ကမ္ဘာဦးကျမ်း ၂:၁၅-၁၇ ထိုအခါ ယေဟောဝါ ဘုရားသခင်သည် လူကိုယူပြီး ဧဒင်ဥယျာဉ်ထဲတွင် ပြုစုစောင့်ရှောက်စေရန် ထားတော်မူ၏။ ယေဟောဝါ ဘုရားသခင်က ဥယျာဉ်ထဲရှိသည့် ခပ်သိမ်းသောအပင်တို့ကို သင်သည် လွတ်လပ်စွာ စားသုံး နိုင်၏။ သို့သော် အကောင်း၊ အဆိုး သိကျွမ်းရာအပင်ကို သင်သည် မစားရ။ သင်စားသောနေ့တွင် ဧကန်မုချ သေရမည်ဟု လူကို အမိန့်ပေးတော်မူ၏။
0 Comments
ခြောက်ရက်နေ့မြောက်တွင် ဖန်ဆင်းရှင်သည် စကားပြောပြီး သူ့စိတ်ထဲတွင်ရှိသည့် သက်ရှိသတ္တဝါတစ်မျိုးချင်းစီသည် တစ်ခုပြီးတစ်ခု ပေါ်ထွက်လာသည် မသိမသာနှင့် ဖန်ဆင်းရှင်၏ အရာအားလုံးကိုပြုလုပ်ခြင်းအမှုသည် ၅ ရက် ဆက်လက်ဖြစ်ပေါ်ခဲ့ပြီး ယင်းနောက်တွင် ချက်ချင်းပင် အရာအားလုံးအပေါ် သူ၏ဖန်ဆင်းခြင်း ခြောက်ရက်မြောက်နေ့ကို ဖန်ဆင်းရှင်က ဆီးကြိုခဲ့သည်။ ယနေ့သည် နောက်ထပ် အသစ်စတင်ခြင်းနှင့် နောက်ထပ် ထူးခြားဆန်းကြယ်သည့် နေ့တစ်နေ့ဖြစ်သည်။ သို့ဆိုလျှင် ဤနေ့သစ်၏ အကြိုတွင် ဖန်ဆင်းရှင်၏ အစီအစဉ်က အဘယ်အရာဖြစ်ခဲ့သနည်း။ မည်သို့ သတ္တဝါအသစ်ကို သူထုတ်လုပ်မည်နည်း၊ ဖန်ဆင်းမည်နည်း။ နားထောင်လော့။ ဤသည်မှာ ဖန်ဆင်းရှင်၏အသံဖြစ်သည်။
“ တဖန်ဘုရားသခင်က၊ မြေသည် အသက်ရှင်သောသတ္တဝါမျိုးတည်းဟူသော သားယဉ်တို့ကို၎င်း၊ တွားတတ်သော တိရစ္ဆာန်တို့ကို၎င်း၊ သားရဲမျိုးတို့ကို၎င်း၊ မွေးဘွားစေဟုအမိန့်တော်ရှိသည်အတိုင်း ဖြစ်လေ၏။ ထိုသို့ ဘုရားသခင်သည် သားရဲမျိုး၊ သားယဉ်မျိုး၊ မြေပေါ်တွင် တွားတတ်သော တိရစ္ဆာန်မျိုး အပေါင်းတို့ကို ဖန်ဆင်း၍၊ ထိုအမှုအရာကောင်းသည်ကို မြင်တော်မူ၏။” (ကမ္ဘာဦးကျမ်း ၁:၂၄-၂၅) အဘယ်သက်ရှိသတ္တဝါများ ပါဝင်သနည်း။ ကျမ်းစာက ဤသို့ပြောသည်- သားယဉ်များ၊ တွားတတ်သော တိရစ္ဆာန်များနှင့် သားရဲမျိုးများ။ တစ်နည်းအားဖြင့်ဆိုသော် ဤနေ့တွင် ကမ္ဘာပေါ်၌ သက်ရှိသတ္တဝါမျိုးစုံ ရှိရုံတင်မကဘဲ ၎င်းတို့အားလုံးသည် မိမိတို့အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ခြင်းခံခဲ့ရပြီး ထိုနည်းတူစွာပင် ဘုရားသခင်က “ ထိုအမူအရာကောင်းသည်ကို မြင်တော်မူ၏။” ငါးရက်မြောက်နေ့တွင် မတူညီကွဲပြားသည့် သက်ရှိပုံစံများသည် ဖန်ဆင်းရှင်၏သြဇာအာဏာကို အမျိုးမျိုးသော နည်းလမ်းများနှင့် ပြသကြသည် ကျမ်းစာက ဤသို့ပြောသည်။ “ တဖန်ဘုရားသခင်က အသက်ရှင်၍ လှုပ်ရှားတတ်သော တိရစ္ဆာန်တို့ကို ရေသည်များပြားစွာ မွေးဘွားစေ။ ငှက်တို့လည်း မြေပေါ် မိုဃ်းကောင်းကင်မျက်နှာကြက်ပြင်ဝယ်ပျံစေဟု အမိန့်တော်ရှိ၏။ ထိုသို့လျှင်ရေသည် တိရစ္ဆာန်အမျိုးအလိုက် များပြားစွာ မွေးဘွား၍၊ ငါးကြီးအစရှိသော အသက်ရှင်၍ လှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကို၎င်း၊ ပျံတက်သော ငှက်မျိုးအပေါင်းတို့ကို၎င်း ဘုရားသခင်ဖန်ဆင်း၍၊ ထိုအမူအရာကောင်းသည်ကို မြင်တော်မူ၏။” (ကမ္ဘာဦးကျမ်း ၁:၂၀-၂၁) ကျမ်းစာက ရှင်းလင်းစွာ ပြောထားသည်၊ ဤနေ့ရက်တွင် ဘုရားသခင်သည် ရေထဲ၌ သတ္တဝါများ၊ လေပေါ်တွင် ငှက်များကို ဖန်ဆင်းခဲ့သည်။ တစ်နည်းအားဖြင့်ဆိုသော် သူသည် ငါးနှင့် ငှက်အမျိုးမျိုးကို ဖန်ဆင်းပြီး ၎င်းတို့ကို အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ခဲ့သည်။ ဤနည်းလမ်းနှင့် ကမ္ဘာ၊ မိုးကောင်းကင်နှင့် ရေတို့သည် ဘုရားသခင်၏ဖန်ဆင်းခြင်းတို့နှင့် ပြည့်စုံနေခဲ့သည်။
စတုတ္ထနေ့တွင် ဘုရားသခင်သည် သူ၏သြဇာအာဏာကို နောက်တစ်ကြိမ် အသုံးပြုသည့်အခါတွင် လူသားတို့၏ ရာသီများ၊ နေ့များ၊ နှစ်များ ပေါ်ပေါက်လာသည် ဖန်ဆင်းရှင်သည် သူ၏အစီအစဉ်တို့ကို ပြီးပြည့်စုံစေရန် သူ၏နှုတ်ကပတ်တော်တို့ကို အသုံးပြုခဲ့သည်။ ဤသို့ဖြင့် သူ့အစီအစဉ်၏ ပထမသုံးရက်ကို ဖြတ်သန်းခဲ့သည်။ ဤသုံးရက်အတွင်းတွင် ဘုရားသခင်သည် အလုပ်ရှုပ်သည့်ပုံ၊ မောပန်းသည့်ပုံမရှိဘဲ သူ့အစီအစဉ်၏ အံ့သြဖွယ်ပထမသုံးရက်ကို ဖြတ်သန်းခဲ့ပြီး ကမ္ဘာ၏ အခြေခံကျသော ပြောင်းလဲခြင်းဖြစ်သည့် ကြီးမားသည့် ဆောင်ရွက်မှုကြီးကို