ရှင်မဿဲ ၁၈:၁၂-၁၄ အဘယ်သို့ထင်ကြသနည်း။ သိုးတရာရှိသောသူ၌ သိုးတကောင်သည် လမ်းလွဲ၍ပျောက်လျှင်၊ ထိုသူသည် ကိုးဆယ်ကိုးကောင်သောသိုးတို့ကို တောင်ပေါ်မှာထားခဲ့ပြီးမှ၊ လမ်းလွဲ၍ပျောက်သော သိုးတကောင်ကို သွား၍ရှာတတ်သည် မဟုတ်လော။ တွေ့ပြီးလျှင်၊ လမ်းမလွဲ၍ပျောက်သောသိုး ကိုးဆယ်ကိုးကောင်၌ ဝမ်းမြောက်ခြင်းရှိသည်ထက်၊ ထိုသိုးတကောင်၌ သာ၍ဝမ်းမြောက်ခြင်းရှိသည်ဟု ငါအမှန်ဆို၏။ ထိုနည်းတူ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် ဤသူငယ်တယောက်ကိုမျှ ပျက်စီးစေခြင်းငှာ အလိုတော်မရှိ။ ဒါက တင်စားချက်တစ်ခုဖြစ်တယ်။ ဒီစာပိုဒ်ကနေ ဘယ်လိုခံစားချက်မျိုးကို လူတွေရရှိသလဲ။ ဒီတင်စားချက်ကို ဖော်ပြတဲ့ပုံစံက လူသားရဲ့ဘာသာစကားနဲ့ စကားပြောတဲ့ပုံစံကို အသုံးချထားတယ်။ ဒါက လူသားရဲ့ အသိပညာနယ်ပယ်အတွင်းမှာရှိတဲ့ အရာဖြစ်တယ်။ ပညတ်တော်ခေတ်မှာ ဘုရားသခင်က ဆင်တူတဲ့ အရာကိုပြောခဲ့မယ်ဆိုရင် ဘုရားသခင်ဘယ်သူဆိုတာနဲ့ ပတ်သက်ပြီး အမှန်တကယ် တသမတ်တည်းမဖြစ်ဘူးလို့ လူတွေ ခံစားကြရလိမ့်မယ်။ ဒါပေမဲ့ လူသားဟာ ကျေးဇူးတော်ခေတ်မှာ ဒီစာပိုဒ်ကို ပြောကြားတဲ့အခါ လူတွေအတွက် စိတ်သက်သာရာရခြင်း၊ နွေးထွေးခြင်းနဲ့ ရင်းနှီးမှုကို ခံစားရစေတယ်။ ဘုရားသခင် လူ့ဇာတိခံယူခဲ့တုန်းက၊ လူ့ပုံသဏ္ဌာန်နဲ့ ပေါ်ထွန်းလာခဲ့တုန်းက လူ့သဘာဝထဲက သူ့ရဲ့နှလုံးသားရဲ့ အသံကို ဖော်ပြဖို့ သိပ်သင့်တော်တဲ့ တင်စားချက်ကို သူအသုံးပြုခဲ့တယ်။ ဒီအသံက ဘုရားသခင်ကိုယ်တိုင်ရဲ့ အသံနဲ့ အဲဒီခေတ်မှာ သူလုပ်ချင်တဲ့ အလုပ်ကို ကိုယ်စားပြုခဲ့တယ်။ ကျေးဇူးတော်ခေတ်မှာ လူတွေအပေါ် ဘုရားသခင်ထားခဲ့တဲ့ သဘောထားတစ်ခုကိုလည်း ကိုယ်စားပြုခဲ့တယ်။ လူတွေအပေါ် ဘုရားသခင်ရဲ့ သဘောထားရဲ့ ရှုထောင့်ကနေ ကြည့်တဲ့အခါမှာ သူဟာ လူတစ်ယောက်ချင်းစီတိုင်းကို သိုးနဲ့ နှိုင်းလိုက်တယ်။ သိုးတစ်ကောင် ပျောက်သွားရင် ဒီသိုးကို ရှာဖို့အတွက် ဘာပဲဖြစ်ဖြစ် သူလုပ်ဆောင်ပါလိမ့်မယ်။ ဒါဟာ လူသားမျိုးနွယ်ထဲမှာ ဒီအချိန်မှာ လူ့ဇာတိအသွင်နဲ့ ဘုရားသခင်ရဲ့အလုပ်ရဲ့ သဘောတရားကို ကိုယ်စားပြုပါတယ်။ အဲဒီအလုပ်မှာ သူ့ရဲ့ ဆုံးဖြတ်ချက်နဲ့ သဘောထားကို ဖော်ပြဖို့ ဒီပုံဥပမာကို အသုံးပြုခဲ့တယ်။ ဒါဟာ ဘုရားသခင်က လူ့ဇာတိဖြစ်လာခြင်းရဲ့ အားသာချက်ပဲ။ သူဟာ လူသားမျိုးနွယ်ရဲ့ အသိပညာရဲ့ အားသာချက်ကို ယူပြီး လူတွေကို စကားပြောဖို့၊ သူ့အလိုတော်ကို ဖော်ပြဖို့ လူသားရဲ့ဘာသာစကားကို အသုံးပြုနိုင်ခဲ့တယ်။ သူဟာ လူသားရဲ့ ဘာသာစကားနဲ့ လူတွေ နားလည်ဖို့ခက်ခဲတဲ့ သူ့ရဲ့ အလွန်ကြီးမြတ်ပြီး၊ ဘုရားသဘောသဘာဝနဲ့သက်ဆိုင်တဲ့ ဘာသာစကားကို လူသားရဲ့နည်းလမ်းနဲ့ လူသားတို့ကိုရှင်းပြခဲ့တယ်၊ သို့မဟုတ် “ ဘာသာပြန်ခဲ့တယ်။” ဒါက သူ့ရဲ့အလိုတော်ကို လူတွေနားလည်ပြီး သူလုပ်ချင်တဲ့အရာကို လူတွေ သိစေဖို့ ကူညီခဲ့တယ်။ သူဟာ လူသားရဲ့ရှုထောင့်ကနေ၊ လူသားဘာသာစကားကိုအသုံးပြုရင်း လူတွေနဲ့ စကားပြောဆိုနိုင်ပြီး သူတို့နားလည်တဲ့ နည်းလမ်းနဲ့ လူတွေကို ဆက်သွယ်ပြောဆိုခဲ့တယ်။ လူတွေက ဘုရားသခင်ရဲ့ ကြင်နာခြင်းနဲ့ နီးစပ်ခြင်းကို ခံစားနိုင်ဖို့အတွက်၊ သူ့နှလုံးသားကို သူတို့ မြင်နိုင်ဖို့အတွက် သူဟာ လူသားရဲ့ဘာသာစကားနဲ့ အသိပညာကိုအသုံးချပြီး ပြောဆိုလုပ်ကိုင်နိုင်ပါသေးတယ်။ ဒီအချက်မှာ သင်တို့ ဘာကိုမြင်ပါသလဲ။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေနဲ့ အပြုအမူတွေမှာ ပိတ်ပင်တားမြစ်ခြင်းမရှိဘူးဆိုတာလား။ ဘုရားသခင်ကိုယ်တော်တိုင် ပြောချင်တဲ့အရာတွေ၊ သူလုပ်ချင်တဲ့အလုပ်တွေ၊ သို့မဟုတ် သူ့ရဲ့ကိုယ်ပိုင်အလိုတော်ကို ဖော်ပြဖို့ လူသားရဲ့အသိပညာ၊ ဘာသာစကား သို့မဟုတ် စကားပြောတဲ့ပုံစံကို ဘုရားသခင် သုံးဖို့ မဖြစ်နိုင်ဘူးလို့ လူတွေမြင်ကြတယ်။ ဒါက မှားယွင်းတဲ့ စဉ်စားပုံပါပဲ။ အဲဒီအချိန်ကာလမှာ လူတွေအပေါ်ထားတဲ့ သူ့ရဲ့သဘောထားကိုမြင်ပြီး ဘုရားသခင်ရဲ့ ရိုးသားဖြူစင်မှုနဲ့ စစ်မှန်မှုတို့ကို လူတွေခံစားနိုင်ဖို့အတွက် ဘုရားသခင်က ဒီလို တင်စားချက်မျိုးကို အသုံးပြုခဲ့တာဖြစ်တယ်။ ဒီပုံဥပမာဟာ ပညတ်တော်အောက်မှာ အကြာကြီး အသက်ရှင်နေထိုင်ခဲ့တဲ့ လူတွေကို အိပ်မက်ကနေ နိုးထစေခဲ့ပြီး ကျေးဇူးတော်ခေတ်မှာ အသက်ရှင်နေထိုင်နေတဲ့ လူတွေရဲ့ မျိုးဆက်တစ်ခုပြီးတစ်ခုကိုလည်း လှုံ့ဆော်ခဲ့တယ်။ ဒီပုံဥပမာရဲ့ စာပိုဒ်ကို ဖတ်ခြင်းအားဖြင့် လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင်ရဲ့ ရိုးသားဖြူစင်မှုကို လူတွေသိကြပြီး သူ့နှလုံးသားမှာ လူသားမျိုးနွယ်ရဲ့ ဝန်ထုတ်ဝန်ပိုးကို လူတွေနားလည်ပါတယ်။ ဒီစာပိုဒ်မှာရှိတဲ့ နောက်ဆုံးစာကြောင်းကို