အခက်အခဲထဲတွင် သင့်ကို မျှော်လင့်ချက်ပေးဖို့ ခွန်အားယူစရာ သမ္မာကျမ်းချက်များ ကျွန်ုပ်တို့ အသက်တာများတွင် ဆုတ်ဆိုင်းမှုများနှင့် ကျရှုံးမှု၊ ညှင်းပန်းနှိပ်စက်မှုများနှင့် ဆင်းရဲဒုက္ခများကို ကြုံရချိန်တွင်၊ မကြာခဏ ကျွန်ုပ်တို့ စိတ်သောကရောက်ပြီး အကူအညီမဲ့ကြကာ၊ သခင့်၌ ယုံကြည်ခြင်းကို ကျွန်ုပ်တို့ ဆုံးရှုံးကြရသည်အထိ အပျက်သဘောဆောင်ပြီး အားနည်းကြလေသည်။ ဤခွန်အားယူစရာ သမ္မာကျမ်းချက်များကို ဖတ်ရှုပါ။ ပြီးလျှင် ဘုရားသခင်၏ အလိုတော်ကို သင် နားလည်ပြီး ဆင်းရဲဒုက္ခကို စွန့်ပယ်ဖို့ လမ်းကြောင်းတစ်ခု တွေ့ရှိပါလိမ့်မည်။ သုတ္တံကျမ်း ၃:၅-၆ ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ကိုးစားလော့။ ကိုယ်ဥာဏ်ကို အမှီမပြုနှင့်။ သွားလေရာရာ၌ ထာဝရဘုရားကို မျက်မှောက် ပြုလော့။ သို့ပြုလျှင်၊ သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော် မူမည်။ ဆာလံကျမ်း ၃၄:၁၆-၁၇ ဒုစရိုက်ကိုပြုသောသူတို့ကား၊ မြေကြီးပေါ်မှာ အောက်မေ့စရာ အမှတ်မျှမရှိစေခြင်းငှါ ပယ်ရှင်းမည် အကြောင်း၊ ထာဝရဘုရားသည် မျက်နှာထားတော်မူ၏။ ဖြောင့်မတ်သောသူတို့သည် အော်ဟစ်သောအခါ၊ ထာဝရဘုရားသည် နားထောင်၍၊ သူတို့ကို ခပ်သိမ်းသော ဆင်းရဲထဲက ကယ်လွှတ်တော်မူ၏။ ရှင်ယောဟန်ခရစ်ဝင် ၁၆:၃၃ သင်တို့သည် ငါ့ကိုအမှီပြု၍ ငြိမ်သက်ခြင်းရှိစေခြင်းငှါ ဤစကားကိုငါဟောပြောပြီ။ သင်တို့သည် လောက၌ ဆင်းရဲဒုက္ခကိုခံကြရလိမ့်မည်။ သို့သော်လည်းမစိုးရိမ်ကြနှင့်။ ငါသည်လောကကိုအောင်ပြီဟု မိန့် တော်မူ၏။ ရှင်ယောဟန်ခရစ်ဝင် ၁၄:၂၇ ငြိမ်သက်ခြင်းကို သင်တို့၌ငါထားခဲ့၏။ ငါ၏ငြိမ်သက်ခြင်းကို သင်တို့အား ငါပေး၏။ လောကီသားတို့ ပေးသကဲ့သို့ ငါပေးသည်မဟုတ်။ သင်တို့ စိတ်နှလုံးပူပန်ခြင်း၊ စိုးရိမ်တုန်လှုပ်ခြင်းမရှိစေနှင့်။ ဇာခရိအနာဂတ္တိကျမ်း ၄:၆ အင်အား အားဖြင့်မဟုတ်၊ တန်ခိုးအာဏာအားဖြင့်မဟုတ်၊ သို့သော် ငါ၏ ဝိညာဉ်အားဖြင့် ဖြစ်လိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေရှင် ယေဟောဝါ မိန့်တော်မူ၏။ တရားဟောရာကျမ်း ၃၁:၆ အားယူ၍ ရဲရင့်ခြင်း ရှိကြလော့။ မစိုးရိမ်ကြနှင့်။ သူတို့ကို မကြောက်ကြနှင့်။ ထာဝရဘုရားသည် သင်တို့ ဘုရားသခင်ဖြစ်၍ သင်တို့နှင့်အတူ ကိုယ်တိုင်ကြွတော်မူ မည်။ သင်တို့ကို စွန့်တော်မမူ၊ ပစ်ထားတော်မမူဟု ဟော ပြော၏။ ဆာလံကျမ်း ၉:၉-၁၀ ထာဝရဘုရားသည် ညှဉ်းဆဲခြင်းကိုခံရသော သူတို့၏ခိုလှုံရာ၊ ဘေးအန္တရာယ်ရောက်သည် ကာလ ခိုလှုံရာဖြစ်တော်မူ၏။ နာမတော်ကို သိသောသူတို့သည် ကိုယ်တော်ကို ယုံကြည်ကြပါလိမ့်မည်။ အကြောင်းမူကား၊ အိုထာဝရ ဘုရား၊ ကိုယ်တော်ကိုရှာသော သူတို့ကိုစွန့်ပစ်တော်မမူ တတ်ပါ။ ဆာလံကျမ်း ၂၃:၄-၅ အကယ်၍ သေမင်း၏အရိပ်လွှမ်းမိုးသော ချိုင့် ထဲသို့ ရောက်သွားရသော်လည်း ဘေးအန္တရာယ်ကို မကြောက်ပါ။ အကြောင်းမူကား၊ ကိုယ်တော်သည် အကျွန်ုပ်နှင့်အတူ ရှိတော်မူသည်ဖြစ်၍၊ လှံတံတော်နှင့် တောင်ဝေးတော်သည် အကျွန်ုပ်ကို ချမ်းသာစေပါ၏။ အကျွန်ုပ်၏ ရန်သူတို့ရှေ့မှာ အကျွန်ုပ်အဘို့ စားပွဲကိုခင်းတော်မူ၏။ အကျွန်ုပ်ခေါင်းကိုဆီနှင့် လိမ်း တော်မူ၏။ အကျွန်ုပ်ခွက်ဖလားသည် လျှံလျက်ရှိပါ၏။ သမ္မာတရား ကိုးကားချက်- ဘုရားသခင်က ပြောသည်- “အပြုသဘောဆောင်သည့်ဘက်မှ သင်သည် ဝင်ရောက်ရမည်။ မလှုပ်မယှက် စောင့်စားနေခဲ့လျှင်၊ ထိုအရာသည် အပျက်သဘောဆောင်နေဆဲသာ ဖြစ်နေပေမည်။ သင်သည် ငါနှင့်အတူ ပူးပေါင်းဆောင်ရွက်ရာ၌ တင်ကြိုတက်ကြွနေရမည် ဖြစ်ပြီး၊ ကြိုးစားအားထုတ်လျက်၊ ဘယ်သောအခါမျှ ပျင်းရိခြင်း မရှိရ။ ငါနှင့်အစဉ်မပြတ် မိတ်သဟာရဖွဲ့ခြင်းနှင့်၊ ပို၍ နက်ရှိုင်းသော ရင်းနှီးကျွမ်းဝင်ခြင်း ရှိရမည်။ အကယ်၍ သင်နားမလည်ပါက၊ ရလဒ်များ အလျင်အမြန် ရရန်အတွက် သည်းမခံနိုင်ခြင်း မဖြစ်ရ။ ငါသည် သင့်အား ထိုအရာကို မပြောပြဘဲ နေခြင်းမျိုး မဟုတ်ဘဲ၊ သင်သည် ငါ့မျက်မှောက်တွင် ငါ့အား အမှီပြုခြင်း ရှိမရှိနှင့်၊ ငါ့အပေါ်တွင် ယုံကြည်စိတ်ချခြင်းဖြင့် မှီခိုအားထားမှု ရှိမရှိကို မြင်တွေ့လိုခြင်းသာဖြစ်သည်။ သင်တို့သည် အစဉ်အမြဲ ငါနှင့် နီးကပ်စွာ တည်နေပြီး၊ အကြောင်းအရာ အလုံးစုံတို့ကို ငါ့လက်ထဲတွင် ထားရှိရမည်။ အချည်းနှီး ပြန်လှည့် မသွားနှင့်။ အချိန် အတိုင်းအတာ တစ်ခုအထိ အမှတ်တမဲ့ ငါနှင့် နီးကပ်စွာ ရှိနေပြီးလျှင်၊ သင့်အား ငါ၏ ရည်ရွယ်ချက်များကို ထုတ်ဖော်ပြသမည်။ သင်သည် ထိုအရာများကို သဘောပေါက်နားလည်လျှင်၊ ငါနှင့် မျက်နှာချင်းဆိုင် အမှန်တကယ် တွေ့ဆုံပြီး၊ သင်သည် ငါ၏ မျက်နှာကို အမှန်တကယ်ပင် ရှာဖွေတွေ့ရှိပြီး ဖြစ်လိမ့်မည်။ သင်သည် စိတ်နှလုံးအတွင်း၌ အလွန်တရာ ရှင်းလင်းလျက်၊ တည်ငြိမ်လိမ့်မည် ဖြစ်ပြီး၊ သင်၌ မှီခိုအားထားစရာ တစ်စုံတစ်ရာ ရှိလိမ့်မည် ဖြစ်ကာ၊ သင်၌ တန်ခိုးနှင့် ယုံကြည်မှုတို့လည်း ရှိလိမ့်မည်။ သင်သည် ရှေ့ဆက်ရမည့် လမ်းကြောင်း ရှိလာလိမ့်မည်ဖြစ်ပြီး၊ အရာအားလုံးသည် သင့်အတွက် လွယ်ကူလာပေလိမ့်မည်။” ရှင်ယာကုပ် သြဝါဒစာ ၁:၂-၄ ငါ့ညီအစ်ကိုတို့၊ သင်တို့၏ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းအရာသည် သည်းခံခြင်းကို ပွားစေ တတ်သည်ဟုသိမှတ်လျက်၊ အထူးထူးအပြားပြားစုံစမ်းနှောင့်ယှက်ခြင်းနှင့် တွေ့ကြုံသောအခါ၊ ဝမ်းမြောက်စရာ အကြောင်းသက်သက်ဖြစ်သည်ဟု မှတ်ကြလော့။ သင်တို့သည်အလျှင်းမချို့တဲ့ဘဲ စေ့စပ်စုံလင်မည်အကြောင်း၊ သည်းခံခြင်းစိတ်သည် အကုန်အစင်ပြု ပြင်ပါစေ။ ရှင်ယာကုပ် သြဝါဒစာ ၁:၁၂ စုံစမ်းနှောင့်ယှက်ခြင်းကို သည်းခံသောသူသည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ စစ်ကြောစုံစမ်းခြင်းကို ခံပြီးမှ သခင်ဘုရားကို ချစ်သော သူတို့အား ကတိထားတော်မူသောအသက်သရဖူကို ရလိမ့်မည်။ ရှင်မဿဲခရစ်ဝင် ၅:၁၀-၁၁ ဖြောင့်မတ်ခြင်းတရားကြောင့် နှောင့်ယှက်ညှဉ်းဆဲခြင်းကို ခံရသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏ နိုင်ငံဖြစ်၏။ ငါ့ကြောင့် သင်တို့ကို ကဲ့ရဲ့ညှဉ်းဆဲ၍ မမှန်ဘဲလျက် အပြစ်တကာ တင်ကြသောအခါ၊ သင်တို့သည် မင်္ဂလာရှိကြ၏။ ကောရိန္သု ဩဝါသစာ ဒုတိယစောင် ၄:၁၇ ယခုခဏ ခံရ၍ပေါ့ပါးသော ဆင်းရဲ ခြင်းဒုက္ခသည် အတိုးထက် အလွန်ကြီးမြတ် လေးလံသော နိစ္စထာဝရဘုန်းအသရေကို ငါတို့အဖို့ ဖြစ်စေတတ်၏။ ရှင်ပေတရု ဩဝါဒစာ ပဌမစောင် ၁:၆-၇ အရည်ကျို၍စုံစမ်းခြင်းကိုခံနိုင်သော်လည်း၊ ပျက်စီးတတ်သော ရွှေကိုစစ်ကြောစုံစမ်းခြင်းထက်၊ သင်တို့ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းအရာသည်သာ၍ မြတ်သည်နှင့်၊ ယေရှုခရစ်ပေါ်ထွန်းတော် မူသောအခါ အချီးအမွမ်း၊ ဂုဏ်သရေ၊ ဘုန်းအာနုဘော် အလိုငှါဖြစ်မည်အကြောင်း၊ အထူးထူးအပြားပြားသော