမျိုးနွယ်အပေါ် သူ့ရဲ့ အတွေးတွေနဲ့ သဘောထားတွေက ဘယ်လူမှ မပိုင်ဆိုင်နိုင်တဲ့ ဘယ်လူမှ မတုပနိုင်တဲ့ အရာတွေဖြစ်ပါတယ်။ လူသားမျိုးနွယ်ကို ဘုရားသဘောသဘာဝရဲ့ ရှုထောင့်ကနေ၊ ဖန်ဆင်းရှင်အနေနဲ့ သူ့ရဲ့နေရာရဲ့ အမြင့်ကနေ သူအမြဲတမ်း ကြည့်ရှုလေ့လာပါလိမ့်မယ်။ လူသားမျိုးနွယ်ကို ဘုရားသခင်ရဲ့ အနှစ်သာရနဲ့ တွေးတောပုံကနေတစ်ဆင့် သူအမြဲတမ်း ကြည့်ပါလိမ့်မယ်။ လူသားမျိုးနွယ်ကို သာမန်လူတစ်ယောက်ရဲ့အမြင့်၊ ဖောက်ပြန်ပျက်စီးတဲ့လူတစ်ယောက်ရဲ့ အမြင့်ကနေ သူလုံးဝ မကြည့်နိုင်ဘူး။ လူတွေက လူသားမျိုးနွယ်ကို ကြည့်တဲ့အခါမှာ လူသားရဲ့အမြင်နဲ့ သူတို့ကြည့်ကြတယ်။ အတိုင်းအတာတစ်ခုအနေနဲ့ လူသားရဲ့ အသိပညာ၊ လူသားရဲ့ စည်းမျဉ်းနဲ့ သီအိုရီလိုမျိုး အရာတွေကို အသုံးပြုကြတယ်။ ဒါဟာ လူတွေ သူတို့ရဲ့မျက်လုံးမှာ မြင်နိုင်တဲ့ နယ်ပယ်အတွင်းမှာဖြစ်ပါတယ်။ ဖောက်ပြန်ပျက်စီးတဲ့ လူတွေ ရရှိနိုင်တဲ့ နယ်ပယ်အတွင်းမှာဖြစ်တယ်။ ဘုရားသခင်က လူသားမျိုးနွယ်ကို ကြည့်တဲ့အခါမှာ ဘုရားရဲ့အမြင်နဲ့ သူကြည့်တယ်။ အတိုင်းအတာတစ်ခုအနေနဲ့ သူ့ရဲ့အနှစ်သာရနဲ့ သူ့ရဲ့ အရာအားလုံးနဲ့ဖြစ်ခြင်းကို အသုံးပြုတယ်။ ဒီနယ်ပယ်မှာ လူတွေ မမြင်နိုင်တဲ့အရာတွေ ပါဝင်တယ်။ ဒီနေရာမှာ လူ့ဇာတိခံယူတဲ့ ဘုရားသခင်နဲ့ ဖောက်ပြန်ပျက်စီးတဲ့လူသားတွေ လုံးဝ ကွဲပြားသွားပါတယ်။ ဒီကွဲပြားမှုက လူသားနဲ့ ဘုရားသခင်ရဲ့ မတူညီတဲ့ အနှစ်သာရအားဖြင့် ပိုင်းခြားသတ်မှတ်ပြီး သူတို့ရဲ့ ဝိသေသ လက္ခဏာတွေနဲ့ နေရာတွေ၊ အကြောင်းအရာတွေကို သူတို့မြင်တဲ့ အမြင်နဲ့ အမြင့်တို့ကို ပိုင်းခြားသတ်မှတ်တာက ဒီမတူညီတဲ့ အနှစ်သာရတွေပဲဖြစ်တယ်။ သခင်ယေရှုဆီမှာ ဘုရားသခင်ကိုယ်တော်တိုင် ဖော်ပြခြင်းနဲ့ ဖွင့်ပြခြင်းကို သင်တို့ မြင်ပါသလား။ သခင်ယေရှုလုပ်ဆောင်တဲ့၊ ပြောတဲ့အရာတွေဟာ သူ့ရဲ့ အမှုတော်နဲ့ ဘုရားသခင်ကိုယ်တိုင်ရဲ့ စီမံခန့်ခွဲမှုအလုပ်နဲ့ ဆက်စပ်နေတယ်၊ ဒါတွေအားလုံးက ဘုရားသခင်ရဲ့ အနှစ်သာရရဲ့ ဖော်ပြခြင်း၊ ဖွင့်ပြခြင်းဖြစ်တယ်လို့ သင်တို့ ဆိုနိုင်တယ်။ သူဟာ လူသားအနေနဲ့ ကိုယ်ထင်ပြခြင်း ရှိခဲ့ပေမဲ့ သူ့ရဲ့ ဘုရားအနှစ်သာရနဲ့ သူ့ရဲ့ ဘုရားသဘောသဘာဝကို ဖွင့်ပြခြင်းကိုတော့ ငြင်းလို့မရပါဘူး။ ဒီလူသားအနေနဲ့ ကိုယ်ထင်ပြခြင်းက အမှန်တကယ်ပဲ လူ့သဘာဝရဲ့ ကိုယ်ထင်ပြခြင်းလား။ သူ့ရဲ့ လူသားအနေနဲ့ ကိုယ်ထင်ပြခြင်းက သူ့ရဲ့ အနှစ်သာရအရ ဖောက်ပြန်ပျက်စီးတဲ့ လူတွေရဲ့ လူသားအနေနဲ့ ထင်ရှားပြသခြင်းနဲ့ လုံးဝ ကွဲလွဲပါတယ်။ သခင်ယေရှုက လူ့ဇာတိခံယူထားတဲ့ ဘုရားသခင်ဖြစ်တယ်။ သူက ပုံမှန်၊ ဖောက်ပြန်ပျက်စီးတဲ့လူ တကယ်ဖြစ်ခဲ့ရင် ဘုရားသဘောသဘာဝရဲ့ ရှုထောင့်အမြင်ကနေ အပြစ်တရားမှာရှိတဲ့ လူသားမျိုးနွယ်ရဲ့ ဘဝတွေကို သူမြင်နိုင်ပါ့မလား။ လုံးဝ မမြင်နိုင်ပါဘူး။ ဒါက လူသားနဲ့ ပုံမှန်လူတွေကြားထဲမှာ ကွာဟချက်ဖြစ်ပါတယ်။… ဘုရားသခင်က လူ့ဇာတိဖြစ်လာပြီး လူသားမျိုးနွယ်ကြားမှာ အသက်ရှင်နေထိုင်တဲ့အခါ လူ့ဇာတိမှာ သူဟာ ဘယ်လို ဒုက္ခခံစားမှုတွေကို ကြုံတွေ့ရသလဲ။ ဘယ်သူက တကယ်နားလည်သလဲ။ တစ်ချို့လူတွေက ဘုရားသခင်က အရမ်းကို ဒုက္ခခံရတယ်လို့ ပြောတယ်။ သူက ဘုရားသခင်ကိုယ်တော်တိုင်ဖြစ်ပေမဲ့ လူတွေက သူ့ရဲ့အနှစ်သာရကို နားမလည်ဘဲ သူ့ကို လူတစ်ယောက်လို အမြဲတမ်းဆက်ဆံပြီး ဒါက သူ့ကို ထိခိုက်နစ်နာစေပြီး မှားယွင်းတယ်လို့ ခံစားရစေပါတယ်လို့ ပြောကြတယ်။ ဘုရားသခင်ရဲ့ ဒုက္ခခံစားရခြင်းက တကယ်ကို များပြားတယ်လို့ ပြောကြတယ်။ တခြားလူတွေက ဘုရားသခင်က အပြစ်ကင်းစင်ပြီး အပြစ်တရားမပါဝင်ဘူး။ ဒါပေမဲ့ သူက လူသားမျိုးနွယ်လိုပဲ ဒုက္ခခံစားပြီး လူသားမျိုးနွယ်နဲ့အတူ နှိပ်စက်ခြင်း၊ မဟုတ်မမှန်ပြောဆိုခံရခြင်း၊ ဂုဏ်အသေရဖျက်ခံရခြင်းတို့ကို ခံစားရတယ်လို့ ပြောကြတယ်။ သူ့နောက်လိုက်တွေရဲ့ အထင်လွဲခြင်းနဲ့ မနာခံခြင်းတို့ကိုလည်း သူခံရတယ်လို့ ပြောကြတယ်။ ဘုရားသခင်ရဲ့ ဒုက္ခခံစားရခြင်းက တကယ်ကို တိုင်းတာလို့ မရနိုင်ပါဘူးလို့ ပြောကြတယ်။ သင်တို့က ဘုရားသခင်ကို အမှန်တကယ်နားလည်ပုံမရဘူး။ တကယ်တော့ သင်တို့ပြောတဲ့ ဒီဒုက္ခခံစားရခြင်းက ဘုရားသခင်အတွက် အမှန်တကယ် ဒုက္ခခံစားရခြင်းအနေနဲ့ ထည့်သွင်းလို့မရပါဘူး။ ဘာကြောင့်လဲဆိုရင် ဒါထက် ပိုပြီးကြီးမားတဲ့ ဒုက္ခခံစားရခြင်းရှိလို့ပါ။ ဒါဆိုရင် ဘုရားသခင်ကိုယ်တော်တိုင်အတွက် တကယ့်ဒုက္ခခံစားရခြင်းကဘာလဲ။ လူ့ဇာတိခံယူထားတဲ့ ဘုရားသခင်အတွက် တကယ် ဒုက္ခခံစားရခြင်းက ဘာလဲ။ ဘုရားသခင်အတွက် လူသားမျိုးနွယ်က သူ့ကို နားမလည်တာကို ဒုက္ခခံစားရခြင်းအဖြစ် ထည့်မတွက်ပါဘူး။ လူတွေက ဘုရားသခင်ကို အထင်လွဲခြင်းနဲ့ သူ့ကို ဘုရားသခင်အဖြစ် မမြင်ခြင်းက ဒုက္ခခံစားရခြင်းမဟုတ်ပါဘူး။ ဒါပေမဲ့ ဘုရားသခင်က သိပ်ကြီးမားတဲ့ တရားမမျှတမှုကို ခံစားရလိမ့်မယ်၊ ဘုရားသခင်က လူ့ဇာတိမှာရှိနေတဲ့ အချိန်မှာ လူသားမျိုးနွယ်ကို သူ့ရဲ့ ဇာတိအဖြစ်တော်ကို ပြလို့မရဘူး၊ သူ့ရဲ့ကြီးမြတ်မှုကို လူတွေကို မြင်ခွင့်ပေးလို့မရဘူး၊ ဘုရားသခင်က အရေးမပါတဲ့ လူ့ဇာတိမှာ ပုန်းကွယ်နေရတယ်၊ ဒါကြောင့် ဒါက သူ့အတွက် ညှင်းပန်းနှိပ်စက်သလိုဖြစ်နေမှာပဲလို့ လူတွေက ခံစားကြရတယ်။ လူတွေက ဘုရားသခင်ရဲ့ ဒုက္ခခံစားရခြင်းအပေါ် သူတို့နားလည်တဲ့အရာအတိုင်း သူတို့မြင်တဲ့အတိုင်း ခံယူပြီး ဘုရားသခင်အပေါ်ကို သနားခြင်းပေါင်းစုံနဲ့ ပြသကြပြီး ဒီဟာအတွက် ချီးမွမ်းခြင်းတောင် နည်းနည်းပါးပါး ပြုလုပ်ကြတယ်။ လက်တွေ့မှာတော့ ဘုရားသခင်ရဲ့ ဒုက္ခခံစားရခြင်းကို လူတွေနားလည်တာနဲ့ သူတကယ်ခံစားရတာကြားထဲမှာ ကွဲပြားမှု၊ ကွာဟမှုတစ်ခုရှိပါတယ်။ ငါသင်တို့ကို အမှန်တရားကို ပြောပြနေတာပါ။ ဘုရားသခင်အတွက် ဘုရားသခင်ရဲ့ ဝိညာဉ်တော် သို့မဟုတ် ဘုရားသခင်ရဲ့ ဇာတိခန္ဓာဖြစ်ပါစေ၊ ဒီဒုက္ခခံစားရခြင်းက အမှန်တကယ် ဒုက္ခခံစားရခြင်း မဟုတ်ပါဘူး။ ဒါဆိုရင် ဘုရားသခင် အမှန်တကယ် ဒုက္ခခံစားရတာက ဘာလဲ။ လူ့ဇာတိခံယူထားတဲ့ ဘုရားသခင်ရဲ့ ရှုထောင့်ကနေပဲ ဘုရားသခင်ရဲ့ ဒုက္ခခံစားရခြင်းအကြောင်းကို ပြောကြရအောင်။ ဘုရားသခင်က လူ့ဇာတိဖြစ်လာတဲ့အခါမှာ၊ လူသားမျိုးနွယ်ကြားမှာ အသက်ရှင်နေထိုင်ရင်းနဲ့ လူတွေနဲ့ ဘေးချင်းယှဉ်ပြီး သာမန်၊ ပုံမှန်လူသားတစ်ယောက်ဖြစ်လာတဲ့အခါမှာ လူတွေရဲ့ စားဝတ်နေရေးအတွက် နည်းလမ်းတွေ၊ ဥပဒေတွေ၊ အတွေးအခေါ်တွေကို သူ မမြင်ရ၊ မခံစားရဘူးလား။ ဒီစားဝတ်နေရေးအတွက် နည်းလမ်းတွေနဲ့ ဥပဒေတွေက သူ့ကို ဘယ်လိုခံစားရစေသလဲ။ သူ့နှလုံးသားမှာ စက်ဆုပ်ရွံရှာခြင်းကို ခံစားရသလား။ သူက ဘာကြောင့် စက်ဆုပ်ရွံရှာခြင်းကို ခံစားရမလဲ။ စားဝတ်နေရေးအတွက် လူသားမျိုးနွယ်ရဲ့ နည်းလမ်းတွေနဲ့ ဥပဒေတွေက ဘာတွေလဲ။ ဘယ်စည်းမျဉ်းစည်းကမ်းတွေအပေါ်မှာ သူတို့ အခြေခံထားသလဲ။ ဘယ်အရာအပေါ်မှာ သူတို့အခြေခံသလဲ။ လူသားမျိုးနွယ်ရဲ့ စားဝတ်နေရေးအတွက် နည်းလမ်းတွေ၊ ဥပဒေတွေ စသဖြင့်၊ ဒါတွေအားလုံးဟာ စာတန်ရဲ့ စဉ်းစားပုံ၊ အသိပညာနဲ့ အတွေးအခေါ်တို့ကို အခြေခံထားပြီး ဖန်တီးခဲ့တယ်။ ဒီဥပဒေတွေအောက်မှာ အသက်ရှင်နေထိုင်တဲ့ လူသားတွေဟာ လူ့သဘာဝမရှိဘူး။ သမ္မာတရားမရှိဘူး။ သူတို့အားလုံးက သမ္မတရားကို ဖီဆန်တယ်။ ဘုရားသခင်ကို ရန်လိုကြတယ်။ ဘုရားသခင်ရဲ့ အနှစ်သာရကို ကြည့်ကြည့်ရင် သူ့ရဲ့အနှစ်သာရဟာ စာတန်ရဲ့ စဉ်းစားပုံ၊ အသိပညာနဲ့ အတွေးအခေါ်တို့နဲ့ လုံးဝ ဆန့်ကျင်ဘက်ဖြစ်တာကို တွေ့ရတယ်။ သူ့အနှစ်သာရဟာ ဖြောင့်မတ်ခြင်း၊ သမ္မာတရား၊ သန့်ရှင်းမြင့်မြတ်ခြင်းနဲ့ အပြုသဘောဆောင်တဲ့အရာတွေအားလုံးရဲ့ တကယ့်အစစ်အမှန်တွေနဲ့ ပြည့်နေတယ်။ ဒီအနှစ်သာရကို