ဒုက္ခဝေဒနာများထဲတွင် ဘုရားသခင်ကို မျှော်ကြည့်ရန် သင့်ကို ကူညီဖို့ ဆင်းရဲဒုက္ခများနှင့် ပတ်သက်သည့် ကျမ်းချက်များ ကျွန်ုပ်တို့ အသက်တာများတွင်၊ မကြာခဏ ဒုက္ခဝေဒနာနှင့် အခက်အခဲများကို ကြုံကြရသည်။ ထို့ကြောင့် ဤအရာများက ကျွန်ုပ်တို့ ခရစ်ယာန်များအပေါ် ကျရောက်ရန် အဘယ်ကြောင့် ဘုရားသခင်က ခွင့်ပြုပါသနည်း။ ဒုက္ခဝေဒနာကို ကျွန်ုပ်တို့ မည်သို့ တွေ့ကြုံသင့်ပါသနည်း။ အောက်ပါ ဆင်းရဲဒုက္ခနှင့် ပတ်သက်သည့် ကျမ်းချက်များနှင့် ဆက်စပ်အကြောင်းအရာတို့က အခက်အခဲထဲတွင် သင်၏ ယုံကြည်ခြင်းကို ခွန်အားပေးလိမ့်မည်ဖြစ်ပြီး ခက်ခဲသော အချိန်များကို ဖြတ်သန်းဖို့ရန် ဘုရားသခင်အပေါ် မှီခိုဖို့ သင်ယူရန် သင့်ကို ကူညီပါလိမ့်မည်။ ရောမဩဝါဒစာ ၈:၂၈ ဘုရားသခင်ကို ချစ်သောသူတည်းဟူသော ကြံစည်တော်မူခြင်းအတိုင်း ခေါ်တော်မူသောသူတို့၏ အကျိုးကို ခပ်သိမ်းသောအရာတို့သည် တညီတညွတ်တည်း ပြုစုကြသည်ကို ငါတို့သိကြ၏။ ဆာလံကျမ်း ၄၆:၁ ဘုရားသခင်သည် ငါတို့ခိုလှုံရာဖြစ်၍၊ ခွန်အား ကို ပေးတော်မူ၏။ ဘေးရောက်သည်ကာလ အထူးသဖြင့် ကူမတော်မူကြောင်း ထင်ရှားလျက်ရှိ၏။” ဆာလံကျမ်း ၃၄:၁၇ ဖြောင့်မတ်သောသူတို့သည် အော်ဟစ်သောအခါ၊ ထာဝရဘုရားသည် နားထောင်၍၊ သူတို့ကို ခပ်သိမ်းသော ဆင်းရဲထဲက ကယ်လွှတ်တော်မူ၏။ ရှင်ယောဟန်ခရစ်ဝင် ၁၆:၃၃ သင်တို့သည် ငါ့ကိုအမှီပြု၍ ငြိမ်သက်ခြင်းရှိစေခြင်းငှါ ဤစကားကိုငါဟောပြောပြီ။ သင်တို့သည် လောက၌ ဆင်းရဲဒုက္ခကိုခံကြရလိမ့်မည်။ သို့သော်လည်းမစိုးရိမ်ကြနှင့်။ ငါသည်လောကကိုအောင်ပြီဟု မိန့် တော်မူ၏။ ရှင်ပေတရု ဩဝါဒစာ ပဌမစောင် ၅:၁၀ ခရစ်တော်ယေရှုအားဖြင့် ငါတို့ကို ထာဝရဘုန်းအသရေတော်သို့ခေါ်တော်မူသော၊ ခပ်သိမ်းသော ကျေးဇူးကိုပြုတော်မူသော ဘုရားသခင်သည် ခဏဆင်းရဲခံပြီးသော သင်တို့ကိုစုံလင်တည်ကြည်ခိုင်ခံ့မြဲမြံ စေ တော်မူလိမ့်မည်။ ကောရိန်သု ဩဝါသစာ ဒုတိယစောင် ၄:၁၆၊ ၁၈ ထိုကြောင့်ငါတို့သည် အားလျော့စိတ်ပျက်ခြင်းနှင့် ကင်းလွတ်ကြ၏။ ငါတို့၏ပြင်လူသည် ဖောက်ပြန် ပျက်စီးခြင်းသို့ရောက်သော်လည်း၊ အတွင်းလူမူကား တနေ့ထက်တနေ့ ပြုပြင်ခြင်းကိုခံရ၏။…ယခုခဏ ခံရ၍ပေါ့ပါးသော ဆင်းရဲ ခြင်းဒုက္ခသည် အတိုးထက် အလွန်ကြီးမြတ် လေးလံသော နိစ္စထာဝရဘုန်းအသရေကို ငါတို့အဖို့ ဖြစ်စေတတ်၏။ ကောရိန်သု ဩဝါသစာ ဒုတိယစောင်း ၁:၄-၅ ငါတို့သည် ဘုရားသခင်၏ ကျေးဇူးတော် အားဖြင့် ကိုယ်တိုင် သက်သာခြင်းရှိသကဲ့သို့၊ ဆင်းရဲခြင်း အမျိုးမျိုးကို ခံရသောသူတို့ အားသက်သာ စေနိုင်မည်အကြောင်း၊ ဆင်းရဲခြင်းအမျိုးမျိုးတို့၌ ဘုရား သခင်သည် ငါတို့အားသက်သာစေတော်မူ၏။ အဘယ်သို့နည်းဟူမူကား၊ ခရစ်တော်ကြောင့် ငါတို့ခံရသော ဆင်းရဲခြင်းသည် အလွန်များပြားသည် နည်းတူ၊ ခရစ်တော်၏ကျေးဇူး အားဖြင့် ငါတို့ခံရသော သက်သာခြင်းသည် အလွန်များပြား၏။ ရှင်မဿဲခရစ်ဝင် ၅:၁၀-၁၁ ဖြောင့်မတ်ခြင်းတရားကြောင့် နှောင့်ယှက်ညှဉ်းဆဲခြင်းကို ခံရသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏ နိုင်ငံဖြစ်၏။ ငါ့ကြောင့် သင်တို့ကို ကဲ့ရဲ့ညှဉ်းဆဲ၍ မမှန်ဘဲလျက် အပြစ်တကာ တင်ကြသောအခါ၊ သင်တို့သည် မင်္ဂလာရှိကြ၏။” ဆာလံကျမ်း ၃၄:၆-၇ ဤဆင်းရဲသောသူ၏ အော်ဟစ်ခြင်းအသံကို ထာဝရဘုရားသည် နားထောင်၍၊ ခပ်သိမ်းသောဆင်းရဲ ထဲက ကယ်လွှတ်တော်မူ၏။ ထာဝရဘုရားကို ကြောက်ရွံ့သော သူတို့ ပတ်လည်၌ ကောင်းကင်တမန်တော်တို့သည် တပ်ချ၍ ကယ် လွှတ်တတ်ကြ၏။ ဆာလံကျမ်း ၃၇:၃၉-၄၀ ဖြောင့်မတ်သောသူတို့၏ ကယ်တင်ခြင်းအမှုကို ထာဝရဘုရားစီရင်တော်မူ၏။ ဘေးရောက်သည်ကာလ၌ သူတို့ခိုလှုံရာဖြစ်တော်မူ၏။ ထာဝရဘုရားသည် သူတို့ကို မစကယ်တင်တော် မူမည်။ ယုံကြည်ခိုလှုံသောကြောင့်၊ မတရားသောသူတို့ လက်မှ နှုတ်ယူကယ်တင်တော်မူမည်။ နာဟုံ အနာဂတ္တိကျမ်း ၁:၇ ထာဝရဘုရားသည် ကောင်းတော်မူ၏။ အမှု ရောက်သောအခါ ရဲတိုက်ဖြစ်တော်မူ၏။ ခိုလှုံသောသူတို့ ကို သိမှတ်တော်မူ၏။
0 Comments
Leave a Reply. |
Click & Join usမော်ကွန်းတိုက်
November 2019
တံဆိပ်များ
All
|