၁) သခင်ယေရှုဟာ လူငါးထောင်ကို အစာကျွေးမွေးတယ် ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၆:၈-၁၃ ရှိမုန်ပေတရု၏ညီ အန္ဒြေအမည်ရှိသော တပည့်တော်က၊ မုယောမုန့်ငါးလုံးနှင့် ငါးကလေးနှစ်ကောင်ပါသော သူငယ်တယောက်ရှိပါ၏။ သို့သော်လည်း ဤမျှလောက်များစွာသောသူတို့သည်ရှိကြသည်ဖြစ်၍၊ ထိုမုန့်နှင့် ငါးနှစ်ကောင်တို့ကို အဘယ်ပြောစရာ ရှိပါသနည်း ဟုလျှောက်၏။ ယေရှုကလည်း၊ လူများတို့ကိုလျောင်းကြစေဟု မိန့်တော်မူ၏။ ထိုအရပ်၌ မြက်ပင်ထူပြောလျက်ရှိသည် ဖြစ်၍၊ အရေအတွက်အားဖြင့် ငါးထောင်မျှလောက်သော လူတို့သည် လျောင်းကြ၏။ ယေရှုသည်မုန့်ကိုယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ တပည့်တော်တို့အား ဝေငှတော်မူ၍၊ တပည့်တော်တို့သည် လျောင်းသောသူတို့အားဝေငှပြန်၏။ ထိုနည်းတူ ငါးနှစ်ကောင်ကိုလူများလိုချင်သမျှ ဝေငှကြ၏။ ထိုသူတို့သည်ဝကြပြီးမှ ကိုယ်တော်က၊ ဘာမျှ မပျောက်စေခြင်းငှာ ကြွင်းကျန်သော အကျိုးအပဲ့တို့ကို ကောက်သိမ်းကြလော့ဟု တပည့်တော်တို့အား မိန့်တော်မူသည်ဖြစ်၍၊ စားသောသူတို့၌ ကျန်ကြွင်းသော မုရောမုန့် ငါးလုံး၏ အကျိုးအပဲ့တို့ကို ကောက်သိမ်း၍ တဆယ်နှစ်တောင်းအပြည့်ရကြ၏။ ၂) လာဇရုရဲ့ သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းက ဘုရားသခင်ကို ဘုန်းထင်ရှားစေတယ် ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၁၁:၄၃-၄၄ လာဇရုထွက်၍လာလော့ဟု ကြီးစွာသောအသံနှင့် ဟစ်ခေါ်တော်မူ၏။ ထိုအခါ သေလွန်သောသူသည် မိမိခြေလက်၌ပုဆိုးနံငယ်နှင့်ရစ်ပတ်လျက်၊ မျက်နှာကိုလည်း ပုဝါနှင့် စည်းလျက်ထွက်လာ၏။ ယေရှုကလည်း၊ သူ့ကိုဖြည်၍ လွှတ်ကြေလော့ဟု မိန့်တော်မူ၏။ သခင်ယေရှုလုပ်ဆောင်ခဲ့တဲ့ ထူးဆန်းအံ့သြဖွယ်တွေထဲကနေ ဒီနှစ်ခုကိုပဲ ရွေးထားပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီမှာ ငါပြောချင်တဲ့ အကြောင်းအရာကို ထုတ်ဖော်ပြသဖို့ လုံလောက်တဲ့အတွက်ပါ။ ဒီအံ့ဖွယ်နှစ်ခုက တော်တော်ကို အံ့သြဖို့ကောင်းပါတယ်။ ဒါတွေက ကျေးဇူးတော်ခေတ်မှာ သခင်ယေရှုရဲ့ အံသြဖွယ်တွေကို သိပ်ကိုယ်စားပြုပါတယ်။ ပထမဆုံး၊ ပထမစာပိုဒ်ကို အရင်ကြည့်ရအောင်။ သခင်ယေရှုက လူငါးထောင်ကို ကျွေးမွေးတယ်။ “ မုန့်ငါးလုံးနဲ့ ငါးနှစ်ကောင်” ဆိုတာ ဘယ်လို အယူအဆမျိုးလဲ။ မုန့်ငါးလုံးနဲ့ငါးနှစ်ကောင်က ပုံမှန်ဆိုရင် လူဘယ်နှစ်ယောက်အတွက် လုံလောက်သလဲ။ ပုံမှန်လူတစ်ယောက် စားတဲ့အပေါ်မှာ အခြေခံပြီး သင်တို့ တိုင်းတာကြည့်ရင် လူနှစ်ယောက်စာအတွက်ပဲ လုံလောက်ပါလိမ့်မယ်။ ဒါက မုန့်ငါးလုံးနဲ့ ငါးနှစ်ကောင်ရဲ့ အခြေခံအကျဆုံး အယူအဆဖြစ်တယ်။ ဒါပေမဲ့ မုန့်ငါးလုံးနဲ့ငါးနှစ်ကောင်ကို လူဘယ်နှစ်ယောက်ကို ကျွေးတယ်လို့ ဒီစာပိုဒ်မှာ ရေးထားသလဲ။ ကျမ်းစာမှာ ဒီလို မှတ်တမ်းတင်ထားပါတယ်။ “ ထိုအရပ်၌ မြက်ပင်ထူပြောလျက်ရှိသည် ဖြစ်၍၊ အရေအတွက်အားဖြင့် ငါးထောင်မျှလောက်သော လူတို့သည် လျောင်းကြ၏။” မုန့်ငါးလုံးနဲ့ ငါးနှစ်ကောင်နဲ့ ယှဉ်ကြည့်ရင် လူငါးထောင်က များပါသလား။ အရေအတွက်က သိပ်များနေတာက ဘာအဓိပ္ပာယ်လဲ။ လူသားရှုထောင့်ကနေကြည့်ရင် မုန့်ငါးလုံးနဲ့ ငါးနှစ်ကောင်ကို လူငါးထောင်ခွဲဝေဖို့က မဖြစ်နိုင်ဘူး။ ဘာကြောင့်လဲဆိုရင် သူတို့ရဲ့ ကွာခြားချက်က သိပ်များတယ်။ လူတိုင်းက ခပ်သေးသေး တစ်ကိုက်ပဲကိုက်ရင်တောင် လူငါးထောင်အတွက် လောက်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ ဒီနေရာမှာ သခင်ယေရှုက အံဖွယ်တစ်ခုကို လုပ်ဆောင်ခဲ့တယ်။ သူဟာ လူငါးထောင်ကို ဗိုက်ပြည့်အောင် စားရရုံမက အပိုတွေပါထွက်အောင် လုပ်ခဲ့တယ်။ ကျမ်းစာမှာ ဒီလိုဖော်ပြပါတယ်။ “ ထိုသူတို့သည်ဝကြပြီးမှ ကိုယ်တော်က၊ ဘာမျှ မပျောက်စေခြင်းငှာ ကြွင်းကျန်သော အကျိုးအပဲ့တို့ကို ကောက်သိမ်းကြလော့ဟု တပည့်တော်တို့အား မိန့်တော်မူသည်ဖြစ်၍၊ စားသောသူတို့၌ ကျန်ကြွင်းသော မုရောမုန့် ငါးလုံး၏ အကျိုးအပဲ့တို့ကို ကောက်သိမ်း၍ တဆယ်နှစ်တောင်းအပြည့်ရကြ၏။” ဒီအံ့သြဖွယ်ရာဆန်းကြယ်မှုဟာ လူတွေကို သခင်ယေရှုရဲ့ ဝိသေသလက္ခဏာနဲ့ အဆင့်အတန်းကို မြင်စေပြီး ဘုရားသခင်အတွက် မဖြစ်နိုင်ဘူးဆိုတာ ဘာမှမရှိဘူးဆိုတာကိုလည်း မြင်စေခဲ့တယ်။ ဘုရားသခင်ရဲ့ အဆုံးအစမရှိတဲ့ ဘုန်းတန်ခိုးကို သူတို့ မြင်ခဲ့တယ်။ မုန့်ငါးလုံးနဲ့ ငါးနှစ်ကောင်က လူငါးထောင်ကိုကျွေးဖို့ လုံလောက်ခဲ့တယ်။ ဒါပေမဲ့ ဘာအစားအစာမှ မရှိခဲ့ရင် ဘုရားသခင်က လူငါးထောင်ကို ကျွေးနိုင်ပါ့မလား။ ကျွေးနိုင်တာပေါ့။ ဒါဟာ အံ့သြဆန်းကြယ်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် သေချာပေါက် လူတွေဟာ ဒါကို ဉာဏ်မမီနိုင်ဘူးလို့ ခံစားခဲ့ရပြီး သိပ်အံ့သြစရာကောင်းပြီး ထူးခြားဆန်းကြယ်တယ်လို့ ခံစားခဲ့ရတယ်။ ဒါပေမဲ့ ဘုရားသခင်အတွက်က ဒီလိုအရာမျိုးကို လုပ်ဆောင်ခြင်းက ဘာမှမဟုတ်သေးပါဘူး။ ဒါက ဘုရားသခင်အတွက် သာမန်ပဲဖြစ်တာကြောင့် ဘာကြောင့် ဒီတစ်ခုပဲ အဓိပ္ပာယ်ဖွင့်ဖို့ ယူတာလဲ။ ဘာကြောင့်လဲဆိုရင် ဒီအံ့သြဖွယ်နောက်မှာ တည်ရှိတာက လူသားမျိုးနွယ်က တစ်ခါမှ မတွေ့ရှိသေးတဲ့ သခင်ယေရှုရဲ့ အလိုတော်ပါဝင်ပါတယ်။ ပထမဆုံး ဒီ လူငါးထောင်က ဘယ်လိုလူမျိုးတွေလဲဆိုတာကို နားလည်ဖို့ ကြိုးစားကြည့်ရအောင်။ သူတို့က သခင်ယေရှုရဲ့ နောက်လိုက်တွေ ဟုတ်ပါသလား။ ကျမ်းစာမှာ သူတို့ဟာ သူ့ရဲ့နောက်လိုက်တွေမဟုတ်ဘူးဆိုတာကို ငါတို့သိကြတယ်။ သခင်ယေရှု့ ဘယ်သူဆိုတာကို သူတို့သိကြသလား။ လုံးဝ မသိပါဘူး။ အနည်းဆုံး သူတို့ရှေ့မှာရပ်နေတဲ့ သူက ခရစ်တော်ဆိုတာကို သူတို့ မသိခဲ့ဘူး သို့မဟုတ် တစ်ချို့က သူ့နာမည်က ဘာဆိုတာကိုပဲ သိချင်သိလိမ့်မယ်။ သူလုပ်ခဲ့တာတွေတစ်ချို့ကို သိမယ် သို့မဟုတ် ကြားဖူးလိမ့်မယ်။ သူတို့က သတင်းတွေမှာကြားရတဲ့ သခင်ယေရှုအကြောင်းကို သိချင်ရုံလောက်ပဲရှိတယ်။ ဒါပေမဲ့ သူတို့က သူ့နောက်ကိုလိုက်တယ်လို့တော့ သင်တို့ သေချာပေါက် မပြောနိုင်ဘူး။ သူ့ကိုနားလည်ဖို့ဆိုတာ ပိုပြီးတော့ မဖြစ်နိုင်ဘူး။ သခင်ယေရှုက ဒီလူငါးထောင်ကို မြင်တဲ့အခါမှာ သူတို့ဟာ ဆာလောင်ပြီး သူတို့ဗိုက်ပြည့်အောင် စားဖို့ပဲ စဉ်းစားနိုင်ကြပါတယ်။ ဒီအကြောင်းအရာကြောင့် သခင်ယေရှုဟာ သူတို့ရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းခဲ့တယ်။ သူတို့ရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းတဲ့အခါမှာ သူ့နှလုံးသားထဲမှာ ဘာတွေရှိနေခဲ့သလဲ။ ဗိုက်ပြည့်သွားအောင်သာ စားချင်နေတဲ့ ဒီလူတွေအပေါ် သူ့သဘောထားက ဘယ်လိုလဲ။ ဒီအချိန်မှာ သခင်ယေရှုရဲ့ အတွေးတွေနဲ့ သူ့သဘောထားက ဘုရားသခင်ရဲ့ စိတ်သဘောထားနဲ့ အနှစ်သာရတို့နဲ့ သက်ဆိုင်ပါတယ်။ အစားအစာ လုံလုံလောက်လောက်စားရဖို့သာဖြစ်နေတဲ့ ဗိုက်ဟာလာဟင်းလင်းနဲ့ ဒီလူငါးထောင်ကို ရင်ဆိုင်ရတဲ့အခါမှာ၊ သူနဲ့ပတ်သက်ပြီး သိချင်လိုစိတ်တွေ၊ မျှော်လင့်ချက်တွေပြည့်နေတဲ့ ဒီလူတွေကို ရင်ဆိုင်ရတဲ့အခါမှာ သခင်ယေရှုဟာ သူတို့ကို ကျေးဇူးတော်တွေ ချပေးသနားဖို့ ဒီအံသြဖွယ်ရာကို အသုံးချဖို့သာ စဉ်းစားခဲ့တယ်။ ဒါပေမဲ့ သူတို့ကို သူ့ရဲ့နောက်လိုက်တွေဖြစ်လာဖို့ သူမမျှော်လင့်ခဲ့ဘူး။ သူတို့ဟာ ပျော်ချင်ကြတာ သက်သက်ဖြစ်ပြီး ဗိုက်ပြည့်အောင် စားချင်တာသက်သက်ပဲ ဆိုတာကို သူသိတဲ့အတွက်ပါ။ ဒါကြောင့် သူ့မှာရှိတာကို အကောင်းဆုံးလုပ်ခဲ့ပြီး လူငါးထောင်ကို ကျွေးဖို့ မုန့်ငါးလုံးနဲ့ ငါးနှစ်ကောင်ကို အသုံးပြုခဲ့တယ်။ ဖြေဖျော်မှုကို နှစ်သက်တဲ့လူတွေ၊ အံ့သြဖွယ်ရာတွေကို ကြည့်ချင်တဲ့သူတွေရဲ့ မျက်လုံးကို သူဖွင့်ခဲ့ပြီး လူ့ဇာတိခံယူထားတဲ့ ဘုရားသခင် ပြီးမြောက်အောင်လုပ်နိုင်တဲ့ အရာတွေကို သူတို့ရဲ့ မျက်လုံးနဲ့ တပ်အပ်မြင်ခဲ့ရတယ်။ သခင်ယေရှုက သူတို့ရဲ့ သိလိုစိတ်ကို ဖြည့်ဆည်းဖို့ သိသာမြင်သာတဲ့ အရာတစ်ခုကို အသုံးပြုခဲ့ပေမဲ့ ဒီလူငါးထောင်က အစာကောင်းကောင်းစားချင်တာသက်သက်ပဲဆိုတာကို သူ့နှလုံးသားထဲမှာ သူသိနေခဲ့တယ်။ ဒါကြောင့် သူ ဘာမှမပြောခဲ့ဘူး သို့မဟုတ် သူတို့ကို ဘာမှ တရားမဟောခဲ့ဘူး။ ဒီအံ့သြဖွယ်ရာကိုသာ သူတို့ကို မြင်စေခဲ့တယ်။ သူ့နောက်ကို အမှန်တကယ်လိုက်တဲ့ သူ့ရဲ့တပည့်တော်တွေကို သူဆက်ဆံသလို ဒီလူတွေကို လုံးဝ ဆက်ဆံလို့မရဘူး။ ဒါပေမဲ့ ဘုရားသခင်ရဲ့ နှလုံးသားမှာ ဖန်ဆင်းခံအားလုံးက သူ့ရဲ့ စည်းမျဉ်းအောက်မှာဖြစ်ပြီး လိုအပ်တဲ့အခါမှာ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ခံစားရစေဖို့ သူ့မြင်ကွင်းမှာရှိတဲ့ ဖန်ဆင်းခံအားလုံးကို သူခွင့်ပြုမှာဖြစ်တယ်။ ဒီလူတွေက သူဘယ်သူဆိုတာကို မသိပေမဲ့ သို့မဟုတ် သူ့ကို နားမလည်ပေမဲ့ သို့မဟုတ် သူ့ကို ဘယ်လို သီးသန့် အမြင်တစ်ခုမှ မရှိပေမဲ့ သို့မဟုတ် မုန့်တွေနဲ့ ငါးကို သူတို့စားပြီးတာတောင် သူ့ကို ကျေးဇူးတင်ခြင်း မရှိပေမဲ့၊ ဒါက ဘုရားသခင် အရေးစိုက်တဲ့ အရာမဟုတ်ပါဘူး။ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ခံစားရဖို့ ဒီလူတွေကို သိပ်ကောင်းတဲ့ အခွင့်အလမ်းတစ်ခုကို သူပေးခဲ့တယ်။ ဘုရားသခင်က သူလုပ်တဲ့အရာတွေမှာ စည်းရှိပြီး မယုံကြည်သူတွေကို ကြည့်ရှုခြင်း သို့မဟုတ် ကာကွယ်ခြင်း မပြုလုပ်ဘူး၊ အထူးသဖြင့် သူ့ရဲ့ကျေးဇူးတော်ကို ခံစားရဖို့ သူတို့ကို အခွင့်မပေးဘူးလို့ တစ်ချို့လူတွေက ပြောကြတယ်။ တကယ်ပဲ ဒီလိုမျိုးလား။ ဘုရားသခင်ရဲ့ အမြင်မှာ သူကိုယ်တိုင်ဖန်ဆင်းခဲ့တဲ့ သက်ရှိ ဖန်ဆင်းခံတွေဖြစ်နေသရွေ့ သူတို့ကို စီမံပြီး ဂရုစိုက်ပါလိမ့်မယ်။ သူတို့ကို ကျွေးမွေးလိမ့်မယ်။ သူတို့အတွက် စီစဉ်လိမ့်မယ်။ သူတို့ကို မတူညီတဲ့ နည်းလမ်းတွေနဲ့ အုပ်ချုပ်လိမ့်မယ်။ ဒါတွေက အရာအားလုံးအပေါ်မှာ ဘုရားသခင်ရဲ့ အတွေးတွေနဲ့ စိတ်သဘောထားဖြစ်တယ်။ မုန့်ငါးလုံးနဲ့ ငါးနှစ်ကောင်ကို စားခဲ့တဲ့ လူငါးထောင်ဟာ သခင်ယေရှုနောက်ကိုလိုက်ဖို့ မစီစဉ်ခဲ့ပေမဲ့ သခင်ယေရှုဟာ သူတို့ကို မတင်းကြပ်ခဲ့ဘူး။ သူတို့ ဗိုက်ပြည့်အောင်စားပြီးတာနဲ့ သခင်ယေရှု ဘာလုပ်ခဲ့တယ်ဆိုတာကို သင်သိပါသလား။ သူတို့ကို တစ်ခုခု တရားဟောခဲ့သလား။ ဒါကိုလုပ်ပြီးတော့ သူဘယ်ကိုသွားသလဲ။ သခင်ယေရှုက သူတို့ကို တစ်ခုခုပြောတယ်လို့ ကျမ်းစာမှာ မှတ်တမ်းတင်မထားပါဘူး။ သူ့ရဲ့ အံသြဖွယ် ပြီးမြောက်သွားတဲ့အခါမှာ သူတိတ်တဆိတ် ထွက်ခွာသွားပါတယ်။ ဒါဆိုရင် ဒီလူတွေအတွက် သတ်မှတ်ချက်တွေ သူပြုလုပ်ခဲ့ပါသလား။ မုန်းခြင်းတစ်ခုခု ရှိပါသလား။ ဒါတွေ တစ်ခုမှ မရှိဘူး။ သူ့နောက်ကိုမလိုက်သူတွေကို သူအာရုံမစိုက်ချင်တော့တာသက်သက်ပါပဲ။ နောက်ပြီး ဒီအချိန်မှာ သူ့နှလုံးသားဟာ နာကျင်နေတယ်။ ဘာကြောင့်လဲဆိုရင် ပျက်ဆီးနေတဲ့ လူသားမျိုးနွယ်ကို သူမြင်ပြီးပြီ။ သူ့အပေါ် လူသားရဲ့ ငြင်းပယ်မှုကို သူခံစားခဲ့ရပြီးပြီ။ ဒီလူတွေကို သူမြင်တဲ့အခါမှာ သို့မဟုတ် သူတို့နဲ့ အတူရှိနေတဲ့အချိန်မှာ လူသားရဲ့ တုံးအမှုနဲ့ အသိမဲ့မှုတို့က သူ့ကို သိပ်ကို ဝမ်းနည်းစေပြီး သူ့နှလုံးသားကို နာကျင်စေတယ်။ ဒါကြောင့် ဒီလူတွေကို ဖြစ်နိုင်သမျှ အမြန်ဆုံးပဲ ထားခဲ့ချင်တယ်။ သခင်က သူ့နှလုံးသားထဲမှာ သူတို့အတွက် ဘာသတ်မှတ်ချက်မှ မရှိခဲ့ဘူး။ သူတို့ကို သူအာရုံမစိုက်ချင်ခဲ့ဘူး။ အထူးသဖြင့် သူတို့အပေါ်မှာ သူ့ရဲ့ စွမ်းအင်ကို အသုံးမချချင်ဘူး။ သူတို့က သူ့နောက်ကိုမလိုက်နိုင်ဘူးဆိုတာကို သူသိခဲ့တယ်။ ဒီလိုတွေဖြစ်နေပေမဲ့ သူတို့အပေါ်မှာထားတဲ့ သူ့သဘောထားက သိပ်ရှင်းလင်းနေပါသေးတယ်။ သူတို့ကို သူက ကျေးဇူးတော်ချပေးသနားဖို့ ကြင်နာစွာ ဆက်ဆံချင်ရုံသက်သက်ပါ။ ဒါက သူ့အုပ်စိုးမှုအောက်မှာရှိတဲ့ ဖန်ဆင်းခံတိုင်းအပေါ် ဘုရားသခင်ရဲ့ သဘောထားဖြစ်တယ်။ ဖန်ဆင်းခံတိုင်းအတွက် သူတို့ကို ကြင်ကြင်နာနာဆက်ဆံတယ်။ ထောက်ပံ့တယ်။ ပြုစုစောင့်ရှောက်တယ်။ သခင်ယေရှုက လူ့ဇာတိခံယူထားတဲ့ ဘုရားသခင်ဖြစ်တာကြောင့် သူဟာ ဘုရားသခင်ကိုယ်တိုင်ရဲ့ အနှစ်သာရကို သိပ်ကို သဘာဝကျစွာနဲ့ ဖွင့်ပြပြီး ဒီလူတွေကို ကြင်ကြင်နာနာနဲ့ ဆက်ဆံခဲ့တယ်။ သူတို့ကို သနားကြင်နာတဲ့ နှလုံးသားနဲ့ သည်းခံခြင်းနဲ့ ကြင်ကြင်နာနာ ဆက်ဆံခဲ့တယ်။ သခင်ယေရှုကို ဒီလူတွေက ဘယ်လိုပဲမြင်ပါစေ၊ ဘယ်လိုရလဒ်တွေပဲ ရလာမှာဖြစ်ပါစေ၊ ဖန်ဆင်းခြင်းအားလုံးရဲ့ အရှင်သခင်အဖြစ် သူ့ရဲ့နေရာကို အခြေခံပြီး ဖန်ဆင်းခံတိုင်းကို ဆက်ဆံခြင်းသက်သက်ပါပဲ။ သူဖွင့်ပြတဲ့အရာက ခြွင်းချက်မရှိ ဘုရားသခင်ရဲ့ စိတ်သဘောထားနဲ့ သူ့ရဲ့ အရာအားလုံးနဲ့ ဖြစ်ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် သခင်ယေရှုက တိတ်တဆိတ်နဲ့ တစ်ခုခုလုပ်ခဲ့တယ်။ အဲဒီနောက်မှာ တိတ်တဆိတ်နဲ့ ထွက်ခွာသွားခဲ့တယ်။ ဒါက ဘုရားသခင်ရဲ့ စိတ်သဘောထားရဲ့ ဘယ်လက္ခဏာသွင်ပြင်လဲ။ ဒါက ဘုရားသခင်ရဲ့ ချစ်ခင်ကြင်နာခြင်းလို့ သင်တို့ ဆိုနိုင်သလား။ ဘုရားသခင်က တစ်ကိုယ်ကောင်းမဆန်ဘူးလို့ သင်ဆိုနိုင်မလား။ သာမန်လူတစ်ယောက်က ဒါကို လုပ်နိုင်သလား။ လုံးဝ မလုပ်နိုင်ပါဘူး။ တကယ်အနှစ်သာရမှာ မုန့်ငါးလုံးနဲ့ ငါးနှစ်ကောင်နဲ့ သခင်ယေရှုကျွေးခဲ့တဲ့ ဒီလူငါးထောင်က ဘယ်သူတွေလဲ။ သူတို့ဟာ သခင်ယေရှုနဲ့ ကိုက်ညီတဲ့လူတွေလို့ သင်တို့ ဆိုနိုင်သလား။ သူတို့အားလုံးက ဘုရားသခင်ကို ဆန့်ကျင်သူတွေလို့ ဆိုနိုင်သလား။ သူတို့ဟာ သခင်နဲ့ ကိုက်ညီမှု မရှိဘူးလို့ သေချာပေါက် ပြောနိုင်ပါတယ်။ နောက်ပြီး သူတို့ရဲ့ အနှစ်သာရဟာ လုံးဝ ဘုရားသခင်ကို ဆန့်ကျင်တာပါ။ ဒါပေမဲ့ ဘုရားသခင်က သူတို့ကို ဘယ်လိုဆက်ဆံခဲ့သလဲ။ ဘုရားသခင်အပေါ် လူတွေရဲ့ ရန်လိုမှုကို ထိန်းဖို့ နည်းလမ်းတစ်ခုကို သူအသုံးပြုခဲ့တယ်။ ဒါဟာ သခင်ယေရှုက သူတို့ကို အပြစ်သားတွေအဖြစ် မြင်ပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ဘုရားသခင်ရဲ့ အမြင်မှာ သူတို့ဟာ သူ့ရဲ့ ဖန်ဆင်းခြင်းတွေပဲဖြစ်တယ်။ ဒါကြောင့် ဒီအပြစ်သားတွေကို ကြင်ကြင်နာနာနဲ့ သူဆက်ဆံဆဲပါပဲ။ ဒါဟာ ဘုရားသခင်ရဲ့သည်းခံခြင်းဖြစ်ပြီး ဒီသည်းခံခြင်းက ဘုရားသခင်ကိုယ်တော်တိုင်ရဲ့ ဝိသေသလက္ခဏာနဲ့ အနှစ်သာရအားဖြင့် သတ်မှတ်ပါတယ်။ ဒါကြောင့် ဒါဟာ ဘုရားသခင်က ဖန်ဆင်းခဲ့တဲ့ ဘယ်သူသားကမှ လုပ်နိုင်တဲ့ အရာမဟုတ်ပါဘူး။ ဘုရားသခင်သာလျှင် လုပ်နိုင်ပါတယ်။ သင်က လူသားမျိုးနွယ်အပေါ် ဘုရားသခင်ရဲ့ အတွေးတွေနဲ့ သဘောထားကို အမှန်တကယ် အသိအမှတ်ပြု တန်ဖိုးထားနိုင်တဲ့အခါ၊ သင်က ဘုရားသခင်ရဲ့ စိတ်ခံစားမှုတွေကို တကယ်နားလည်နိုင်ပြီး ဖန်ဆင်းခံတိုင်းကို အရေးစိုက်တဲ့အခါ၊ ဖန်ဆင်းရှင်က ဖန်ဆင်းခဲ့တဲ့ လူတွေတစ်ယောက်ချင်းစီတိုင်းအပေါ် သက်ရောက်စေခဲ့တဲ့ ချစ်ခြင်းနဲ့ အလေးထားခြင်းကို သင်နားလည်နိုင်ပါလိမ့်မယ်။ ဒီလို ဖြစ်တဲ့အခါမှာ ဘုရားသခင်ရဲ့ ချစ်ခြင်းကို ဖော်ပြဖို့ စကားလုံးနှစ်လုံးကို သင်အသုံးပြုလိမ့်မယ်။ အဲဒီ စကားလုံးနှစ်လုံးကဘာလဲ။ တစ်ချို့လူတွေက “ တစ်ကိုယ်ကောင်းမဆန်ခြင်း” လို့ပြောကြပြီး တစ်ချို့လူတွေက “ ပရဟိတ” လို့ပြောကြတယ်။ ဒီနှစ်ခုထဲမှာ “ ပရဟိတ” က ဘုရားသခင်ရဲ့ ချစ်ခြင်းကိုဖော်ပြဖို့ မသင့်တော်ဆုံး အရာဖြစ်တယ်။ ဒါက လူတစ်ယောက်ရဲ့ ကျယ်ပြန့်တဲ့ အတွေးတွေနဲ့ ခံစားချက်တွေကို ဖော်ပြဖို့ လူတွေ အသုံးပြုတဲ့ စကားလုံးတစ်လုံးဖြစ်တယ်။ ဒီစကားလုံးကို ငါတော်တော် စက်ဆုပ်ရွံရှာတယ်။ ဘာကြောင့်လဲဆိုရင် အစီအစဉ်တကျမဟုတ်၊ လက်လွတ်စပယ်၊ ဘာစည်းမျဉ်းတစ်ခုမှမပါဝင်ဘဲ ချို့တဲ့သူတွေကို ကူညီမှု ပြုလုပ်ခြင်းကို ဆိုလိုတဲ့အတွက်ပါ။ ဒါက မိုက်မဲပြီး ခေါင်းရှုပ်နေတဲ့ လူတွေရဲ့ အလွန်အမင်း စိတ်ခံစားမှုဆိုင်ရာ ဖော်ပြချက်တစ်ခုဖြစ်တယ်။ ဒီစကားလုံးကို ဘုရားသခင်ရဲ့ချစ်ခြင်းကို ဖော်ပြဖို့ အသုံးပြုတဲ့အခါ သေချာပေါက်ကို ဘုရားသခင်ကို စော်ကားလိုတဲ့ ရည်ရွယ်ချက်ရှိနေပါတယ်။ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကို ပိုပြီး ကိုက်ညီစွာ ဖော်ပြတဲ့ စကားလုံးနှစ်လုံး ငါ့မှာရှိတယ်။ အဲဒီစကားလုံးနှစ်လုံးက ဘာတွေလဲ။ ပထမတစ်ခုက “ သိပ်ကြီးမားတယ်။” ဒီစကားလုံးက စိတ်အာရုံကို အရမ်းမနှိုးဆွပေးဘူးလား။ ဒုတိယက “ သိပ်ကျယ်ပြန့်တယ်။” ဘုရားသခင်ရဲ့ ချစ်ခြင်းကို ငါဖော်ပြလေ့ရှိတဲ့ ဒီစကားလုံးနှစ်လုံးနောက်မှာ တကယ့် အဓိပ္ပာယ်တွေရှိတယ်။ တိုက်ရိုက်ယူရင် “ သိပ်ကြီးမားတယ်” ဆိုတာက အရာဝတ္ထုတစ်ခုရဲ့ ထုထည် သို့မဟုတ် စွမ်းအားကိုဖော်ပြတယ်။ ဒါပေမဲ့ အဲဒီအရာဝတ္ထုက ဘယ်လောက်ကြီးတယ်ဆိုတာ အရေးမကြီးဘူး။ ဒါဟာ လူတွေ ထိနိုင်၊ မြင်နိုင်တဲ့ အရာဖြစ်တယ်။ ဒီအရာက တည်ရှိတဲ့အတွက်ကြောင့် ဖြစ်တယ်။ စိတ်ကူးသက်သက် အရာဝတ္ထုတစ်ခု မဟုတ်ဘူး။ ယှဉ်ကြည့်တဲ့အခါ ဒီအရာက တိကျပြီး လက်တွေ့ကျတယ်လို့ လူတွေကို မြင်စေတယ်။ သင်က ဒါကို မြေပြင်ညီကနေကြည့်တာဖြစ်စေ သို့မဟုတ် သုံးဖက်မြင်ရှုထောင့်နေကြည့်သည်ဖြစ်စေ အရေးမကြီးဘူး။ သူ့ရဲ့ တည်ရှိမှုကို စိတ်ကူးကြည့်ဖို့ မလိုအပ်ဘူး။ ဘာကြောင့်လဲဆိုရင် တကယ်တည်ရှိတဲ့ အရာဖြစ်တာကြောင့်ပါ။ ဘုရားသခင်ရဲ့ ချစ်ခြင်းကို ဖော်ပြဖို့အတွက် “ သိပ်ကြီးမားတယ်” ဆိုတာကို အသုံးပြုခြင်းက သူ့ရဲ့ချစ်ခြင်းကို တိုင်းတာနေသလို ခံစားရနိုင်တယ်။ ဒါပေမဲ့ ဒါဟာ တိုင်းတာလို့မရနိုင်ဘူးဆိုတဲ့ ခံစားချက်ကိုလည်း ပေးပါတယ်။ ဘုရားသခင်ရဲ့ ချစ်ခြင်းက တိုင်းတာလို့ ရနိုင်တယ်လို့ ငါပြောချင်တယ်။ ဘာကြောင့်လဲဆိုရင် သူ့ရဲ့ချစ်ခြင်းက သာမန်အမျိုးအစားတစ်ခုမဟုတ်သလို ဒဏ္ဍာရီထဲက ပေါက်ဖွားလာတာလဲမဟုတ်လို့ပဲ။ ဘုရားသခင်ရဲ့ အုပ်ချုပ်မှုအောက်မှာ အရာအားလုံး ဝေမျှတဲ့ အရာတစ်ခုဖြစ်ပါတယ်။ မတူညီတဲ့ အဆင့်တွေနဲ့ မတူညီတဲ့ ရှုထောင့်တွေကနေ ဖန်ဆင်းခံအားလုံး ခံစားကြရတဲ့ အရာဖြစ်ပါတယ်။ လူတွေကဒါကို မမြင်နိုင်၊ မထိနိုင်ပေမဲ့ ဒီချစ်ခြင်းက အရာအားလုံးဆီကို အထောက်အပံ့နဲ့ အသက်ကို သယ်ဆောင်ပေးပြီး သူတို့ဘဝတွေမှာ နည်းနည်းချင်းစီ ဖွင့်ပြပါတယ်။ ဒီအရာတွေဟာ အရေအတွက်များပြီး အချိန်တိုင်း သူတို့ နှစ်သက်ခံစားကြတဲ့ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကို သက်သေခံကြတယ်။ ဘုရားသခင်ရဲ့ ချစ်ခြင်းက တိုင်းတာလို့မရနိုင်ဘူးလို့ ပြောမယ်။ ဘာကြောင့်လဲဆိုရင် အရာအားလုံးကို ပံ့ပိုးပြီး ပြုစုစောင့်ရှောက်တဲ့ ဘုရားသခင်ရဲ့ နက်နဲမှုက လူသားတွေ နားလည်သဘောပေါက်ဖို့အတွက် ခက်ခဲတဲ့ အရာတစ်ခုဖြစ်ပြီး အရာအားလုံးအတွက် ဘုရားသခင်ရဲ့ အတွေးများနဲ့ အထူးသဖြင့် လူသားမျိုးနွယ်အတွက် အတွေးတွေဟာလည်း