ပိုင်ဆိုင်ပြီး ဒီလို လူသားမျိုးနွယ်ကြားမှာ အသက်ရှင်နေထိုင်နေတဲ့ ဘုရားသခင်၊ သူ့နှလုံးသားမှာ သူ ဘယ်လိုခံစားရမလဲ။ နာကျင်မှုတွေနဲ့ ပြည့်နေသလား။ သူ့နှလုံးသားက နာကျင်နေပြီး ဒီနာကျင်မှုက ဘယ်သူကမှ နားလည်နိုင် သို့မဟုတ် သိမြင်နိုင်တဲ့ အရာတစ်ခုမဟုတ်ဘူး။ ဘာကြောင့်လဲဆိုရင် သူရင်ဆိုင်ရတဲ့၊ ကြုံတွေ့ရတဲ့၊ ကြားရ၊ မြင်ရတဲ့၊ ကြုံတွေ့ရတဲ့ အရာရာတိုင်းက လူသားမျိုးနွယ်ရဲ့ ဖောက်ပြန်ပျက်စီးခြင်း၊ ဆိုးယုတ်ခြင်း၊ သမ္မာတရားအပေါ် သူတို့ရဲ့ ပုန်ကန်ခြင်း၊ ခုခံခြင်းတို့ပဲ ဖြစ်တာကြောင့်ပါ။ လူသားဆီကနေ လာတဲ့အရာအားလုံးက သူ့ရဲ့ ဒုက္ခခံစားရခြင်း အရင်းအမြစ်ပါပဲ။ ဆိုလိုတာကတော့ သူ့ရဲ့ အနှစ်သာရက ဖောက်ပြန်ပျက်စီးတဲ့ လူသားတွေနဲ့ မတူညီတဲ့အတွက်ကြောင့် ဖောက်ပြန်ပျက်စီးတဲ့လူသားတွေဟာ သူ့ရဲ့ကြီးမားတဲ့ ဒုက္ခခံစားရခြင်းရဲ့ အရင်းအမြစ်ဖြစ်လာပါတယ်။ ဘုရားသခင်က လူ့ဇာတိဖြစ်လာတဲ့အခါမှာ သူနဲ့ ဘာသာစကားတူညီတဲ့ တစ်ယောက်ကို သူရှာတွေ့နိုင်ပါသလား။ လူသားမျိုးနွယ်ကြားမှာ သူရှာလို့မရနိုင်ပါဘူး။ ဘုရားသခင်နဲ့ ဆက်သွယ်ပြောဆိုနိုင်တဲ့၊ ဘုရားသခင်နဲ့ ခွန်းတုံ့ဖလှယ်နိုင်တဲ့သူ တစ်ယောက်မှ မတွေ့ပါဘူး။ ဘုရားသခင်မှာ ဘယ်လိုခံစားချက်မျိုးရှိမယ်လို့ သင်ဆိုမလဲ။ လူတွေ ဆွေးနွေးတဲ့ အကြောင်းအရာတွေ၊ သူတို့ချစ်တဲ့အရာတွေ၊ သူတို့ အားထုတ်ကြိုးပမ်းတဲ့အရာတွေနဲ့ တောင့်တတာတွေအားလုံးက အပြစ်နဲ့ မကောင်းမှုဘက်ကို ယိုင်နေတဲ့အရာတွေနဲ့ပဲ ပတ်သက်နေပါတယ်။ ဘုရားသခင်က ဒါတွေအားလုံးကို ရင်ဆိုင်ရတဲ့အခါမှာ သူ့နှလုံးသားကို ဓါးတစ်ချောင်းထိုးထားသလိုမဖြစ်ဘူးလား။ ဒီအရာတွေကို ရင်ဆိုင်ပြီးတဲ့နောက်မှာ သူ့နှလုံးသားမှာ ဝမ်းမြောက်ခြင်း ရှိနိုင်ပါ့မလား။ ဖြေသိမ့်စရာကို သူရှာနိုင်ပါ့မလား။ သူနဲ့ နေထိုင်နေတဲ့သူတွေဟာ ပုန်ကန်ခြင်းနဲ့ ဆိုးယုတ်ခြင်းတွေနဲ့ ပြည့်နေပါတယ်။ သူ့နှလုံးသားက ဘယ်လို ဒုက္ခမခံစားဘဲ နေနိုင်မလဲ။ ဒီဒုက္ခခံစားခြင်းက တကယ်တမ်း ဘယ်လောက်ကြီးမားသလဲ။ နောက်ပြီး ဒါကို ဘယ်သူက ဂရုစိုက်သလဲ။ ဘယ်သူက အလေးထားသလဲ။ ဘယ်သူက အသိအမှတ်ပြုနိုင်မလဲ။ လူတွေက ဘုရားသခင်ရဲ့ နှလုံးသားကို နားလည်ဖို့ မဖြစ်နိုင်ပါဘူး။ သူ့ရဲ့ ဒုက္ခခံစားရခြင်းဟာ လူတွေက သေချာ အသိအမှတ်မပြုနိုင်တဲ့အရာဖြစ်ပြီး လူသားမျိုးနွယ်ရဲ့ အေးစက်ခြင်းနဲ့ ထုံထိုင်းခြင်းက ဘုရားသခင်ရဲ့ ဒုက္ခခံစားရခြင်းကို ပိုပြီး နက်ရှိုင်းစေတယ်။ သမ္မာကျမ်းစာထဲမှာ ဒီလိုပြောထားတဲ့ ကျမ်းတစ်ပိုဒ်ကြောင့် ခရစ်တော်ရဲ့ ဒုက္ခကို မကြာခဏသနားကြတဲ့ လူတစ်ချို့ရှိကြတယ်။ “ ယေရှုကလည်း၊ မြေခွေးသည်မြေတွင်းရှိ၏။ မိုဃ်းကောင်းကင်၌ ကျင်လည်သော ငှက်သည် နားနေရာ အရပ်ရှိ၏ လူသားမူကား ခေါင်းချရာမျှမရှိဟု မိန့်တော်မူ၏။” လူတွေက ဒါကို ကြားတဲ့အခါမှာ လေးလေးနက်နက်ခံယူပြီး ဒါဟာ ဘုရားသခင်ခံယူရတဲ့ အကြီးမားဆုံး ဒုက္ခခံစားရခြင်းပဲ၊ ခရစ်တော်ခံယူရတဲ့ အကြီးဆုံး ဒုက္ခခံရခြင်းပဲလို့ ယုံကြည်ကြတယ်။ အခု အမှန်တရားရဲ့ ရှုထောင့်ကနေ ကြည့်တဲ့အခါမှာ ဒီလိုဟုတ်ပါသလား။ ဒီအခက်အခဲတွေက ဒုက္ခခံစားရခြင်းပဲလို့ ဘုရားသခင်က မမြင်ပါဘူး။ လူ့ဇာတိရဲ့ အခက်အခဲတွေအတွက် တရားမမျှတမှုအတွက် ဘယ်တော့မှ ငိုယိုအော်ဟစ်ခြင်းမရှိပါဘူး။ နောက်ပြီး သူဟာ လူသားတွေကို ပြန်လည်ပေးဆပ်ဖို့ သို့မဟုတ် သူ့ကို တစ်ခုခုနဲ့ ဆုချဖို့ တစ်ခါမှ မလုပ်ဖူးပါဘူး။ ဒါပေမဲ့ ဖောက်ပြန်ပျက်စီးတဲ့ ဘဝတွေနဲ့ အကျင့်ပျက်စီးတဲ့ လူသားတွေရဲ့ ဆိုးယုတ်ခြင်းဖြစ်တဲ့ လူသားမျိုးနွယ်ရဲ့ အရာရာတိုင်းကို သူမျက်မြင် ကြုံတွေ့ရတဲ့အခါမှာ၊ လူသားမျိုးနွယ်ဟာ စာတန်ရဲ့ လက်ထဲမှာရှိပြီး စာတန်ရဲ့ အကျဉ်းချခြင်းကို ခံထားရပြီး မလွတ်မြောက်နိုင်ဘူးဆိုတာကို