ကြည့်ကြည့်ကြရအောင်။ “ ထိုနည်းတူ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် ဤသူငယ်တယောက်ကိုမျှ ပျက်စီးစေခြင်းငှာ အလိုတော်မရှိ။” ဒါက သခင်ယေရှုရဲ့ ကိုယ်ပိုင် နှုတ်ကပတ်တော်တွေလား သို့မဟုတ် ကောင်းကင်ဘုံမှာရှိတဲ့ သူ့ခမည်းတော်ရဲ့ နှုတ်ကပတ်တော်တွေလား။ အပေါ်ယံမှာတော့ စကားပြောနေတာက သခင်ယေရှုလို့ ထင်ရပေမဲ့ သူ့ရဲ့အလိုတော်ဟာ ဘုရားသခင်ကိုယ်တော်တိုင်ရဲ့ အလိုတော်ကို ကိုယ်စားပြုတယ်။ ဒါကြောင့်မို့ သူက “ ထိုနည်းတူ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် ဤသူငယ်တယောက်ကိုမျှ ပျက်စီးစေခြင်းငှာ အလိုတော်မရှိ” လို့ ပြောခဲ့တာပဲ။ အဲဒီအချိန်မှာ လူတွေက ကောင်းကင်ဘုံမှာရှိတဲ့ ခမည်းတော်ကိုသာ ဘုရားသခင်အနေနဲ့ အသိအမှတ်ပြုကြပြီး သူတို့မျက်စိရှေ့မှာ သူတို့မြင်ခဲ့တဲ့ ဒီလူဟာ ဘုရားသခင်ရဲ့စေလွှတ်ခြင်းခံရခြင်း သက်သက်ဖြစ်ပြီး ကောင်းကင်ဘုံမှာရှိတဲ့ ခမည်းတော်ကို သူကိုယ်စားမပြုနိုင်ဘူး။ ဒါကြောင့် လူသားမျိုးနွယ်အတွက် ဘုရားသခင်ရဲ့အလိုတော်ကို သူတို့အမှန်တကယ် ခံစားနိုင်ဖို့အတွက်၊ သူပြောခဲ့တာရဲ့ စစ်မှန်မှုနဲ့ တိကျမှုကို ခံစားနိုင်ဖို့အတွက် သခင်ယေရှုဟာ အဲဒီအရာကို ပြောခဲ့ရတာဖြစ်ပါတယ်။ ဒါကပြောဖို့ ရိုးရှင်းတဲ့အရာတစ်ခုဖြစ်ပေမဲ့ ဂရုစိုက်မှုတွေပါဝင်ပြီး သခင်ယေရှုရဲ့ နှိမ့်ချခြင်းနဲ့ လျှို့ဝှက်ခြင်းကို ဖွင့်ပြပါတယ်။ ဘုရားသခင်က လူ့ဇာတိခံယူခဲ့တာပဲဖြစ်ဖြစ် သို့မဟုတ် ဝိညာဉ်နယ်ပယ်မှာ သူအလုပ်လုပ်ခဲ့တာပဲဖြစ်ဖြစ် လူသားရဲ့နှလုံးသားကို သူအသိဆုံးဖြစ်ပြီးလူတွေ လိုအပ်တဲ့အရာကို အနားလည်ဆုံးဖြစ်တယ်။ လူတွေ စိုးရိမ်တဲ့အရာနဲ့ သူတို့ကို စိတ်ရှုပ်ထွေးစေတဲ့အရာတို့ကို သိတယ်။ ဒါကြောင့် ဒီစာကြောင်းတစ်ကြောင်းကို သူထည့်လိုက်တယ်။ ဒီစာကြောင်းက လူသားမျိုးနွယ်မှာ ပုန်းကွယ်နေတဲ့ ပြဿနာတစ်ခုကို မီးမောင်းထိုးပြထားတယ်။ လူသားက ပြောတာနဲ့ပတ်သက်ပြီး လူတွေက လွယ်လွယ်မယုံကြည်ကြဘူး။ ဆိုလိုတာက သခင်ယေရှု စကားပြောတဲ့အခါ “ ထိုနည်းတူ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် ဤသူငယ်တယောက်ကိုမျှ ပျက်စီးစေခြင်းငှာ အလိုတော်မရှိ” ဆိုတာကို ထည့်လိုက်ရတယ်။ သူတို့ရဲ့ တိကျမှုကို ယုံကြည်စေပြီး သူတို့ရဲ့ ယုံကြည်လက်ခံနိုင်စွမ်းကို