ဖိလိပ္ပိဩဝါဒစာ ၄:၆ အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းပဌနာ ပြုသောအားဖြင့်၊ သင်တို့တောင်း ပန်လိုသောအရာများတို့ကို ဘုရားသခင်အား ကြားလျှောက်ကြလော့။ ရောမဩဝါဒစာ ၈:၂၆ ထိုမှတပါး၊ ငါတို့မတတ်နိုင်သောအရာမှာ ဝိညာဉ်တော်သည် မစတော်မူ၏။ ငါတို့သည်ဆုတောင်း သင့်သည်အတိုင်း အဘယ်ဆုကို တောင်းရမည်ဟုမသိကြ။ သို့ရာတွင် ငါတို့ဆုတောင်းခြင်းအမှုကို နှုတ်မမြွက်နိုင်သော ညည်းတွားခြင်းအားဖြင့် ဝိညာဉ်တော်သည် စောင့်မတော်မူ၏။ ဇာခရိအနာဂတ္တိကျမ်း ၁၀:၆
ယုဒအမျိုးကိုလည်း ငါခိုင်ခံ့စေမည်။ ယောသပ် အမျိုးကိုလည်း ငါကယ်တင်မည်။ သူတို့ကို သနားစုံမက် သောကြောင့် နေရာချမည်။ သူတို့သည် နှင်ထုတ်ခြင်းကို မခံဘူးသကဲ့သို့ ဖြစ်ကြလိမ့်မည်။ ငါသည် သူတို့၏ဘုရား သခင်ထာဝရဘုရားဖြစ်၍ သူတို့စကားကို နားထောင် မည်။ ရှင်ယာကုပ်ဩဝါဒစာ ၅:၁၆ အချင်းချင်းတယောက်နှင့်တယောက်၊ ကိုယ်အပြစ်ကို ဘော်ပြတောင်းပန်ကြလော့။ ချမ်းသာရမည် အကြောင်း၊ အချင်းချင်းတို့အဘို့ ဆုတောင်းကြလော့။ သူတော်ကောင်းဆုတောင်း၍ အရှိန်ကြီး သောပဌနာ သည် အလွန်တန်ခိုးပါ၏။ ဆာလံကျမ်း ၈၈:၂ အကျွန်ုပ်ပြုသောပဌနာသည် အထံတော်သို့ ဝင်ပါစေသော။ အော်ဟစ်သံကို နားထောင်တော်မူပါ။ ဟေဗြဲဩဝါဒစာ ၁၃:၁၈ ငါတို့အဘို့ဆုတောင်းကြလော့။ ငါတို့သည် ကိုယ်ကိုကိုယ် သိသောစိတ်ကြည်လင်လျက်၊ အရာရာတို့၌ ကောင်းမွန်စွာကျင့်နေခြင်းငှါ အလိုရှိသောသူဖြစ်သည်ဟု စိတ်စွဲလမ်းခြင်းရှိကြ၏။ ယေရမိမြည်တမ်းစကား ၃:၄၁ ကောင်းကင်ဘုံ၌ရှိတော်မူသော ဘုရားသခင့် ထံတော်သို့ နှလုံးနှင့်လက်တို့ကို ချီကြွကြကုန်အံ့။ ဓမ္မရာဇဝင်တတိယစောင် ၈:၂၈ သို့သော်လည်း အိုအကျွန်ုပ် ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်ကျွန်သည် ရှေ့တော်၌ ယနေ့ ကြွေးကြော်လျက် ပဌနာပြု၍ တောင်းလျှောက်သော စကားကို နားခံနာယူတော်မူပါ။ ယေရမိအနာဂတ္တိကျမ်း ၂၉:၁၂ တဖန်မိန့်တော်မူသည်ကား၊ သင်တို့သည် ငါ့ကိုခေါ်၍ သွားလာကြလိမ့်မည်။ ဆုတောင်းသောအခါ သင်တို့စကားကို ငါနားထောင်မည်။ ဆာလံကျမ်း ၁၀၂:၁၇ ကိုးကွယ်ရာမဲ့သောသူတို့ ဆုတောင်းခြင်း အကြောင်းကို မထီမဲ့မြင်မပြု၊ သူတို့၏ ပဌနာကို မှတ်တော်မူလိမ့်မည်။ ရှင်မဿဲခရစ်ဝင် ၇:၇ တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင်တွေ့မည်။ တံခါးကိုခေါက်ကြလော့။ ခေါက်လျှင်ဖွင့်မည်။ ရှင်မဿဲခရစ်ဝင် ၂၁:၂၂ ယုံကြည်ခြင်းပါလျက် ပဌနာပြု၍ ဆုတောင်းသမျှတို့ကို သင်တို့သည်ရကြလိမ့်မည်ဟု မိန့်တော်မူ၏။ ရှင်ယောဟန်ခရစ်ဝင် ၁၄:၁၃ သင်တို့သည် ငါ၏နာမကိုအမှီပြုလျက် ဆုတောင်းသမျှအတိုင်း ငါပြုမည်။ အကြောင်းမူကာ၊ ခမည်း တော်သည် သားတော်အားဖြင့် ဘုန်းထင်ရှားတော်မူခြင်းရှိမည်အကြောင်းတည်း။ ကောလောသဲဩဝါဒစာ ၄:၂ ဆုတောင်းပဋ္ဌနာပြုခြင်းအမှုကို အမြဲပြု၍၊ ကျေးဇူးတော်ကို ချီးမွမ်းလျက် စောင့်ရှောက်ကြလော့။ ဆာလံကျမ်း ၆၆:၂၀ ငါမြွက်ဆိုသော ပဌနာကို ပယ်တော်မမူ။ ကျေးဇူးတော်ကို ငါမှ ရုပ်သိမ်းတော်မမူသော ဘုရားသခင် သည် မင်္ဂလာရှိတော်မူစေသတည်း။ ဆာလံကျမ်း ၅၀:၁၅ အမှုရောက်သည်ကာလ၌ ငါ့ကိုပဌနာပြုလော့။ ငါသည် ကယ်လွှတ်မည်။ သင်သည်လည်း ငါ့ကိုချီးမွမ်း လိမ့်မည်ဟု မိန့်တော်မူ၏။ ယောဘဝတ္ထု ၂၂:၂၇ သင်ဆုတောင်းသောအခါ နားထောင်တော်မူ မည်။ သစ္စာဂတိထားသည်အတိုင်း၊ သစ္စာဝတ်ဖြေရသော အခွင့်ရှိလိမ့်မည်။
0 Comments
Leave a Reply. |
Click & Join usမော်ကွန်းတိုက်
November 2019
တံဆိပ်များ
All
|