မျက်မြင်ကြုံတွေ့ရတဲ့အခါမှာ၊ အပြစ်တရားမှာ နေထိုင်နေတဲ့ လူတွေဟာ သမ္မာတရားက ဘာဆိုတာကို မသိဘူးဆိုတာကို မျက်မြင်ကြုံတွေ့ရတဲ့အခါမှာ ဒီအပြစ်တရားတွေအားလုံးကို သူသည်းညည်းမခံနိုင်ဘူး။ လူသားတွေအပေါ် သူရဲ့ စက်ဆုပ်ရွံရှာခြင်းက တစ်ရက်တခြား တိုးပွားလာနေတယ်။ ဒါပေမဲ့ ဒီအရာတွေအားလုံးကို သူတောင့်ခံရတယ်။ ဒါက ဘုရားသခင်ရဲ့ ကြီးမားတဲ့ ဒုက္ခခံစားခြင်းပဲ။ ဘုရားသခင်ဟာ သူ့နောက်လိုက်တွေကြားမှာ သူ့နှလုံးသား သို့မဟုတ် သူ့ခံစားချက်တွေရဲ့ အသံကိုတောင်မှ အပြည့်အဝ မဖော်ပြနိုင်ပါဘူး။ နောက်ပြီး သူ့ရဲ့ ဒုက္ခခံစားရခြင်းကို သူ့ရဲ့နောက်လိုက်တွေထဲက ဘယ်သူကမှ အမှန်တကယ် နားမလည်နိုင်ဘူး။ ဘယ်သူကမှ သူ့နှလုံးသားကို နှစ်သိမ့်မှုပေးဖို့ သို့မဟုတ် နားလည်ဖို့တောင် မကြိုးစားကြဘူး။ သူ့နှလုံးသားဟာ ဒီဒုက္ခခံစားရခြင်းတွေကို တစ်ရက်ပြီးတစ်ရက်၊ တစ်နှစ်ပြီးတစ်နှစ်၊ တစ်ခါပြီးနောက်တစ်ခါ ခံစားရပါတယ်။ ဒီအရာတွေအားလုံးမှာ သင်တို့ ဘာကိုမြင်ပါသလဲ။ ဘုရားသခင်က သူပေးခဲ့တဲ့အရာအတွက် လူသားတွေဆီကနေ အပြန်အလှန်အနေနဲ့ ဘာကိုမှ မလိုအပ်ခဲ့ဘူး။ ဒါပေမဲ့ ဘုရားသခင်ရဲ့ အနှစ်သာရကြောင့် လူသားရဲ့ ဆိုးယုတ်ခြင်း၊ ဖောက်ပြန်ပျက်စီးခြင်းနဲ့ အပြစ်တရားကို လုံးဝ သည်းမခံနိုင်ဘဲ စက်ဆုပ်ရွံရှာမှုနဲ့ မုန်းတီးမှုကို တော်တော်ကို ခံစားရပြီး ဘုရားသခင်ရဲ့ နှလုံးသားနဲ့ သူ့ရဲ့လူ့ဇာတိဟာ အဆုံးမရှိတဲ့ ဒုက္ခခံစားရခြင်းတွေကို တောင့်ခံရခြင်းကို ဖြစ်စေပါတယ်။ ဒါတွေအားလုံးကို သင်မြင်နိုင်ပါသလား။ သင်တို့ထဲက ဘယ်သူကမှ ဒါကို မမြင်နိုင်ဖို့က များပါတယ်။ ဘာကြောင့်လဲဆိုရင် သင်တို့ထဲက ဘယ်သူမှ ဘုရားသခင်ကို အမှန်တကယ် နားမလည်နိုင်တာကြောင့်ပါ။ အချိန်ကြာလာတာနဲ့အမျှ သင်တို့ဘာသာ ဒါကို တဖြည်းဖြည်းနဲ့ တွေ့ကြုံခံစားနိုင်ပါတယ်။
0 Comments
Leave a Reply. |