Myanmar Gospel Song (ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ကျွန်ုပ်တို့အား နီးစေပြီ) မရေမတွက်နိုင်သော ပင်လယ်များနှင့် တောင်များ ခြားပါစေ၊ ကျွန်ုပ်တို့အကြားတွင် နယ်နိမိတ်များ မရှိ၊ အသားအရောင် ကွဲပြားပါစေ မတူညီသော ဘာသာစကားကို ပြောပါစေ ကျွန်ုပ်တို့သည် လူမျိုးတော် တစ်မျိုးတည်း ဖြစ်ကြပါသည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ကျွန်ုပ်တို့အား ခေါ်တော်မူခြင်းကြောင့်၊ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ပလ္လင်တော် ရှေ့သို့ ချီးမြှောက်ခြင်းကို ခံရပါပြီ။
0 Comments
Myanmar Gospel Skit 2019 (ကျွန်ုပ်တို့ ကယ်တင်ခြင်းရလျှင် ကောင်းကင်နိုင်ငံထဲသို့ ဝင်ရောက်နိုင်ပါသလား)8/2/2019 ဇန်မုသည် အိမ်အသင်းတော်တစ်ခုတွင် ဆရာတစ်ပါးဖြစ်ပြီး၊ “ ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှါ စိတ်နှလုံးဖြင့် ယုံကြည်ရ၏။ ကယ်တင်ခြင်း သို့ ရောက်ခြင်းငှါ နှုတ်ဖြင့် ဝန်ခံရ၏။” (ရောမ ၁၀:၁၀) ကို သူ ယုံကြည်လေသည်။ သူက သခင်ယေရှု၌ သူယုံကြည်သောကြောင့် ဖြောင့်မတ်သောသူဟု အမည်တွင်ပြီးဖြစ်သည်၊ ကတယ်ခြင်းကို သူရရှိနှင့်ပြီးဖြစ်ကာ သခင် ပြန်ကြွလာသောအခါ ကောင်းကင်နိုင်ငံထဲသို့ သူ တိုက်ရိုက်ချီဆောင်ခံရမည်ဟု ထင်မြင်လေသည်။ တစ်နေ့တွင်၊ အခြားဒေသများတွင် သာသနာပြုသည့်အလုပ်မှ သူ၏သမီး အိမ်ပြန်လာပြီး သူ နှစ်များစွာ ကိုင်စွဲခဲ့သည့် အမြင်နှင့် ပတ်သက်၍ သူ့ကို သံသယဖြစ်စေလေသည်။ ထို့နောက်၊ မိသားစုဝင် သုံးဦးသည် ကယ်တင်ခြင်းရရှိခြင်းက လူတစ်ယောက်ကို ကောင်းကင်နိုင်ငံထဲ ဝင်ခွင့်ပေးနိုင် မပေးနိုင်၊ ကောင်းကင်နိုင်ငံထဲသို့ မည်ကဲ့သို့သော လူအမျိးအစားများ ဝင်ရောက်နိုင်သည် နှင့် ပတ်သက်သော အကြောင်းအရာများအကြောင်း အကြိတ်အနယ် စကားစစ်ထိုးပွဲတစ်ခု စတင်ကြလေသည် … ဆောင်ရွက်မှုများ ဘုရားသခင်၏ နိုင်ငံတော် “ သခင် တံခါးခေါက်နေသည်” တင်ဆက်မှုအတိုသည် နောက်ဆုံးသောကာလတွင် သခင်သည် သူ၏ နှုတ်ကပတ်တော်များဖြင့် ကျွနု်ပ်တို့၏ နှလုံးသားတံခါးခေါက်ပုံ၊ ဉာဏ်ပညာရှိသော အပျိုစင်တို့သည် ဘုရားသခင်၏အသံတော်ကိုကြားနိုင်ပြီး သိုးသငယ်နှင့်အတူ စားသောက်ပွဲကျင်းပနိုင်ပုံတို့ကို ရှင်းပြထားသည်။ သင်းအုပ်ဆရာချန်ရှောင်ဒုံသည် သခင်ပြန်ကြွလာခြင်းကို အစဉ်စောင့်လျက်ရှိသည်။ သို့ရာတွင် အစ်ကိုဇန်သည် သူ့အား သခင် ပြန်လာနှင့်ပြီဟု သက်သေခံသည့်အခါတွင် သူသည် သခင်ကတိမ်စီးလျက်ပြန်လည်ကြွလာမည်ဟုယုံကြည်လျက်၊ စစ်မှန်သည့်လမ်းအဖို့ သူ၏နှလုံးသားတံခါးကိုပိတ်လျက် သူ၏ ကိုယ်ပိုင်အယူအဆနှင့်စိတ်ကူးစိတ်သန်းများကို ခေါင်းမာစွာ စွဲကိုင်ထားသည်။ သို့သော် ဤတစ်ခါတွင်မူ အစ်ကိုဇန်သည် သူနှင့်အတူ သခင်ပြန်ကြွလာခြင်းနှင့် ဆက်စပ်သည့် ကျမ်းပိုဒ်တို့ကို ဆွေးနွေးပြီး နောက်ဆုံးသောကာလတွင် သခင်သည် နှုတ်ကပတ်တော်အသစ်တို့ကိုပြောကြားပြီး လူကို သန့်စင်ဖို့ရန်အတွက် လူ့ဇာတိခံယူပြီး လျှို့ဝှက်စွာပြန်ကြွလာမည်ဖြစ်ပြီး ထို့နောက်တွင်မှ ကောင်းသူအား ဆုလာဘ်ချီးမြှင့်၍ မကောင်းသူအား ဒဏ်ခတ်ရန်အတွက် လူအများရှေ့တွင် ပေါ်ထွန်းလိမ့်မည်ဆိုသည့် ပရောဖက်ပြုချက်များ သမ္မာကျမ်းစာတွင် ပါဝင်ကြောင်းကို သူ တွေ့ရှိခဲ့သည်။ တစ်ချိန်တည်းတွင် သူသည် ကျွနု်ပ်တို့၏တံခါးကိုခေါက်လျက်ရှိသည့်သခင်၏ အဓိပ္ပါယ်အစစ်အမှန်ကို နားလည်လာပြီး သခင်၏ပြန်လည်ကြွလာခြင်းကို ကြိုဆိုရာ၌ အဓိကအချက်သည် ဘုရားသခင်၏အသံတော်ကိုကြားနိုင်ဖို့ရန်ဖြစ်ကြောင်းကို နားလည်လာသည်။ သူသည် နောက်ဆုံးတွင် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲ၌ ဘုရားသခင်၏ အသံကို သူကြားရသည့်အခါ နောက်ဆုံးတွင် သူ၏နှလုံးသားတံခါးကိုဖွင့်ပြီး သခင်ပြန်လည်ကြွလာခြင်းကို ကြိုဆိုလေသည်။ များပြားသောအကြံပြုချက်များ လူ့ဇာတိခံယူခြင်း |
Click & Join usမော်ကွန်းတိုက်
December 2019
တံဆိပ်များ
All
|