တိုးမြှင့်ပေးဖို့အတွက် ဒီအဆိုကျမှသာ သူ့ရဲ့နှုတ်ကပတ်တော်တွေက အသီးအပွင့်တွေ ဖြစ်ထွန်းလာနိုင်ခဲ့တာပဲ။ ဘုရားသခင်က လူသားရဲ့ ပုံမှန်သားတစ်ယောက်ဖြစ်လာတဲ့အခါမှာ၊ ဘုရားသခင်နဲ့ လူသားမျိုးနွယ်က တော်တော်ကို ခွကျတဲ့ ဆက်ဆံရေးရှိလာတယ်။ အဲဒီ လူသားရဲ့ အခြေအနေက တော်တော် အရှက်ရစရာဖြစ်ခဲ့တယ်။ အဲဒီအချိန်မှာ လူသားတွေကြားမှာ သခင်ယေရှုရဲ့ အဆင့်အတန်း ဘယ်လောက်သေးငယ်တယ်ဆိုတာကိုလည်းပြတယ်။ သူဒါကိုပြောတဲ့အခါမှာ တကယ်တမ်းက လူတွေကို ဒီလိုပြောဖို့ဖြစ်တယ်။ သင်တို့ စိတ်ချထားလို့ရပါတယ်။ ဒါက ငါ့ရဲ့ကိုယ်ပိုင်နှလုံးသားထဲက အရာကို ကိုယ်စားမပြုဘူး။ သင်တို့ရဲ့ နှလုံးသားထဲမှာရှိတဲ့ ဘုရားသခင်ရဲ့ အလိုတော်ကပဲ ကိုယ်စားပြုတာဖြစ်တယ်။ လူသားမျိုးနွယ်အတွက်က ဒါက အထင်နဲ့အမြင် တလွဲစီ ဖြစ်မနေဘူးလား။ ဇာတိခန္ဓာထဲ အလုပ်လုပ်တဲ့ ဘုရားသခင်က သူရဲ့ ပုဂ္ဂိုလ်အဖြစ်မှာ မရှိတဲ့ အားသာချက်တွေအများကြီးရှိပေမဲ့ သူတို့ရဲ့ သံသယတွေ၊ ငြင်းပယ်မှုတွေနဲ့ သူတို့ရဲ့ ထုံထိုင်းမှုတွေ၊ ငြီးငွေ့စရာကောင်းမှုတွေကို သူကြံ့ကြံ့ခံခဲ့ရတယ်။ လူသားရဲ့ လုပ်ငန်းစဉ်က လူသားမျိုးနွယ်ရဲ့ ငြင်းပယ်ခြင်းနဲ့ လူသားမျိုးနွယ်က သူနဲ့ယှဉ်ပြိုင်တဲ့ အတွေ့အကြုံဖြစ်စဉ်ကို တွေ့ကြုံခံစားရတဲ့ ဖြစ်စဉ်ပဲလို့ ဆိုနိုင်တယ်။ ဒါတွေထက်ပိုပြီး ဒါဟာ သူ့ရဲ့အရာအားလုံးနဲ့ဖြစ်ခြင်းကတစ်ဆင့်၊ သူ့ရဲ့ကိုယ်ပိုင် အနှစ်သာရကနေတစ်ဆင့် လူသားမျိုးနွယ်ရဲ့ယုံကြည်မှုကို အဆက်မပြတ် ရယူပြီး လူသားမျိုးနွယ်ကို သိမ်းပိုက်ဖို့ လုပ်ငန်းစဉ်ပါပဲ။ လူ့ဇာတိခံယူထားတဲ့ ဘုရားသခင်က စာတန်နဲ့ စစ်ကွင်းပြင်မှာ စစ်တိုက်တာမျိုး သိပ်မဟုတ်ဘဲ ဘုရားသခင်က သာမန်လူသားတစ်ယောက်ဖြစ်လာပြီး သူ့နောက် လိုက်သူတွေနဲ့ ကြိုးစားရုန်းကန်ရပြီး ဒီကြိုးစားရုန်းကန်မှုမှာ လူသားဟာ သူ့ရဲ့အလုပ်ကို သူ့ရဲ့ နှိမ့်ချခြင်းနဲ့၊ သူ့ရဲ့အရာအားလုံးနဲ့ဖြစ်ခြင်းနဲ့၊ သူ့ရဲ့ချစ်ခြင်းမေတ္တာနဲ့ အသိဉာဏ်ပညာနဲ့ ပြီးမြောက်စေခဲ့တယ်ဆိုတာမျိုး ပိုပြီးဖြစ်ပါတယ်။ သူလိုချင်တဲ့လူတွေကို ရယူခဲ့တယ်။ သူရသင့်တဲ့ ဝိသေသလက္ခဏာနဲ့ အဆင့်အတန်းကို ရယူနိုင်ခဲ့ပြီး သူ့ရဲ့ပလ္လင်ဆီကို ပြန်သွားခဲ့တယ်။ သတင်းအချက်အလက်များ ကယ်တင်ခြင်းဆိုသည်မှာ အဘယ်နည်း
0 Comments
Leave a Reply. |