ပြီးမြောက်ခဲ့သည်။ အသစ်စက်စက် ကမ္ဘာသည် သူ့ရှေ့တွင် ပေါ်ထွက်လာခဲ့ပြီး သူ၏အတွေးထဲတွင် ပိတ်ဖုံးထားသည့် လှပသည့် ရုပ်ပုံကားချပ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်အတွင်းတွင် အစိတ်အပိုင်းတစ်ခုချင်းစီ ပေါ်ထွက်လာခဲ့သည်။ အရာဝတ္ထုအသစ်များ ပေါ်ထွက်လာသည့်ပုံစံမှာ မွေးကင်းစကလေးတစ်ဦး မွေးဖွားလာသကဲ့သို့ဖြစ်ပြီး ဖန်ဆင်းရှင်သည် တစ်ချိန်က သူ့အတွေးထဲတွင်သာရှိခဲ့ပြီး ယခု သက်ဝင်လှုပ်ရှားလာသည့် ပုံစံအပေါ်တွင် ကျေနပ်အားရလေသည်။ ဤအချိန်တွင် သူ့နှလုံးသားသည် ကျေနပ်မှု အနည်းငယ်ကို ရခဲ့သည်။ သို့ရာတွင် သူ၏အစီအစဉ်သည် အစပြုစသာရှိခဲ့သေးသည်။ မျက်စိတမှိတ်အတွင်းတွင် နေ့သစ်တစ်ခု ရောက်ရှိလာခဲ့သည်—ဖန်ဆင်းရှင်၏ အစီအစဉ်တွင် နောက်စာမျက်နှာက အဘယ်အရာဖြစ်သနည်း။ သူအဘယ်အရာကို ပြောခဲ့သနည်း။ သူ၏သြဇာအာဏာကို မည်သို့ အသုံးပြုခဲ့သနည်း။ တစ်ချိန်တည်းတွင်ပင် မည်သည့်အရာဝတ္ထုအသစ်များက ဤကမ္ဘာသစ်ဆီသို့ ရောက်ရှိလာခဲ့သနည်း။ ဖန်ဆင်းရှင်၏ လမ်းညွှန်မှုနောက်တွင် အရာအားလုံးအပေါ် ဘုရားသခင်၏ဖန်ဆင်းခြင်း လေးရက်မြောက်နေ့အပေါ်ကို အာရုံစူးစိုက်လာပါပြီ။ နောက်ထပ် အသစ်စတင်သည့် နေ့တစ်နေ့ဖြစ်သည်။ ဖန်ဆင်းရှင်အတွက်မူ နောက်ထပ် အံ့သြဖွယ်နေ့တစ်နေ့ဖြစ်ပြီး ယနေ့ လူသားမျိုးနွယ်အတွက် အလွန်အရေးကြီးသည့် နောက်ထပ်နေ့တစ်နေ့ပင်ဖြစ်သည်မှာ ယုံမှားဖွယ်ရာ မရှိပေ။ အဖိုးမဖြတ်နိုင်သည့် နေ့တစ်နေ့ပင် အမှန်ဖြစ်သည်။ ယင်းနေ့သည် မည်ကဲ့သို့ အံ့သြစရာကောင်းသနည်း။ မည်ကဲ့သို့ အလွန် အရေးကြီးသနည်း။ မည်ကဲ့သို့ တန်ဖိုးဖြတ်၍မရသနည်း။ ဖန်ဆင်းရှင် မိန့်ကြားသည့် နှုတ်ကပတ်တော်တို့ကို ဦးစွာကြားနာကြစို့။ ပထမနေ့တွင် လူသားမျိုးနွယ်၏ နေ့နှင့်ညသည် ပေါ်ပေါက်လာခဲ့ပြီး ဘုရားသခင်၏ အချုပ်အခြာအာဏာကြောင့် ခိုင်မာစွာ ရပ်တည်ပေ၏ ပထမကျမ်းပိုဒ်ကို ကြည့်ကြစို့။ “ ဘုရားသခင်ကလည်း