ရှင်ယောဟန်ခရစ်ဝင် ၁၄:၁ သင်တို့ စိတ်နှလုံးပူပန်ခြင်းမရှိစေနှင့်။ ဘုရားသခင်ကို ယုံကြည်ကြလော့။ ငါ့ကိုလည်း ယုံကြည်ကြလော့။ ဆာလံကျမ်း ၃၄:၁၈ ယေဟောဝါသည် စိတ်နှလုံး ကြေကွဲသောသူတို့ကို နီးတော်မူပြီး၊ နောင်တရသောစိတ်သဘောရှိသူတို့ကို ကယ်တင်တော်မူ၏။ သုတ္တံကျမ်း ၁၀:၂၂
ယေဟောဝါ၏ ကောင်းချီးမင်္ဂလာသည် ချမ်းသာကြွယ်ဝစေပြီး ယင်းနှင့်အတူ ဝမ်းနည်းခြင်းကို သူဖြည့်စွက်တော်မမူပေ။ သုတ္တံကျမ်း ၁၂:၂၅ ဝမ်းနည်းခြင်းအကြောင်းသည် ညှိုးငယ်စေ တတ်၏။ ကောင်းသောစကားမူကား၊ ရွှင်လန်းစေတတ် ၏။ ရှင်ပေတရုဩဝါဒစာပဌမစောင် ၅:၇ သင်တို့ကိုသတိနှင့် ကြည့်ရှုတော်မူသောကြောင့်၊ သင်တို့၌ စိုးရိမ်ခြင်းအမှုရှိသမျှတို့ကို ကိုယ်တော်၌ အပ်နှံကြလော့။ ဒေသနာကျမ်း ၂:၂၃ သူ၏နေ့ရက်အပေါင်းတို့သည် ဝမ်းနည်းခြင်း၊ သူ၏အလုပ်အကိုင်လည်း ငြိုငြင်ခြင်းဖြစ်၏။ ညဉ့်အခါ၌ ပင် သူ၏စိတ်နှလုံး မငြိမ်ရ။ ထိုအမှုအရာသည်လည်း အနတ္တဖြစ်၏။ ရှင်မဿဲခရစ်ဝင် ၆:၃၄ ထို့ကြောင့် နက်ဖြန်အဘို့ မစိုးရိမ်ကြနှင့်။ နက်ဖြန်နေ့သည် မိမိအဘို့စိုးရိမ်လိမ့်မည်။ ယခုနေ့၌ရှိသော မကောင်းမသင့်သောအရာသည် ယခုနေ့ဘို့ လောက်ပေ၏။ ရှင်ယောဟန်ခရစ်ဝင် ၁၆:၂၂ ယခုတွင် သင်တို့သည် ဝမ်းနည်းခြင်းရှိကြသော်လည်း၊ နောက်တဖန်သင်တို့ကို ငါတွေ့မြင် သဖြင့် သင်တို့သည်စိတ်နှလုံးဝမ်းမြောက်ခြင်း ရှိကြလိမ့်မည်။ ထိုဝမ်းမြောက်ခြင်းကို အဘယ်သူမျှ လုယူ ဖျက်ဆီးခြင်းငှါ မတတ်နိုင်။ ရှင်ယောဟန်ခရစ်ဝင် ၁၄:၂၇ ငြိမ်သက်ခြင်းကို သင်တို့၌ငါထားခဲ့၏။ ငါ၏ငြိမ်သက်ခြင်းကို သင်တို့အား ငါပေး၏။ လောကီသားတို့ ပေးသကဲ့သို့ ငါပေးသည်မဟုတ်။ သင်တို့ စိတ်နှလုံးပူပန်ခြင်း၊ စိုးရိမ်တုန်လှုပ်ခြင်းမရှိစေနှင့်။ ရှင်မဿဲခရစ်ဝင် ၆:၂၅ ထိုကြောင့် ငါဆိုသည်ကား၊ အဘယ်သို့ စားသောက်ရမည်ဟု အသက်အဘို့မစိုးရိမ်ကြနှင့်။ အဘယ်သို့ ဝတ်ရမည်ဟု ကိုယ်အဘို့မစိုးရိမ်ကြနှင့်။ အစာထက် အသက်မြတ်သည်မဟုတ်လော။ အဝတ်ထက် ကိုယ်မြတ် သည်မဟုတ်လော။
0 Comments
Leave a Reply. |
Click & Join usမော်ကွန်းတိုက်
November 2019
တံဆိပ်များ
All
|