ခက်ခဲတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ဆိုလိုတာကတော့ လူသားမျိုးနွယ်အတွက် ဖန်ဆင်းရှင် သွန်းလောင်းခဲ့ရတဲ့ သွေးနဲ့ မျက်ရည်တွေကို ဘယ်သူမှ မသိပါဘူး။ သူကိုယ်တိုင်ရဲ့လက်တွေနဲ့ ဖန်ဆင်းခဲ့တဲ့ လူသားမျိုးနွယ်အတွက် ဖန်ဆင်းရှင်ရဲ့ချစ်ခြင်းရဲ့ နက်ရှိုင်းမှု သို့မဟုတ် ဝန်ထုပ်ဝန်ပိုးကို ဘယ်သူမှ သဘောမပေါက်နိုင်၊ ဘယ်သူမှ နားမလည်နိုင်ပါဘူး။ ဘုရားသခင်ရဲ့ ချစ်ခြင်းကို သိပ်ကြီးမားတယ်လို့ ဖော်ပြခြင်းက သူ့ရဲ့အကျယ်အဝန်းနဲ့ သူ့ဖြစ်တည်မှုရဲ့ သမ္မာတရားကို လူတွေအသိအမှတ်ပြုတန်ဖိုးထားပြီး နားလည်အောင် ကူညီပေးဖို့ ဖြစ်ပါတယ်။ “ ဖန်ဆင်းရှင်” ဆိုတဲ့ စကားလုံးရဲ့ တကယ့်အဓိပ္ပာယ်ကို ပိုပြီး နက်နဲစွာ နားလည်သဘောပေါက်နိုင်ဖို့အတွက်လည်းဖြစ်ပြီး “ ဖန်ဆင်ခြင်း” ဆိုတဲ့ အမည်နာမရဲ့ စစ်မှန်တဲ့ အဓိပ္ပာယ်အပေါ် ပိုမိုနက်နဲတဲ့ နားလည်မှုကို ရရှိနိုင်ဖို့အတွက်ဖြစ်ပါတယ်။ “ သိပ်ကျယ်ပြန့်တယ်” ဆိုတဲ့ စကားလုံးက ဘာကို ဖော်ပြလေ့ရှိသလဲ။ ပင်လယ် သို့မဟုတ် စကြဝဠာ၊ သိပ်ကျယ်ပြန့်တဲ့ စကြဝဠာ သို့မဟုတ် သိပ်ကျယ်ပြန့်တဲ့ ပင်လယ်လိုမျိုးအတွက် အကြမ်းဖျင်း အသုံးပြုပါတယ်။ စကြဝဠာရဲ့ ကျယ်ပြန့်မှုနဲ့ နက်ရှိုင်းမှုဟာ လူသားရဲ့ နားလည်မှုထက် ကျော်လွန်ပြီး သူတို့ လေးစားရှုမောမှုအပြည့်ရှိတဲ့၊ လူသားရဲ့စိတ်ကူးထင်မြင်မှုကို ဖမ်းစားတဲ့ အရာတစ်ခုဖြစ်ပါတယ်။ သူ့ရဲ့ ထူးခြားဆန်းကြယ်မှုနဲ့ နက်နဲမှုဟာ မျက်စိနဲ့မြင်နိုင်မှုအတွင်းမှာရှိပေမဲ့ လက်လှမ်းမမီနိုင်တဲ့ နေရာမှာရှိပါတယ်။ ပင်လယ်ကို သင်စဉ်းစားကြည့်တဲ့အခါ သူ့ရဲ့ အကျယ်အဝန်းကို သင်စဉ်းစားပါတယ်။ အကန့်အသတ်မရှိဘူးလို့ ထင်ရတယ်။ သူ့ရဲ့ ဆန်းကြယ်မှုနဲ့ ပါဝင်မှုကို သင်ခံစားနိုင်ပါတယ်။ ဒါကြောင့် ဘုရားသခင်ရဲ့ချစ်ခြင်းကို ဖော်ပြဖို့ “ သိပ်ကျယ်ပြန့်တယ်” ဆိုတဲ့စကားလုံးကို အသုံးပြုခဲ့တာဖြစ်ပါတယ်။ ဒါဟာ ဘယ်လောက်တန်ဖိုးရှိတယ်ဆိုတာကို လူတွေခံစားရဖို့၊ သူ့ချစ်ခြင်းရဲ့ ကြီးမြတ်တဲ့အလှအပကို ခံစားရဖို့၊ ဘုရားသခင်ရဲ့ ချစ်ခြင်းရဲ့ စွမ်းအားဟာ အဆုံးအစမရှိဖြစ်ပြီး ကျယ်ပြန့်တယ်ဆိုတာကို ခံစားရစေဖို့ လူတွေကို ကူညီဖို့အတွက်ဖြစ်ပါတယ်။ သူ့ချစ်ခြင်းရဲ့ သန့်ရှင်းမြင့်မြတ်ခြင်းနဲ့ သူ့ချစ်ခြင်းကနေတစ်ဆင့် ဖွင့်ပြတဲ့ ဘုရားသခင်ရဲ့ ထိပါးစော်ကားလို့မရနိုင်ခြင်းနဲ့ ဂုဏ်ကျက်သရေကို ခံစားနိုင်အောင် ကူညီပေးဖို့အတွက်ဖြစ်ပါတယ်။ အခု “ သိပ်ကျယ်ပြန့်တယ်” ဆိုတာက ဘုရားသခင်ရဲ့ ချစ်ခြင်းကို ဖော်ပြဖို့အတွက် သင့်တော်တဲ့ စကားလုံးဖြစ်တယ်လို့ သင်တို့ ထင်ပါသလား။ ဘုရားသခင်ရဲ့ ချစ်ခြင်းက ဒီစကားလုံးနှစ်လုံး “ သိပ်ကြီးမားတယ်” နဲ့ “ သိပ်ကျယ်ပြန့်တယ်” ဆိုတာနဲ့ လျော်ညီနိုင်ပါသလား။ လုံးဝလျော်ညီနိုင်တာပေါ့။ လူသားဘာသာစကားမှာ ဒီစကားလုံးနှစ်လုံးသာ နှိုင်းယှဉ်ကြည့်ရင် သင့်တော်ပါတယ်။ ဘုရားသခင်ရဲ့ ချစ်ခြင်းကို ဖော်ပြဖို့ နှိုင်းယှဉ်ကြည့်ရင် နီးစပ်ပါတယ်။ သင်တို့ ဒီလိုမထင်ဘူးလား။ သင်တို့ကို ဘုရားသခင်ရဲ့ ချစ်ခြင်းကို ဖော်ပြခိုင်းရင် ဒီစကားလုံးနှစ်လုံးကို သုံးမလား။ သင်တို့ မသုံးဖြစ်ဖို့ ဖြစ်နိုင်ခြေအများဆုံးပါပဲ။ ဘာကြောင့်လဲဆိုရင် ဘုရားသခင်ရဲ့ ချစ်ခြင်းအပေါ် သင်တို့ရဲ့ နားလည်ခြင်းနဲ့ အသိအမှတ်ပြု တန်ဖိုးထားခြင်းတို့က ပြန့်ပြူးတဲ့ အယူအဆအပေါ်မှာ ကန့်သတ်ထားပြီး သုံးဖက်မြင်နေရာရဲ့ အမြင့်ကို မတက်လှမ်းသေးတာကြောင့်ဖြစ်ပါတယ်။ ဒါဆိုရင် သင်တို့ကို ဘုရားသခင်ရဲ့ ချစ်ခြင်းကို ဖော်ပြခိုင်းရင် သင်တို့မှာ စကားလုံးမရှိဘူးလို့ သင်တို့ ခံစားရလိမ့်မယ်။ သင်တို့ ဘာမှ မပြောနိုင်ဘဲနဲ့တောင် ရှိလိမ့်မယ်။ ဒီနေ့ ငါပြောတဲ့ ဒီစကားလုံး နှစ်လုံးဟာ သင်တို့အတွက် နားလည်ဖို့ ခက်နိုင်ပါတယ် သို့မဟုတ် သင်ဒီအတိုင်းပဲ သဘောမတူတာဖြစ်နိုင်ပါတယ်။ ဒါက ဘုရားသခင်ရဲ့ချစ်ခြင်းအပေါ် သင့်ရဲ့ အသိအမှတ်ပြုခြင်းနဲ့ နားလည်ခြင်းက အပေါ်ယံဆန်ပြီး ကျဉ်းမြောင်းတဲ့ နယ်ပယ်မှာရှိတယ်လို့ပဲ ဆိုနိုင်ပါတယ်။ ဘုရားသခင်က တစ်ကိုယ်ကောင်းမဆန်ဘူးလို့ အရင်က ငါပြောခဲ့တယ်။ တစ်ကိုယ်ကောင်းမဆန်ဘူးဆိုတဲ့ စကားကို သင်တို့ မှတ်မိတယ်။ ဒါက နယ်သိပ်မကျဉ်းဘူးလား။ ဒီအချက်ကနေ တစ်ခုခုရဖို့အတွက် ဒီကိစ္စကို သင်တို့ ပိုပြီး စဉ်းစားတွေးတောသင့်ပါတယ်။ အပေါ်ကအကြောင်းအရာက ပထမဆုံး အံ့သြဖွယ်ကနေ ဘုရားသခင်ရဲ့ စိတ်သဘောထားနဲ့ သူ့ရဲ့ အနှစ်သာရကို ငါတို့ မြင်တဲ့ အရာဖြစ်ပါတယ်။ လူတွေ နှစ်ထောင်ပေါင်းအချို့ ဖတ်ခဲ့တဲ့ ပုံပြင်တစ်ပုဒ်ဖြစ်ပေမဲ့ သူ့မှာ ရိုးရှင်းတဲ့ ဇာတ်ကွက်တစ်ခုရှိပြီး ရိုးရှင်းတဲ့ ဖြစ်ရပ်ကို လူတွေကို မြင်စေတယ်။ ဒါပေမဲ့ ဒီရိုးရှင်းတဲ့ ဇာတ်ကွက်မှာ ပိုပြီး တန်ဖိုးရှိတဲ့ အရာတစ်ခုကို ငါတို့မြင်နိုင်တယ်။ ဘုရားသခင်ရဲ့ စိတ်သဘောထားနဲ့ သူ့ရဲ့ အရာအားလုံးနဲ့ ဖြစ်ခြင်းတို့ဖြစ်ပါတယ်။ သူ့မှာရှိတဲ့ဒီအရာတွေက ဘုရားသခင်ကိုယ်တော်တိုင်ကို ကိုယ်စားပြုပြီး ဘုရားသခင်ကိုယ်တိုင်ရဲ့ အတွေးတွေရဲ့ ဖော်ပြချက်တစ်ခုဖြစ်ပါတယ်။ ဘုရားသခင်က သူ့အတွေးတွေကို ဖော်ပြတဲ့အခါမှာ ဒီအရာက သူ့နှလုံးသားထဲက အသံရဲ့ ဖော်ပြခြင်းတစ်ခုဖြစ်ပါတယ်။ သူ့ကိုနားလည်နိုင်တဲ့ သူတွေ၊ သူ့ကိုသိပြီး သူ့ကို နားလည်သဘောပေါက်တဲ့သူတွေရှိဖို့ သူမျှော်လင့်ပါတယ်။ သူ့နှလုံးသားရဲ့အသံကို ကြားနိုင်ပြီး သူ့အလိုတော်ကို ဖြည့်ဆည်းဖို့ တက်ကြွစွာ လက်တွဲလုပ်ကိုင်နိုင်တဲ့သူတွေရှိဖို့ သူမျှော်လင့်ပါတယ်။ သခင်ယေရှုလုပ်ဆောင်တဲ့ ဒီအရာတွေဟာ ဘုရားသခင်ရဲ့ တိတ်ဆိတ်တဲ့ ဖော်ပြချက်ဖြစ်ပါတယ်။ နောက်တစ်ခုအတွက် ဒီစာပိုဒ်ကို ကြည့်ရအောင်။ လာဇရုရဲ့ သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းက ဘုရားသခင်ကို ဘုန်းထင်ရှားစေတယ်။ ဒီစာပိုဒ်ကိုဖတ်ပြီးတော့ သင်တို့ရဲ့ အမြင်က ဘာလဲ။ သခင်ယေရှုပြသခဲ့တဲ့ ဒီတန်ခိုးရဲ့ အဓိပ္ပာယ်က အရင်ကတစ်ခုထက် ပိုပြီး ကြီးမားတယ်။ ဘာကြောင့်လဲဆိုတော့ သေတဲ့သူကို အုတ်ဂူကနေ ပြန်ပြီး ရှင်စေခြင်းထက် ဘယ်အံ့သြဖွယ်ကမှ ပိုပြီး အံ့သြစရာမကောင်းဘူး။ သခင်ယေရှုက ဒီလို အရာမျိုးကိုလုပ်တာဟာ အဲဒီခေတ်မှာ တော်တော်ကို အရေးပါပါတယ်။ ဘုရားသခင်က လူ့ဇာတိဖြစ်လာတဲ့အတွက်ကြောင့် လူတွေက သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အသွင်အပြင်၊ သူ့ရဲ့ လက်တွေ့ကျတဲ့အပိုင်း၊ သူ့ရဲ့ မထင်ရှားတဲ့အပိုင်းကို မြင်နိုင်တယ်။ တစ်ချို့လူတွေက သူ့ဆီမှာ ရှိပုံရတဲ့ အားအင်တစ်ချို့ သို့မဟုတ် သူ့ရဲ့ စရိုက်လက္ခဏာတစ်ချို့ကို မြင်ပြီး နားလည်ရင်တောင် သခင်ယေရှုက ဘယ်ကလာတယ်ဆိုတာ၊ သူ့ရဲ့တကယ့်အနှစ်သာရက ဘာလဲဆိုတာ၊ နောက်ထပ် တကယ်တမ်း ဘာတွေကို သူထပ်လုပ်နိုင်တယ်ဆိုတာကို ဘယ်သူမှမသိပါဘူး။ ဒီအရာတွေအားလုံးကို လူသားမျိုးနွယ်က မသိရှိပါဘူး။ လူတွေတော်တော်များများက ဒီအရာရဲ့ သက်သေကို လိုချင်ကြပြီး အမှန်တရားကို သိချင်ကြတယ်။ ဘုရားသခင်က သူကိုယ်တိုင်ရဲ့ ဝိသေသလက္ခဏာကို သက်သေပြဖို့ တစ်ခုခုလုပ်ပြနိုင်ပါသလား။ ဘုရားသခင်အတွက် ဒါက သိပ်လွယ်လွန်းပါတယ်။ သိပ်လွယ်ကူတဲ့အရာပါ။ သူ့ရဲ့ ဝိသေသလက္ခဏာနဲ့ အနှစ်သာရကို သက်သေပြဖို့ ဘယ်နေရာမှာမဆို ဘယ်အချိန်မှာမဆို သူတစ်ခုခုလုပ်ပြနိုင်ပါတယ်။ ဒါပေမဲ့လည်း ဘုရားသခင်က အမှုအရာတွေကို အစီအစဉ်နဲ့ အဆင့်တွေနဲ့ လုပ်ဆောင်တာပါ။ သူဟာ အကြောင်းအရာတွေကို လက်လွတ်စပယ်မလုပ်ပါဘူး။ လူသားမျိုးနွယ်ကနေ မြင်ရဖို့အတွက် အဓိပ္ပာယ်အရှိဆုံးအရာတစ်ခုကိုလုပ်ဖို့ သင့်တော်တဲ့အချိန်နဲ့ သင့်တော်တဲ့ အခွင့်အရေးကို သူကြည့်တယ်။ ဒီအချက်က သူ့ရဲ့အာဏာနဲ့ သူ့ရဲ့ဝိသေသလက္ခဏာကို သက်သေပြတယ်။ ဒါဆိုရင် လာဇရုရဲ့ ရှင်ပြန်ထမြောက်ခြင်းက သခင်ယေရှုရဲ့ ဝိသေသလက္ခဏာကို သက်သေပြပါသလား။ ကျမ်းစာရဲ့ ဒီစာပိုဒ်ကို ကြည့်ရအောင်။ “ လာဇရုထွက်၍လာလော့ဟု ကြီးစွာသောအသံနှင့် ဟစ်ခေါ်တော်မူ၏။ ထိုအခါ သေလွန်သောသူသည် မိမိခြေလက်၌ပုဆိုးနံငယ်နှင့်ရစ်ပတ်လျက်၊ မျက်နှာကိုလည်း ပုဝါနှင့် စည်းလျက်ထွက်လာ၏။” သခင်ယေရှုက ဒီလိုလုပ်ဆောင်လိုက်တဲ့အခါမှာ သူတစ်ခုပဲ ပြောခဲ့တယ်။ “ လာဇရုထွက်၍လာလော့” အဲဒီမှာ လာဇရုက သူ့အုတ်ဂူကနေ ထွက်လာတယ်။ သခင်ယေရှု မြွက်ကြားခဲ့တဲ့ စကားတစ်ခွန်းကြောင့် ဒါဟာ ပြီးမြောက်ခဲ့တယ်။ ဒီအချိန်ကာလမှာ သခင်ယေရှုက ယဇ်ပလ္လင်တစ်ခု မပြင်ဆင်ခဲ့ဘူး။ တခြား အပြုအမူတွေကို မလုပ်ခဲ့ဘူး။ တစ်ခုပဲ သူပြောခဲ့တယ်။ ဒါကို အံ့သြဖွယ်လို့ ခေါ်မလား အမိန့်လို့ ခေါ်မလား။ ဒါမှမဟုတ် မှော်အစွမ်းတစ်ခုလား။ အပေါ်ယံကိုကြည့်ရင် အံ့သြဖွယ်ရာတစ်ခုလို့ ခေါ်နိုင်ပါတယ်။ အခုခေတ် ရှုထောင့်ကနေကြည့်ရင် ဒါကို သင်တို့ အံ့သြဖွယ်ရာလို့ပဲ ခေါ်ဆိုနိုင်သေးတာပေါ့။ ဒါပေမဲ့ သေချာတာက ဝိညာဉ်တစ်ခုကို သေခြင်းကနေ ပြန်ရှင်သန်စေတဲ့ မှော်ဂါထာတစ်ခုလို့ မခေါ်နိုင်ဘူး။ မှော်အစွမ်းတစ်ခု လုံးဝ မဟုတ်ပါဘူး။ ဒီအံ့သြဖွယ်ရာက သိပ်ပြီး သာမန်ဖြစ်တဲ့ ဖန်ဆင်းရှင်ရဲ့ အာဏာထုတ်ဖော်ပြသခြင်း သေးသေးလေးတစ်ခုပဲလို့ ပြောမယ်ဆိုရင် မှန်ကန်ပါတယ်။ ဒါဟာ ဘုရားသခင်ရဲ့ အာဏာနဲ့ အရည်အချင်းဖြစ်ပါတယ်။ လူတစ်ယောက်ကို သေစေဖို့၊ သူ့ဝိညာဉ်က