အလင်းဖြစ်စေဟု အမိန့်တော်ရှိ၍ အလင်းဖြစ်လေ၏။ ထိုအလင်းကောင်းသည်ကို ဘုရားသခင်မြင်၍၊ အလင်းနှင့် မှောင်မိုက်ကို ပိုင်းခြားခွဲထားတော်မူ၏။ အလင်းကို နေ့ဟူသော အမည်ဖြင့်၎င်း၊ မှောင်မိုက်ကို ညဉ့်ဟူသော အမည်ဖြင့်၎င်း၊ ခေါ်ဝေါ်သမုတ်တော်မူ၍ ညဦးနှင့် နံနက်သည် ပဌမနေ့ရက် ဖြစ်လေ၏။” (ကမ္ဘာဦးကျမ်း ၁:၃-၅) ဤကျမ်းပိုဒ်သည် ဖန်ဆင်းခြင်းအစတွင် ဘုရားသခင်၏ ပထမဆုံး လုပ်ဆောင်ချက်နှင့် နံနက်နှင့် ညဦးပါဝင်သော ဘုရားသခင် ဖြတ်သန်းခဲ့သည့် ပထမနေ့ရက်ကို ဖော်ပြသည်။ သို့ရာတွင် ယင်းသည် ထူးခြားသည့်နေ့ တစ်နေ့ဖြစ်ခဲ့သည်။ ဘုရားသခင်သည် အရာအားလုံးအတွက် အလင်းကို စတင်ပြင်ဆင်ခဲ့သည့်အပြင် အလင်းကို အမှောင်မှ ခွဲခြားလိုက်သည်။ ဤနေ့ရက်တွင် ဘုရားသခင်သည် စတင် စကားပြောခဲ့ပြီး သူ၏ နှုတ်ကပတ်တော်နှင့် သြဇာအာဏာသည် ဘေးချင်းယှဉ်လျှက် တည်ရှိခဲ့သည်။ သူ၏ သြဇာအာဏာသည် အရာအားလုံးကြားတွင် စတင်ထင်ရှားလာပြီး သူ့နှုတ်ကပတ်တော်၏ အကျိုးရလဒ်အနေနှင့် သူ၏ တန်ခိုးသည် အရာအားလုံးကြားတွင် ပျံ့နှံ့သည်။ ထိုနေ့မှစပြီး အရာအားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်၊ ဘုရားသခင်၏ သြဇာအာဏာနှင့် ဘုရားသခင်၏ တန်ခိုးတို့ကြောင့် ဖြစ်ပေါ်လာပြီး ခိုင်မာစွာ ရပ်တည်ခဲ့ကြကာ သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်၊ ဘုရားသခင်၏ သြဇာအာဏာနှင့် ဘုရားသခင်၏ တန်ခိုးတို့ကြောင့် စတင် လှုပ်ရှားလာကြသည်။ “ အလင်းဖြစ်စေ” ဆိုသည့် နှုတ်ကပတ်တော်ကို ဘုရားသခင်မိန့်လိုက်သည့်အခါတွင် အလင်းဖြစ်ခဲ့သည်။ ဘုရားသခင်က မည်သည့်အစီအစဉ်ကိုမျှ စတင်ခြင်း မရှိခဲ့ပေ။ အလင်းသည် သူ့နှုတ်ကပတ်တော်၏ ရလဒ်အနေနှင့် ပေါ်ထွက်လာခဲ့သည်။ ဤသည်မှာ ဘုရားသခင်က နေ့ဟုခေါ်ခဲ့သည့် အလင်းဖြစ်ပြီး လူသားသည် ယနေ့အထိ သူ၏ တည်ရှိမှုအတွက် ယင်းအပေါ် မှီခိုဆဲဖြစ်သည်။ ဘုရားသခင်၏ အမိန့်တော်အားဖြင့် ထိုအလင်း၏ အနှစ်သာရနှင့် တန်ဖိုးက