Myanmar Worship Song 2019 (ဘဝ သက်သေ) ဟုတ် ဆရာ။ မင်းတို့ ဘာလုပ်နေတာလဲ။ အစည်းအဝေးထိုင်နေတယ်ပေါ့။ လူ နှစ်ယောက် သုံးယောက် စုဝေးတာ မှန်သမျှ တရားမဝင်ဘူး၊ လူထု ငြိမ်ဝပ်ပိပြားရေးကို အနှောင့်အယှက် ဖြစ်စေတယ်လို့ နိုင်ငံတော်က အမိန့်ထုတ်ထားတယ်။ သူတို့ကို ခေါ်သွားစမ်း။ လာခဲ့ကြစမ်း။
0 Comments
Myanmar Gospel Skit 2019 (ကျွန်ုပ်တို့ ကယ်တင်ခြင်းရလျှင် ကောင်းကင်နိုင်ငံထဲသို့ ဝင်ရောက်နိုင်ပါသလား)8/2/2019 ဇန်မုသည် အိမ်အသင်းတော်တစ်ခုတွင် ဆရာတစ်ပါးဖြစ်ပြီး၊ “ ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှါ စိတ်နှလုံးဖြင့် ယုံကြည်ရ၏။ ကယ်တင်ခြင်း သို့ ရောက်ခြင်းငှါ နှုတ်ဖြင့် ဝန်ခံရ၏။” (ရောမ ၁၀:၁၀) ကို သူ ယုံကြည်လေသည်။ သူက သခင်ယေရှု၌ သူယုံကြည်သောကြောင့် ဖြောင့်မတ်သောသူဟု အမည်တွင်ပြီးဖြစ်သည်၊ ကတယ်ခြင်းကို သူရရှိနှင့်ပြီးဖြစ်ကာ သခင် ပြန်ကြွလာသောအခါ ကောင်းကင်နိုင်ငံထဲသို့ သူ တိုက်ရိုက်ချီဆောင်ခံရမည်ဟု ထင်မြင်လေသည်။ တစ်နေ့တွင်၊ အခြားဒေသများတွင် သာသနာပြုသည့်အလုပ်မှ သူ၏သမီး အိမ်ပြန်လာပြီး သူ နှစ်များစွာ ကိုင်စွဲခဲ့သည့် အမြင်နှင့် ပတ်သက်၍ သူ့ကို သံသယဖြစ်စေလေသည်။ ထို့နောက်၊ မိသားစုဝင် သုံးဦးသည် ကယ်တင်ခြင်းရရှိခြင်းက လူတစ်ယောက်ကို ကောင်းကင်နိုင်ငံထဲ ဝင်ခွင့်ပေးနိုင် မပေးနိုင်၊ ကောင်းကင်နိုင်ငံထဲသို့ မည်ကဲ့သို့သော လူအမျိးအစားများ ဝင်ရောက်နိုင်သည် နှင့် ပတ်သက်သော အကြောင်းအရာများအကြောင်း အကြိတ်အနယ် စကားစစ်ထိုးပွဲတစ်ခု စတင်ကြလေသည် … ဆောင်ရွက်မှုများ ဘုရားသခင်၏ နိုင်ငံတော် “ သခင် တံခါးခေါက်နေသည်” တင်ဆက်မှုအတိုသည် နောက်ဆုံးသောကာလတွင် သခင်သည် သူ၏ နှုတ်ကပတ်တော်များဖြင့် ကျွနု်ပ်တို့၏ နှလုံးသားတံခါးခေါက်ပုံ၊ ဉာဏ်ပညာရှိသော အပျိုစင်တို့သည် ဘုရားသခင်၏အသံတော်ကိုကြားနိုင်ပြီး သိုးသငယ်နှင့်အတူ စားသောက်ပွဲကျင်းပနိုင်ပုံတို့ကို ရှင်းပြထားသည်။ သင်းအုပ်ဆရာချန်ရှောင်ဒုံသည် သခင်ပြန်ကြွလာခြင်းကို အစဉ်စောင့်လျက်ရှိသည်။ သို့ရာတွင် အစ်ကိုဇန်သည် သူ့အား သခင် ပြန်လာနှင့်ပြီဟု သက်သေခံသည့်အခါတွင် သူသည် သခင်ကတိမ်စီးလျက်ပြန်လည်ကြွလာမည်ဟုယုံကြည်လျက်၊ စစ်မှန်သည့်လမ်းအဖို့ သူ၏နှလုံးသားတံခါးကိုပိတ်လျက် သူ၏ ကိုယ်ပိုင်အယူအဆနှင့်စိတ်ကူးစိတ်သန်းများကို ခေါင်းမာစွာ စွဲကိုင်ထားသည်။ သို့သော် ဤတစ်ခါတွင်မူ အစ်ကိုဇန်သည် သူနှင့်အတူ သခင်ပြန်ကြွလာခြင်းနှင့် ဆက်စပ်သည့် ကျမ်းပိုဒ်တို့ကို ဆွေးနွေးပြီး နောက်ဆုံးသောကာလတွင် သခင်သည် နှုတ်ကပတ်တော်အသစ်တို့ကိုပြောကြားပြီး လူကို သန့်စင်ဖို့ရန်အတွက် လူ့ဇာတိခံယူပြီး လျှို့ဝှက်စွာပြန်ကြွလာမည်ဖြစ်ပြီး ထို့နောက်တွင်မှ ကောင်းသူအား ဆုလာဘ်ချီးမြှင့်၍ မကောင်းသူအား ဒဏ်ခတ်ရန်အတွက် လူအများရှေ့တွင် ပေါ်ထွန်းလိမ့်မည်ဆိုသည့် ပရောဖက်ပြုချက်များ သမ္မာကျမ်းစာတွင် ပါဝင်ကြောင်းကို သူ တွေ့ရှိခဲ့သည်။ တစ်ချိန်တည်းတွင် သူသည် ကျွနု်ပ်တို့၏တံခါးကိုခေါက်လျက်ရှိသည့်သခင်၏ အဓိပ္ပါယ်အစစ်အမှန်ကို နားလည်လာပြီး သခင်၏ပြန်လည်ကြွလာခြင်းကို ကြိုဆိုရာ၌ အဓိကအချက်သည် ဘုရားသခင်၏အသံတော်ကိုကြားနိုင်ဖို့ရန်ဖြစ်ကြောင်းကို နားလည်လာသည်။ သူသည် နောက်ဆုံးတွင် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲ၌ ဘုရားသခင်၏ အသံကို သူကြားရသည့်အခါ နောက်ဆုံးတွင် သူ၏နှလုံးသားတံခါးကိုဖွင့်ပြီး သခင်ပြန်လည်ကြွလာခြင်းကို ကြိုဆိုလေသည်။ များပြားသောအကြံပြုချက်များ လူ့ဇာတိခံယူခြင်း ဖြောင့်မတ်ခြင်းနေမင်းကြီး အရှေ့အရပ်က ထွက်ပေါ်
အို ဘုရား… ကိုယ်တော့်ဘုန်းတော် ကောင်းကင်နှင့်မြေကြီးတွင် ပြည့်လျှံ နှစ်သက်ဖွယ်သော ကျွန်ပ်ချစ်ရသူ… ကိုယ်တော့်ချစ်ခြင်းမေတ္တာ ကျွန်ပ်နှလုံးသားကို ဝန်းရံ သမ္မာတရား ရှာဖွေသူများ… ဘုရားကို ချစ်ခင်မြတ်နိုးကြ မနက်စောစော တစ်ကိုယ်တည်း နိုးထရလည်း နှုတ်ကပတ်တော်ကို အောက်မေ့သောကြောင့် ကျွန်ပ်နှလုံးသားထဲ ဝမ်းမြောက်ခြင်းရှိ ကြင်နာသော မိခင်၏ စကားများကဲ့သို့ ဘုရား၏နူးညံ့သော စကားများ ဖခင်၏ဆူပူကြိမ်းမောင်းခြင်းကဲ့သို့ ခက်ထန်သော ဘုရား၏စစ်ကြောသောစကားများ နောက်ထပ် ကျွန်ပ် ချစ်မြတ်နိုးသောအရာ မရှိ အနန္တတန်ခိုးရှင် ဘုရားသခင်ကိုသာ စိတ်နှလုံးအကြွင်းမဲ့ ချစ်တယ် အာ့ ဟေး… အာ့ ဟေး… အာ့ ဟေး… အာ့ ဟေး… |
Click & Join usမော်ကွန်းတိုက်
December 2019
တံဆိပ်များ
All
|