သူ့ကိုယ်ခန္ဓာကနေ ထွက်ပြီး မရဏနိုင်ငံကိုပြန်သွားဖို့ သို့မဟုတ် ဘယ်ကိုပဲ သွားဖို့ဖြစ်ပါစေ ဘုရားသခင်ဆီမှာ အာဏာရှိပါတယ်။ လူတစ်ယောက်သေတဲ့အခါမှာ သေပြီးနောက် သူတို့ ဘယ်ကိုသွားမယ်ဆိုတာ၊ ဒါတွေကို ဘုရားသခင်က သတ်မှတ်တယ်။ ဒါကို သူဘယ်အချိန်နဲ့ ဘယ်နေရာမဆို လုပ်နိုင်တယ်။ သူဟာ လူသား၊ အဖြစ်အပျက်တွေ၊ အရာဝတ္ထုတွေ၊ စကြဝဠာ သို့မဟုတ် တည်နေရာတို့ရဲ့ ကန့်သတ်ထားခြင်းကို မခံရပါဘူး။ သူလုပ်ချင်တယ်ဆိုရင် သူလုပ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် အရာအားလုံးနဲ့ သက်ရှိအားလုံးဟာ သူ့အုပ်စိုးမှုအောက်မှာရှိပြီး အရာအားလုံးဟာ သူ့ရဲ့ စကားလုံး၊ သူ့ရဲ့ အာဏာအားဖြင့် အသက်ရှိတယ်၊ သေတယ်၊ သူဟာ သေသူတစ်ယောက်ကို ပြန်ရှင်စေနိုင်တယ်။ ဒါကလည်း သူဘယ်အချိန်၊ ဘယ်နေရာမှာမဆို ပြုလုပ်နိုင်တဲ့ အရာဖြစ်တယ်။ ဒါဟာ ဖန်ဆင်းရှင်သာလျှင် ပိုင်ဆိုင်တဲ့ အာဏာဖြစ်ပါတယ်။ လာဇရုကို သေခြင်းကနေ ပြန်ရှင်စေခြင်းလိုမျိုး အရာတစ်ခုကို သခင်ယေရှုက လုပ်ဆောင်တဲ့အခါမှာ သူ့ရဲ့ ရည်မှန်းချက်က လူသားတွေအတွက် သက်သေပြဖို့နဲ့ စာတန်မြင်ဖို့အတွက်ဖြစ်ပြီး လူသားမျိုးနွယ်ရဲ့ အရာရာတိုင်း၊ လူသားမျိုးနွယ်ရဲ့ ရှင်ခြင်းနဲ့ သေခြင်းဟာ ဘုရားသခင်က သတ်မှတ်တယ်ဆိုတာကို လူသားတွေနဲ့ စာတန်ကို သိစေဖို့ဖြစ်ပြီး သူဟာ လူ့ဇာတိဖြစ်လာပေမဲ့ မြင်နိုင်တဲ့ ရုပ်ဝတ္ထုလောကနဲ့ လူတွေ မမြင်နိုင်တဲ့ ဝိညာဉ်လောကမှာပါ အုပ်စိုးလျက်ရှိနေတယ်ဆိုတာကို စာတန်ကို သိစေဖို့ပါ။ ဒါဟာ လူသားရဲ့ အရာရာတိုင်းက စာတန်ရဲ့ အုပ်ချုပ်မှုအောက်မှာ မရှိဘူးဆိုတာကို လူသားတွေနဲ့ စာတန်ကို သိစေဖို့ဖြစ်ပါတယ်။ ဒါဟာ ဘုရားသခင်ရဲ့ အာဏာကို ဖွင့်ပြခြင်းနဲ့ ထုတ်ဖော်ပြသခြင်းဖြစ်ပါတယ်။ ဒါဟာ လူသားမျိုးနွယ်ရဲ့ ရှင်ခြင်းနဲ့ သေခြင်းဟာ ဘုရားသခင်ရဲ့ လက်ထဲမှာရှိတယ်ဆိုတာကို အရာအားလုံးဆီကို သတင်းစကားပေးပို့ဖို့အတွက် ဘုရားသခင်ရဲ့ နည်းတစ်ခုလည်းဖြစ်ပါတယ်။ သခင်ယေရှုရဲ့ လာဇရုကို သေခြင်းမှ ပြန်လည်ရှင်ပြန်ထမြောက်စေခြင်းဆိုတဲ့ ဒီချဉ်းကပ်ပုံမျိုးက လူသားမျိုးနွယ်ကို သင်ကြား၊ ညွှန်ကြားဖို့ ဖန်ဆင်းရှင်အတွက် နည်းလမ်းတစ်ခု ဖြစ်တယ်။ ဒါဟာ လူသားမျိုးနွယ်ကို ညွှန်ကြားဖို့၊ လူသားမျိုးနွယ်ကို ထောက်ပံ့ဖို့သူ့ရဲ့ အရည်အချင်းနဲ့ အာဏာကို သူအသုံးပြုတဲ့ ခိုင်မာတဲ့ အပြုအမူတစ်ခုဖြစ်ပါတယ်။ ဒါဟာ အရာအားလုံးကို အုပ်ချုပ်တဲ့ သူ့ရဲ့ အမှန်တရားကို လူသားမျိုးနွယ်ကို မြင်စေဖို့ ဖန်ဆင်းရှင်အတွက် စကားလုံးတွေမပါတဲ့ နည်းလမ်းတစ်ခုဖြစ်တယ်။ ဒါဟာ သူကနေလွဲပြီးတော့ တခြားကယ်တင်ခြင်းမရှိဘူးဆိုတာကို လက်တွေ့ အပြုအမူတွေကနေတစ်ဆင့် လူသားမျိုးနွယ်ကို ပြောပြဖို့ နည်းလမ်းတစ်ခုဖြစ်တယ်။ ဒီလို လူသားမျိုးနွယ်ကို သူ့ညွှန်ကြားခြင်းရဲ့ ငြိမ်သက်တဲ့နည်းနာမျိုးဟာ ထာဝရတည်ခံပါတယ်။ ဒါဟာ ပယ်ဖျက်လို့မရတဲ့အရာဖြစ်တယ်။ ဒါဟာ လူသားရဲ့နှလုံးသားကို အံ့သြထိတ်လန့်သွားစေပြီး ဘယ်တော့မှ ပျောက်ကွယ်မသွားမယ့် ဉာဏ်အလင်းပွင့်ခြင်းကို ရရှိစေတယ်။ လာဇရုရဲ့ သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းက ဘုရားသခင်ကို ဘုန်းထင်ရှားစေတယ်။ ဒီအချက်က ဘုရားသခင်ရဲ့ နောက်လိုက် တစ်ယောက်ချင်းစီတိုင်းအပေါ် လေးနက်တဲ့ သက်ရောက်မှုတစ်ခုရရှိစေတယ်။ ဒီဖြစ်ရပ်ကို လေးလေးနက်နက်နားလည်တဲ့ လူတိုင်းကို၊ ဘုရားသခင်သာလျှင် လူသားမျိုးနွယ်ရဲ့ သေခြင်းနဲ့ ရှင်ခြင်းကို အမိန့်ပေးနိုင်တယ်ဆိုတဲ့ အမြင်ကို၊ နားလည်မှုကို ခိုင်မြဲစေပါတယ်။ ဘုရားသခင်က ဒီလို အာဏာမျိုးရှိပေမဲ့၊ လာဇရုရဲ့ ရှင်ပြန်ထမြောက်ခြင်းကနေတစ်ဆင့် လူသားမျိုးနွယ်ရဲ့ သေခြင်းနဲ့ ရှင်ခြင်းအပေါ် သူ့ရဲ့ ပိုင်စိုးမှုအကြောင်းကို အသိပေးပို့လိုက်ပေမဲ့ ဒါက သူ့ရဲ့ အဓိက အလုပ်မဟုတ်ပါဘူး။ ဘုရားသခင်က တစ်စုံတစ်ခုကို အဓိပ္ပာယ်မရှိဘဲ မလုပ်ဘူး။ သူလုပ်တဲ့ အရာတစ်ခုစီတိုင်းက ကြီးမားတဲ့ တန်ဖိုးတွေရှိပါတယ်။ အားလုံးက သိပ်ကောင်းမွန်တဲ့ အဖိုးထိုက် ရတနာတွေပါ။ လူတစ်ယောက်ကို သူ့ရဲ့အုတ်ဂူကနေ ပြန်ထွက်လာခြင်းကို သူ့ရဲ့ အဓိက သို့မဟုတ် တစ်ခုတည်းသော ပန်းတိုင် သို့မဟုတ် အလုပ်ကိစ္စအဖြစ် လုံးဝ လုပ်မှာမဟုတ်ပါဘူး။ ဘုရားသခင်ဟာ အဓိပ္ပာယ်မရှိဝင်တဲ့ အရာတစ်ခုမှ လုပ်မှာမဟုတ်ဘူး။ လာဇရုကို သေခြင်းမှ ရှင်ပြန်ထမြောက်စေခြင်း တစ်ခုက ဘုရားသခင်ရဲ့ အာဏာကို ထုတ်ဖော်ပြသဖို့ လုံလောက်ပါတယ်။ ဒါဟာ သခင်ယေရှုရဲ့ ဝိသေသလက္ခဏာကို သက်သေပြဖို့ လုံလောက်ပါတယ်။ ဒါကြောင့်မို့ သခင်ဟာ ဒီလိုအံ့သြဖွယ်ရာမျိုးပို