စုံစမ်းနှောင့်ရှက်ခြင်းကို ခံရသောအကြောင်းရှိလျှင်၊ သင်တို့သည် ယခုခဏခံရ၍ ဝမ်းနည်းသော်လည်း၊ အထက်ဆိုခဲ့ပြီးသော ကျေးဇူးတော်ကိုထောက်၍ ရွှင်လန်းသောစိတ်ရှိကြ၏။ ရှင်ပေတရု ဩဝါဒစာ ပဌမစောင် ၅:၁၀ ခရစ်တော်ယေရှုအားဖြင့် ငါတို့ကို ထာဝရဘုန်းအသရေတော်သို့ခေါ်တော်မူသော၊ ခပ်သိမ်းသော ကျေးဇူးကိုပြုတော်မူသော ဘုရားသခင်သည် ခဏဆင်းရဲခံပြီးသော သင်တို့ကိုစုံလင်တည်ကြည်ခိုင်ခံ့မြဲမြံ စေ တော်မူလိမ့်မည်။ သမ္မာတရား ကိုးကားချက်- ဘုရားသခင်က ပြောသည်- “စိတ်မပျက်နှင့်၊ ခွန်အားမနည်းနှင့်၊ ငါသည် သင့်ကို ထုတ်ဖော်ပြသမည်။ နိုင်ငံတော်သို့ သွားသောလမ်းသည် ထိုမျှလောက် ချောမွေ့ခြင်းမရှိ၊ မည်သည့်အရာမျှ ထိုမျှလောက် မရိုးရှင်းပေ။ ကောင်းချီးများကို သင်သည် အလွယ်တကူ လိုချင်သည်၊ ဟုတ်သည်မဟုတ်လော။ ယနေ့တွင် လူတိုင်းသည် ခါးသီးသော စမ်းသပ်ခြင်းများကို ကြုံတွေ့ရလိမ့်မည်၊ ထိုကဲ့သို့မဟုတ်လျှင် သင်တို့၏ ငါ့ကို ချစ်သော နှလုံးသားသည် ကြီးထွားသန်မာလာလိမ့်မည် မဟုတ်ဘဲ၊ သင်သည်လည်း ငါ့အတွက် စစ်မှန်သော ချစ်ခြင်းမေတ္တာ ရှိလိမ့်မည်မဟုတ်။ ဤအရာသည် အရေးမပါသော အခြေအနေများသာ ဖြစ်လျှင်ပင်၊ လူတိုင်း ၎င်းတို့ကို ကျော်ဖြတ်ရမည်၊ ၎င်းတို့မှာ အတိုင်းအတာတစ်ခုထိသာ ကွာခြားခြင်း ဖြစ်သည်။ အခြေအနေသည် ငါ၏ ကောင်းချီးများထဲမှ တစ်ခုဖြစ်ပြီး၊ အဘယ်မျှလောက်သော လူတို့သည် မကြာခဏ ငါ့ရှေ့၌ ဒူးထောက်ကာ၊ ငါ၏ ကောင်းချီးကို တောင်းခံသနည်း။ မိုက်မဲသော ကလေးတို့။ အနည်းငယ်သော ကံကောင်းသည့် စကားလုံးတို့ကို ငါ၏ကောင်းချီးဖြစ်သည်ဟု သင်တို့သည် အမြဲတမ်း ယူဆကြသည်၊ သို့သော် ခါးသီးမှုသည်လည်း ငါ၏ ကောင်းချီးများထဲမှ တစ်ခုဖြစ်ကြောင်း မယူဆကြပေ။ ငါ၏ ခါးသီးခြင်းများထဲ၌ ဝေငှသော သူတို့သည် ငါ၏ ချိုမြိန်ခြင်းကို ဧကန်အမှန် ဝေမျှရလိမ့်မည်။ ဤအရာသည် သင်တို့အတွက် ငါ၏ ကတိနှင့် ငါ၏ ကောင်းချီးဖြစ်သည်။” မိတ်ဆွေက ဆောင်းပါတွေကို နှစ်သက်တာ ဖြစ်နိုင်ပါတယ်
သမ္မာကျမ်းစာအတွင်းရှိ နှုတ်ကပတ်တော်အားလုံးသည် ဘုရားသခင်အားဖြင့် ပေါ်ပေါက်လာခြင်းဖြစ်ပါသလား
0 Comments
Leave a Reply. |
Click & Join usမော်ကွန်းတိုက်
November 2019
တံဆိပ်များ
All
|