မည်သည့်အခါမျှ ပြောင်းလဲမသွားဘဲ မည်သည့်အခါမျှ ပျောက်ကွယ်မသွားပေ။ ထိုအလင်း၏ တည်ရှိမှုသည် ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုးကို ထင်ရှားစေခဲ့ပြီး ဖန်ဆင်းရှင်၏ တည်ရှိမှုကို ကြေညာသည်။ ထိုအလင်းသည် ဖန်ဆင်းရှင်၏ အဆင့်အတန်းနှင့် ဝိသေသလက္ခဏာတို့ကို အကြိမ်ကြိမ် အတည်ပြုသည်။ ထိုအရာသည် မသိမြင်နိုင်သည့်အရာ သို့မဟုတ် ထင်ယောင်ထင်မှားမှု မဟုတ်ပါဘဲ လူသားက မြင်တွေ့နိုင်သည့် စစ်မှန်သည့် အလင်းဖြစ်သည်။ ထိုအချိန်မှစ၍ “ မြေကြီးသည် အဆင်းသဏ္ဌာန်မရှိ၊ လွတ်လပ်လဟာဖြစ်၏။ နက်နဲရာအရပ်ကို မှောင်မိုက်ဖုံးလွှမ်း၏” ဆိုသည့် ဘာမျှမရှိသည့် ကမ္ဘာကြီးတွင် ပထမဆုံး ရုပ်ဝတ္ထုတစ်ခု ဖြစ်ပေါ်ခဲ့သည်။ ထိုအရာသည် ဘုရားသခင်၏နှုတ်မှ နှုတ်ကပတ်တော်များမှ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး ဘုရားသခင်၏ သြဇာအာဏာနှင့် မိန့်မြွက်ချက်များကြောင့် အရာအားလုံးကို ဖန်ဆင်းခြင်း၏ ပထမလုပ်ဆောင်ချက်တွင် ဖြစ်ပေါ်ခဲ့သည်။ ဤအရာပြီးနောက် မရှေးမနှောင်းတွင် ဘုရားသခင်သည် အလင်းနှင့် အမှောင်ကို ခွဲခြားရန် အမိန့်ပေးခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကြောင့် အရာအားလုံးသည် ပြောင်းလဲခဲ့ပြီး ပြည့်စုံခဲ့သည်။ ဘုရားသခင်က ဤအလင်းကို “ နေ့” ဟုခေါ်ပြီး အမှောင်ကို “ ည” ဟုခေါ်ခဲ့သည်။ ထိုအချိန်မှစပြီး ဘုရားသခင်ဖန်ဆင်းရန် ရည်ရွယ်ခဲ့သည့် ကမ္ဘာတွင် ပထမဆုံးညဦးနှင့် ပထမဆုံးနံနက်သည် ဖြစ်ပေါ်ခဲ့ပြီး ဤသည်မှာ ပထမနေ့ဖြစ်သည်ဟု ဘုရားသခင်က မိန့်ခဲ့သည်။ ဤနေ့သည် ဖန်ဆင်းရှင်၏ အရာအားလုံးကို ဖန်ဆင်းခြင်း ပထမနေ့ဖြစ်ပြီး အရာအားလုံးကို ဖန်ဆင်းခြင်း၏ အစဖြစ်ခဲ့သည်။ သူဖန်ဆင်းခဲ့သည့် ဤကမ္ဘာတွင် ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့် တန်ခိုးကို ထင်ရှားပြသခဲ့သည့် ပထမအကြိမ် ဖြစ်ခဲ့သည်။
|
Click & Join usဘုရားနှုတ်ကပတ်တော်
All
|