ထပ်မလုပ်ခဲ့တာပါပဲ။ ဘုရားသခင်ဟာ သူ့ရဲ့ ကိုယ်ပိုင် စည်းမျဉ်းတွေနဲ့ အကြောင်းအရာတွေကို လုပ်ဆောင်ပါတယ်။ လူသားဘာသာစကားမှာ ဘုရားသခင်က အလုပ်ကို လေးလေးနက်နက်လုပ်တယ်ဆိုတာမျိုး ဖြစ်ပါမယ်။ ဆိုလိုတာက ဘုရားသခင်က အမှုအရာတွေကို လုပ်ဆောင်တဲ့အခါမှာ သူ့အလုပ်ရဲ့ ရည်ရွယ်ချက်ကနေ လမ်းလွဲမသွားပါဘူး။ ဒီအဆင့်မှာ ဘာအလုပ်ကို သူလုပ်ဆောင်ချင်တယ်ဆိုတာ၊ သူဘာကို ပြီးမြောက်စေချင်တယ်ဆိုတာကို သူသိပြီး သူ့ရဲ့အစီအစဉ်နဲ့အညီ တင်းကြပ်စွာ အလုပ်လုပ်ပါလိမ့်မယ်။ ဖောက်ပြန်ပျက်စီးတဲ့လူတစ်ယောက်က ဒီလိုအရည်အချင်းမျိုးရှိရင် လူတွေက သူ့ကို ဦးညွှတ်ကြဖို့ သူတို့ကို သူထိန်းချုပ်နိုင်ပြီး ဝါးမျိုနိုင်ဖို့အတွက် သူဘယ်လောက် အထင်ကြီးစရာကောင်းတယ်ဆိုတာကို တခြားလူတွေသိအောင် သူ့ရဲ့အရည်အချင်းကို ဖွင့်ပြဖို့ နည်းလမ်းတွေကို စဉ်းစားနေပါလိမ့်မယ်။ ဒါဟာ စာတန်ဆီကနေလာတဲ့ ဆိုးယုတ်ခြင်းပါပဲ။ ဒါကို ဖောက်ပြန်ပျက်စီးခြင်းလို့ခေါ်ပါတယ်။ ဘုရားသခင်မှာ ဒီလို စိတ်သဘောထားမျိုး မရှိဘူး။ ဒီလို အနှစ်သာရမျိုး မရှိပါဘူး။ အမှုအရာတွေကို သူလုပ်ဆောင်ရာမှာ သူ့ရဲ့ ရည်ရွယ်ချက်က သူ့ကိုယ်သူထုတ်ဖော်ကြွားဝါဖို့မဟုတ်ဘဲ လူသားမျိုးနွယ်ကို ဖွင့်ပြခြင်း၊ လမ်းညွှန်ခြင်းတို့ ပံ့ပိုးဖို့အတွက်ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုအရာမျိုးကို သမ္မာကျမ်းစာမှာ ဥပမာ အနည်းငယ်ကိုပဲ တွေ့ရတယ်။ ဒါက သခင်ယေရှုရဲ့ အရည်အချင်းတွေက အကန့်အသတ်ရှိတယ်လို့ မဆိုလိုဘူး သို့မဟုတ် ဒီလိုအရာမျိုးကို မလုပ်နိုင်ဘူးလို့ မဆိုလိုပါဘူး။ ဘုရားသခင်က ဒါကို မလုပ်ချင်တာ သက်သက်ပါ။ ဘာကြောင့်လဲဆိုရင် သခင်ယေရှုက လာဇရုကို သေခြင်းမှ ရှင်ပြန်ထမြောက်စေခြင်းက သိပ်ကို လက်တွေ့ကျတဲ့ အရေးပါမှုပါဝင်ပြီး ဘုရားသခင်က လူ့ဇာတိဖြစ်လာခြင်းရဲ့ အဓိက အလုပ်က ထူးခြားအံ့သြဖွယ်ရာတွေကို လုပ်ဆောင်ဖို့အတွက် မဟုတ်တာကြောင့်၊ လူတွေကို သေခြင်းကနေ ပြန်လှည်ရှင်သန်အောင်လုပ်ခြင်း မဟုတ်ဘဲ လူသားမျိုးနွယ်ကို ရွေးနုတ်ခြင်းအလုပ်ဖြစ်လို့ပါပဲ။ ဒါကြောင့် သခင်ယေရှု လုပ်ဆောင်ခဲ့တဲ့ အလုပ်အများစုက လူတွေကို သင်ကြားခြင်း၊ သူတို့အတွက် ထောက်ပံ့ပေးခြင်း၊ ကူညီခြင်းဖြစ်ပြီး လာဇရုကို သေခြင်းမှ ရှင်ပြန်ထမြောက်အောင်ပြုလုပ်ခြင်းက သခင်ယေရှုလုပ်ခဲ့တာတွေရဲ့ သေးငယ်တဲ့ အပိုင်းသာ ဖြစ်ပါတယ်။ နောက်ပြီးတော့ “ ကြွားလုံးထုတ်ခြင်း” က ဘုရားသခင်ရဲ့ အနှစ်သာရမဟုတ်ဘူးလို့ သင်တို့ ဆိုနိုင်တယ်။ ဒါကြောင့် အံ့သြဖွယ်ရာတွေထပ်ပြီး မပြတာက ကန့်သတ်ချက်တွေ တမင်လုပ်နေတာမဟုတ်သလို အခြေအနေအရ ကန့်သတ်ချက်တွေကြောင့်လည်း မဟုတ်ပါဘူး။ သေချာတာက အရည်အချင်းမရှိလို့တော့ မဟုတ်ပါဘူး။ သခင်ယေရှုက လာဇရုကို သေခြင်ကနေ ပြန်လည်ခေါ်ဆောင်တဲ့အခါမှာ စကားတစ်ခွန်းကို သူအသုံးပြုခဲ့တယ်။ “ လာဇရုထွက်၍လာလော့” ဒါကလွဲပြီး တစ်ခြားမပြောပါဘူး။ ဒီစကားလုံးတွေက ဘာကို ကိုယ်စားပြုသလဲ။ ဘုရားသခင်ဟာ သေသူကို ပြန်ရှင်စေခြင်းအပါအဝင် အရာအားလုံးကို စကားပြောခြင်းကတစ်ဆင့် ပြီးမြောက်စေနိုင်တယ်ဆိုတာကို ကိုယ်စားပြုပါတယ်။ ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့တဲ့အခါမှာ၊ ကမ္ဘာကြီးကို သူဖန်ဆင်းခဲ့တဲ့အခါမှာ စကာလုံးတွေနဲ့ပဲ လုပ်ခဲ့တယ်။ အမိန့်ပေးစကားတွေ၊ အာဏာပါဝင်တဲ့ စကားလုံးတွေကို သူအသုံးပြုခဲ့ပြီး ဒီလိုနဲ့ အရာအားလုံးကို ဖန်ဆင်းခဲ့တယ်။ ဒီလိုပဲ ပြီးမြောက်ခဲ့တယ်။ သခင်ယေရှုပြောခဲ့တဲ့ ဒီစကားတစ်ခွန်းက ဘုရားသခင်က ကောင်းကင်၊ မြေကြီးနဲ့ အရာအားလုံးကို ဖန်ဆင်းခဲ့တဲ့အခါမှာ သူပြောခဲ့တဲ့ စကားလုံးတွေလိုပါပဲ။ ဘုရားသခင်ရဲ့ အာဏာ၊ ဖန်ဆင်းရှင်ရဲ့ အရည်အချင်းတို့ ညီတူညီမျှ ပါဝင်ပါတယ်။ ဘုရားသခင်ရဲ့ နှုတ်ကလာတဲ့ စကားလုံးတွေကြောင့် အရာအားလုံးဟာ ဖြစ်ပေါ်လာပြီး ရပ်တည်လာတယ်။ ဒီလိုပဲ သခင်ယေရှုရဲ့ နှုတ်ကလာတဲ့ စကားလုံးတွေကြောင့် လာဇရုဟာ သူ့အုတ်ဂူကနေ လမ်းလျှောက်ထွက်လာခဲ့တယ်။ ဒါဟာ ဘုရားသခင်ရဲ့ လူ့ဇာတိက ထုတ်ဖော်ပြသပြီး အကောင်အထည်ဖော်ခဲ့တဲ့ သူ့ရဲ့ အာဏာဖြစ်ပါတယ်။ ဒီအာဏာနဲ့ အရည်အချင်းမျိုးဟာ ဖန်ဆင်းရှင်နဲ့သက်ဆိုင်ပြီး ဖန်ဆင်းရှင်က အကောင်အထည်ဖော်ခဲ့တဲ့ လူသားနဲ့ သက်ဆိုင်ပါတယ်။ ဒါဟာ ဘုရားသခင်က လာဇရုကို သေခြင်းကနေ ရှင်ခြင်းကို သယ်ဆောင်လာခြင်းအားဖြင့် လူသားမျိုးနွယ်ကို သင်ကြားပေးတဲ့ နားလည်ခြင်းဖြစ်ပါတယ်။ ဒီခေါင်းစဉ်မှာ ဒီလောက်ပါပဲ။ နောက်တစ်ခုမှာ ကျမ်းစာကို ဖတ်ကြရအောင်။
0 Comments
Leave a Reply. |