ဝမ်းရာ အသက် (၂) နှစ်ခန့်အရွယ်မှာ မိဘတွေက ကွာရှင်းခဲ့ကြပြီးနောက် သူမရဲ့ အဖေနှင့် မိထွေးဖြစ်သူတို့နှင့်အတူ နေထိုင်ခဲ့ပါတယ်။ သူမရဲ့ မိထွေးက သူမအပေါ် သည်းမခံခဲ့တာကြောင့် အဖေဖြစ်သူနဲ့ အမြဲ စကားများလေ့ရှိပါတယ်။ အဖေဖြစ်သူမှာ ရွေးချယ်စရာသိပ်မရှိခဲ့ဘူး။ ဝမ်းရာကို သူမရဲ့ အမေအိမ်ကို ပို့ခဲ့ပေမယ့်လည်း အမေက စီးပွားရေးနှင့်အလုပ်ရှုပ်နေပြီး ဝမ်းရာကို ဂရုစိုက်ဖို့အချိန်မပေးနိုင်ခဲ့ပါ။ ဒါကြောင့် မကြာခဏဆိုသလို သူမရဲ့ ဆွေမျိုး၊ သူငယ်ချင်းတွေ အိမ်ကို မကြာခဏ သွားပို့လေ့ရှိပါတယ်။ တခြားသူရဲ့ အိမ်မှာမွေးစားခံ ဘဝနဲ့ နှစ်ပေါင်းများစွာ နေလာခဲ့ပြီးနောက် ဝမ်းရာလေးတစ်ယောက် အထီးကျန်၊ မျှော်လင့်ချက်မဲ့လာခဲ့ကာ နွေးထွေးသော ခိုနားရာအိမ်လေး တစ်လုံးကို တောင့်တလာခဲ့ပါတယ်။ အဖေဖြစ်သူနှင့် မိထွေးဖြစ်သူတို့ ကွာရှင်ပြီးနောက် အဖေဘေးမှာ ပြန်လည်နေထိုင်ခဲ့ပြီး ကောင်းကောင်းဆိုးဆိုး နားခိုရာအိမ်တစ်လုံး ရလာခဲ့ပါတယ်။
0 Comments
|