Ⅰ လူ့ပင်လယ်ထဲမှ ကျွန်ုပ်ကိုဘုရားရွေးချယ် သူ့ဘက်သို့လာရန်စီစဉ်ခဲ့သည် ဖြောင့်မတ်ကြင်နာတဲ့ စကားကျွန်ုပ်နှလုံးသားမှာနွေး အိပ်မက်မှနိုးထစေသည် လေးနက်ခေါ်သံ ရင်းနှီးသောအသံတင့်တယ်သောမျက်နှာဘယ်အခါမျှ ကိုယ်တော်မပြောင်းလဲပါကွယ် ချိုသာသောအချစ်ကို အိမ်တော်မှာမြည်းစမ်းသဖြင့် ကျွန်ုပ်နီးကပ်မှီခို ခွဲခွာဖို့စိတ်မရှိ ကိုယ်တော်မပါဘဲ နေ့ရက်တွေဟာ ခဲယဉ်းလာခဲ့ နာကြင်သောခြေလှမ်းဖြင့် ယိမ်းယိုင်လျှောက်ခဲ့သည် ကိုယ်တော်ကျွန်ုပ်၏ လမ်းခရီးတစ်လျှောက်ကွယ်ကာလမ်းပြ ယခုနှုတ်ကပတ်တော်ဖြင့် ကျွန်ုပ်ကျေနပ် ကိုယ်တော်မပါဘဲ အို…နေ့ရက်တို့ ခဲယဉ်းလာသည် နာကြင်သောခြေလှမ်းဖြင့် ယိမ်းယိုင်လျှောက်ခဲ့သည် ကိုယ်တော်ကျွန်ုပ်၏ လမ်းခရီးတစ်လျှောက်ကိုကွယ်ကာလမ်းပြ ယခု ဘုရား၏နှုတ်ကပတ်တော်ကြောင့် ကျွန်ုပ်ကျေနပ် II အချိန်ကတော့ ပြောင်းလဲနိုင် ကမ္ဘာကြီးကိုပင်လျှင် ဘယ်အရာမှ ကျွန်ုပ်နှလုံးသားကို ဘုရားနဲ့မခွဲသွားနိုင် နှစ်ထောင်ချီရှိလည်း ကတိကို မပြောင်းလဲကျိန်ဆို သေမယ်ရှင်မယ်ဖြစ်ကာ ဘုရားထံသို့လာခဲ့ နှလုံးသားထဲ ဘဝပျိုးခဲ့ သူ့နှုတ်ကပတ်တော်သည် စုံစမ်းစစ်ကြောခြင်းဖြင့် ပြုစု၍ပျိုးထောင် ညှင်းပမ်းဆင်းရဲ ဒုက္ခကြောင့် ပိုမိုကြံ့ခိုင် စေသည် ကျရှုံးခြင်းများ သန်မာလာစေဖို့ဖြစ်သည် ကိုယ်တော်ကျွန်ုပ်အား ဘယ်တော့မှ အို.. မစွန့်ပစ်ခဲ့ဘူး ကိုယ်တော်အနစ်နာခံကာ ပေးဆပ်လည်းမညည်းညူ ကျွန်ုပ် ဒုစရိုက်များကိုပစ်ပယ်၍ သန့်ရှင်းပါမည် ကျွန်ုပ်ဘုရားရှင်ကို အဖော်ပြုမည်ထာဝရ ကိုယ်တော်ကျွန်ုပ်အား ဘယ်တော့မှ အို.. မစွန့်ပစ်ခဲ့ဘူး ကိုယ်တော်အနစ်နာခံလို့ ပေးဆပ်လည်းမညည်းညူ ကျွန်ုပ်ဒုစရိုက်များကိုပစ်ပယ်၍ သန့်ရှင်းစေမည် ကျွန်ုပ်ဘုရားရှင်ကို အဖော်ပြုမည်ထာဝရ အစဉ်အမြဲ အကြံပြုစာမျာ: ဘုရားသခင်၏ချစ်ခြင်းမေတ္တာ
0 Comments
Leave a Reply. |
Click & Join usမော်ကွန်းတိုက်
January 2020
တံဆိပ်များ
All
|