ဇန်မင်အန်းသည် တစ်ချိန်က အိမ်အသင်းတော်တစ်ခု၏ တရားဟောဆရာတစ်ပါး ဖြစ်ခဲ့သည်။ သူသည် သခင့်ကို နှစ်များစွာ ယုံကြည်ခဲ့ပြီး ထိုအချိန်အားလုံးတွင် သခင့်အတွက် သူ တရားဟောခဲ့သည်၊ အလုပ်လုပ်ခဲ့သည်၊ ဒုက္ခခံခဲ့ပြီး အသုံးတော်ခံခဲ့သည်။ ထို့ကြောင့် သူသည် စစ်မှန်သော နောင်တနှင့် ပြောင်းလဲမှု ရရှိပြီးဖြစ်သည်ဟု သူယုံကြည်ခဲ့သည်။ သို့သော်၊ အသင်းတော် ရွေးကောက်ပွဲတစ်ခုတွင်၊ စုဝေးပွဲများကို ဧည့်ခံခြင်းနှင့်ဆိုင်သော တာဝန်ကို သူပေးခံရစဉ်တွင် အခြားညီအစ်ကို မောင်နှမများက အသင်းတော် ခေါင်းဆောင်များ နှင့် သင်းထောက်များအဖြစ် ရွေးချယ်ခံခဲ့ရသည်ကို ကြည်နေခဲ့ရသည်။ အပြင်ပန်းတွင် သူသည် လက်ခံပြီး နာခံပုံပေါက်ခဲ့သော်လည်း၊ ယင်းနှင့်ပတ်သက်ပြီး သူ စိတ်မချမ်းမြေ့ဖြစ်ခဲ့ရသည်။ သူ၏ဇနီးက သူသည် စိတ်ရင်းအမှန်အတိုင်း နောင်တမရသလို မပြောင်းလဲခဲ့ပါဟု ဆိုချိန်တွင်၊ ဇန်မင်အန်းက လက်မခံခဲ့ပေ။ ထို့နောက်တွင် အလွန်ကောင်းသော စကားစစ်ထိုးပွဲတစ်ခု ထွက်ပေါ်လာသည်… စစ်မှန်သော နောင်တနှင့် ပြောင်းလဲမှုမှာ အဘယ်နည်း။ အဖြေများကို ရှာတွေ့ရန် သင် အမှန်တကယ် နောင်တရပြီးပြီလား ဟူသော ပြဇာတ်ကို ကြည့်ရှုပါ။ ရုပ်ရှင်ဝေဌာမယ် Myanmar New Full Movie (ခြေချင်းများကိုချိုးဖျက်၍ ပြေးပါ) ဘုရားသခင်သည် ကျွန်ုပ်၏ သိုးထိန်းရှင် ဖြစ်သည်
0 Comments
|
Click & Join usမော်ကွန်းတိုက်
December 2019
တံဆိပ်များ
All
|